Local News

စာေမးပြဲေအာင္ခ်က္ေကာင္းသည့္နည္းလမ္းကို စစ္ေကာင္စီ ရွာေဖြေတြ႕ရွိသြားၿပီ

စာေမးပြဲေအာင္ခ်က္ေကာင္းသည့္နည္းလမ္းကို စစ္ေကာင္စီ ရွာေဖြေတြ႕ရွိသြား

စာတတ္ေျမာက္ေရးထက္ အတန္းတက္ေရးကို ဦးစားေပးခဲ့သျဖင့္ ျမန္မာ့ပညာေရး အားနည္းခဲ့သည္ဟု ျပစ္တင္ ေဝဖန္ထားသည့္ အာဏာသိမ္းစစ္ေကာင္စီက တကၠသိုလ္ဝင္တန္းစာေမးပြဲ က်ရႈံးသူမ်ား၊ ဝင္မေျဖသူမ်ားအတြက္ သီးသန္႔စာေမးပြဲလုပ္မည္ဟု ဆိုသည္။

အေျခခံပညာေရး ေနာက္ဆုံးအဆင့္ အတန္းတင္စာေမးပြဲ ဝင္ေၾကးအတြက္ တံဆိပ္ေခါင္းႏွင့္ ေလွ်ာက္လႊာဝယ္ယူရန္ က်ပ္ ၉၀၀ က်သင့္မည္၊ ပညာေရးမႉး႐ုံးမ်ားတြင္ စက္တင္ဘာလအတြင္း ေလွ်ာက္လႊာတင္ရမည္ဟု စစ္ေကာင္စီ၏ ပညာေရးဝန္ႀကီးဌာနက ၾသဂုတ္ ၂၃ တြင္ ထုတ္ျပန္သည္။

အာဏာသိမ္းမႈျဖစ္စဥ္ေၾကာင့္ ၿပီးခဲ့သည့္ႏွစ္တြင္ ႏိုင္ငံတစ္ဝန္း ေက်ာင္းတက္သူမရွိသေလာက္ျဖစ္လာၿပီး စာသင္ခ်ိန္ လအနည္းငယ္သာရွိခဲ့ေသာ္လည္း အတန္းတင္စာေမးပြဲမ်ား မျဖစ္မေန က်င္းပခဲ့သည္။

မတ္လကုန္ပိုင္း တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ေျဖဆိုသူ ၂၈၀,၀၀၀ ေက်ာ္၊ ေအာင္ခ်က္ ၄၆ ဒသမ ၈၈ ရာခိုင္ႏႈန္းရွိသျဖင့္ ဆယ္စုႏွစ္အတြင္း ေအာင္ခ်က္ရာႏႈန္း အျမင့္ဆုံးျဖစ္သည္ဟု စစ္ေကာင္စီက ဇြန္လတြင္ ထုတ္ျပန္သည္။

စစ္တပ္က အာဏာမသိမ္းမီ အရပ္သားအစိုးရလက္ထက္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျပဳလုပ္ခဲ့ေသာ တကၠသိုလ္ဝင္တန္းစာေမးပြဲသည္ပင္လွ်င္ ေျဖဆိုသူ ကိုးသိန္းေက်ာ္အနက္ သုံးသိန္းနီးပါးသာ ေအာင္ျမင္ၿပီး ေအာင္ခ်က္အေနျဖင့္ ၃၂ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။

တကၠသိုလ္ဝင္တန္း ေျဖဆိုသူအေရအတြက္ သုံးဆအထိ ကြာဟေနေသာ္လည္း စစ္ဗိုလ္ခ်ဳပ္မ်ားက ၎တို႔ဦးစီးသည့္ စာေမးပြဲသည္ အေအာင္ျမင္ဆုံးျဖစ္ေၾကာင္း ေႂကြးေၾကာ္ေနသည္။ ဤအေျခအေနတြင္ အစဥ္အလာအတိုင္း မဟုတ္ဘဲ သီးသန္႔စာေမးပြဲ လုပ္ဦးမည္ဆိုေသာေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း ကိန္းဂဏန္း တိုးပြားလာမည္ျဖစ္သည္။

စစ္ေကာင္စီက ဆယ္တန္းစာေမးပြဲ က်သူမ်ားႏွင့္ ဝင္မေျဖသူမ်ားအတြက္ သီးသန္႔စာေမးပြဲကို ဝင္ေျဖမည္မဟုတ္ဟု ရန္ကုန္၊ ေတာင္ဒဂုံၿမိဳ႕နယ္မွ ၁၈ ႏွစ္အ႐ြယ္ တကၠသိုလ္ဝင္တန္း ေက်ာင္းသူတစ္ဦးက ေျပာသည္။

“ထပ္ေျဖခိုင္းလည္း ေပါေခ်ာင္ေကာင္း ေအာင္တာပဲ။ စစ္မွန္တဲ့ ေအာင္ျမင္မႈနဲ႔ အရည္အခ်င္းေတာ့ ရမယ္ မထင္ပါဘူး” ဟု စစ္ေကာင္စီ၏ စာေမးပြဲတြင္ ဝင္မေျဖခဲ့သူ ထိုေက်ာင္းသူက ဆိုသည္။

ပညာေရးယႏၲရား လည္ပတ္ႏိုင္ေၾကာင္း ျပသလိုသည့္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေနာက္တစ္ႀကိမ္လုပ္ျခင္းျဖစ္သည္ဟု အာဏာသိမ္းမႈကို ဆန္႔က်င္ေတာ္လွန္ေနသည့္ အေျခခံပညာေရးဝန္ထမ္းမ်ား၏ အေထြေထြသပိတ္ေကာ္မတီ (BEGSC) အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးေအာင္ျမတ္မိုးက ဆိုသည္။

