Local News



C8 News

ရန်ကုန်၊သြဂုတ်(၂၅)





အိပ်နေတဲ့ ရာအိမ်မှူး ဦးတုတ်ကလေး ေ-သန-တ်ပ-စ်ခံရလို့ ေ-သဆုံး

C8 News

ရန်ကုန်၊သြဂုတ်(၂၅)

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ်၊ ဆင်ဖြူကုန်းကျေးရွာ မှာနေခင်းဘက် အိပ်ပျော်နေတဲ့ ရာအိမ်မှူး ဦးတုတ်ကလေး ကိုအမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေ နေအိမ်မှာလာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ပွဲချင်းပြီးသေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” နေ့ခင်းဆိုသူကအိပ်နေကြ၊ လူတစ်အုပ်ကြီးရောက်လာပြီအိမ်ပေါ်မှာဘဲ ပစ်သွားတာ၊ ပွဲချင်းပြီးသေတယ်၊ အာဏာသိမ်းပြီးမှာ ရာအိမ်မှူးလုပ်တာ၊ ရာအိမ်မှူးဆိုပြီး စောက်ဆရာကြီးလုပ်နေတဲ့လူ၊ ဟိုကအေးဆေးလေးလာပြီပစ်သွားတာ” လို့အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရာအိမ်မှူး ဦးတုတ်ကလေး ဟာစစ်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်လာသူဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ကနေ နှုတ်ထွက်ဖို့သတိပေးခံထားရသူတစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကသြဂုတ်လ(၂၄)ရက်နေမှာဘဲ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာက စစ်အုပ်စုနဲ့ဆက်နွယ်တဲ့ ဦးနိုင် ဆိုတဲ့အမျိုးသားကို လွန်တောင်းကျေးရွာနဲ့ တောင်ပြုံးကျေးရွာ ကြားမှာ အမည်မသိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်နေချိန်မှာဘဲ သေဆုံးခဲ့ပါသေးတယ်။