အေနာက္ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ၁ ဦး အရပ္ဝတ္ျဖင့္ ဖမ္းဆီးရမိစဥ္ ထြက္ေျပး၍ ပစ္ခတ္ရာမွ ေသဆုံး
ရန္ကုန္၊ ဩဂုတ္ ၂၅
မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ အေနာက္ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တပ္ ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ၁ ဦးသည္ အရပ္ဝတ္ျဖင့္ ဝင္ေရာက္လာ၍ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေမးျမန္းစဥ္ တိုက္ခိုက္ၿပီး ထြက္ေျပးသျဖင့္ ပစ္ခတ္ဖမ္းဆီးရာမွ ေသဆုံးသြားေၾကာင္း ၿမိဳင္ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ထံမွ သိရွိရသည္။
“ဆိုင္ကယ္နဲ႔ဝင္လာတာ။ ခုခံတိုက္ခိုက္လို႔ ပစ္ခတ္တာ ေသဆုံးသြားပါတယ္” ဟု ၿမိဳင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ရန္ကုန္ေခတ္သစ္ထံသို႔ ေျပာဆိုသည္။
ေသဆုံးသြားေသာ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး၏ ဇနီးျဖစ္သူမွာ နည္းပညာတကၠသိုလ္တစ္ခု၏ EP ဌာနမွ တြဲဖက္ပါေမာကၡတစ္ဦးျဖစ္ေၾကာင္း သိရွိရသည္။
ၿမိဳင္ၿမိဳ႕နယ္ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားသည္ ၿမိဳင္-ပခုကၠဴလမ္းပိုင္းတြင္ စစ္ ေဆးေရးမ်ားျပဳလုပ္ေနစဥ္ အဆိုပါ ဒုဗိုလ္မႈးႀကီးကို ေတြ႕ရွိ၍ စစ္ေဆးေမးျမန္းရာ ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္မ်ားကို ျပန္လည္တိုက္ခိုက္ထြက္ေျပးသျဖင့္ ပစ္ခတ္ ဖမ္းဆီးရာမွ ေသဆုံးျခင္းျဖစ္ေၾကာင္း၊
အေျခအေန အေၾကာင္း ေၾကာင္း ေၾကာင့္ ျဖစ္ပြားရာ အခ်ိန္မ်ားႏွင့္ တခ်ိဳ႕အခ်က္အလက္မ်ားကို ေဖာ္ျပျခင္းမျပဳေတာ့ျဖစ္ေၾကာင္း ၿမိဳင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ကေျပာဆိုသည္။
အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ်ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။
“ဆိုင်ကယ်နဲ့ဝင်လာတာ။ ခုခံတိုက်ခိုက်လို့ ပစ်ခတ်တာ သေဆုံးသွားပါတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။
သေဆုံးသွားသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၏ ဇနီးဖြစ်သူမှာ နည်းပညာတက္ကသိုလ်တစ်ခု၏ EP ဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ် ဆေးရေးများပြုလုပ်နေစဉ် အဆိုပါ ဒုဗိုလ်မှုးကြီးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊
အခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုသည်။