“ႏိုင္ငံပညာေရးမွာ တစ္ခုခုလုပ္ျပႏိုင္ပါတယ္ဆိုၿပီး ျပခ်င္တာေရာေၾကာင့္ ခုလို ဆက္လုပ္ေနတာလို႔ ေတြးမိပါတယ္”

အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ပညာေရးတြင္ အတန္းေအာင္ျမင္ေရးထက္ အမွန္တကယ္တတ္ေျမာက္ေရး သင္ၾကားေပးရန္ လိုေၾကာင္းလည္း မၾကာခဏ ေျပာဆိုေနသည္။ အတန္းတက္ေရးကိုသာ ဦးစားေပးခဲ့သျဖင့္ ျမန္မာ့ပညာေရး အားနည္းခဲ့ရသည္ဟုလည္း မၾကာမီက ေနျပည္ေတာ္အစည္းအေဝးတစ္ခုတြင္ ၎က ေျပာဆိုခဲ့သည္။

ထိုသို႔ဆိုေသာ္လည္း အာဏာသိမ္းၿပီး ကေသာင္းကနင္းအေျခအေနမ်ားေၾကာင့္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းတက္သူအေရအတြက္ သိသိသာေလ်ာ့နည္းခဲ့သည္ကိုမူ ၎ကိုယ္တိုင္ ဝန္ခံထားဖူးသည္။

ေက်ာင္းသားေက်ာင္းသူ ၁၀ သန္းနီးပါး ေက်ာင္းတက္မည္ဟု ခန္႔မွန္းေသာ္လည္း ေက်ာင္းဖြင့္ရန္ စာရင္းေကာက္ယူခ်ိန္တြင္ ေလးသန္းေက်ာ္ ပ်က္ကြက္ေနေၾကာင္း ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းက ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေက်ာင္းမတက္သည့္ အေၾကာင္းရင္းမ်ားတြင္ ႏိုင္ငံေရး မတည္ၿငိမ္ျခင္းႏွင့္ ပညာေရးဝန္ထမ္းမ်ား လုပ္ငန္းခြင္တြင္ မရွိျခင္းတို႔ပါဝင္ေၾကာင္း စစ္ေခါင္းေဆာင္ ထည့္သြင္း ေျပာဆိုသည္ကို ေပါက္ၾကားလာသည့္ ထိုအစည္းအေဝးမွတ္တမ္းအရ သိရသည္။

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္သည့္အေနျဖင့္ ႏိုင္ငံတစ္ဝန္းရွိ ေက်ာင္းသူေက်ာင္းသားမ်ား၊ ပညာေရးဝန္ထမ္းမ်ား၊​ ေက်ာင္းဆရာ ဆရာမမ်ား အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ခဲ့ၾကသည္။ တစ္ႏိုင္ငံလုံးတြင္ ဆရာဆရာမ ေလးသိန္းေက်ာ္ရွိသည့္အနက္ ႏွစ္သိန္းခြဲေက်ာ္ CDM ဝင္ခဲ့သည္ဟု NUG ၏ ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူက ဆိုသည္။

ေက်ာင္းမ်ားျပန္ဖြင့္ႏိုင္ေရး စစ္ေကာင္စီက ႀကိဳးပမ္းခဲ့သည့္နည္းတူ အာဏာသိမ္းမႈကို ဆန္႔က်င္ ေတာ္လွန္သူမ်ားကလည္း ကိုယ္ပိုင္ပညာေရးအစီအစဥ္မ်ား ေဖာ္ေဆာင္ခဲ့သည္။​

စစ္ေကာင္စီ၏အုပ္ခ်ဳပ္ေရးယႏၲရားမရွိသည့္ ေက်းလက္ေဒသမ်ားတြင္ NUG ၏ ပညာေရးအစီအစဥ္ျဖင့္ ဖြင့္သည့္ေက်ာင္းမ်ား ေပၚေပါက္လာသည့္အျပင္ အြန္လိုင္းမွတစ္ဆင့္ သင္ၾကားသည့္ ေက်ာင္းမ်ားလည္း ရွိလာသည္။

အြန္လိုင္းစနစ္ျဖင့္ သင္ၾကားေပးသည့္ Kaung For You အမည္ရေက်ာင္း ဦးေဆာင္ဖြင့္လွစ္သူတခ်ိဳ႕ကို စစ္ေကာင္စီက အၾကမ္းဖက္မႈ အားေပးအားေျမႇာက္ျပဳသည္ဆိုကာ ဖမ္းဆီးအေရးယူခဲ့သည္။ ထိုေက်ာင္းႏွင့္ ပတ္သက္၍ ရာႏွင့္ခ်ီေသာ CDM ဆရာဆရာမမ်ား ဖမ္းဆီးခံရၿပီးျဖစ္သည္။

စစ္ေကာင္စီက တကၠသိုလ္ဝင္တန္းစာေမးပြဲကို ႏိုင္ငံေရးအရ အသုံးခ်ျခင္းသာျဖစ္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ဒုတိယပညာေရးဝန္ႀကီး စိုင္းခိုင္မ်ိဳးထြန္းက ေဝဖန္သည္။

“သူ႔အုပ္ခ်ဳပ္ေရး လည္ပတ္တယ္ဆိုတာကို ျပႏိုင္ဖို႔နဲ႔ ကေလးမိဘေတြ ေထာက္ခံမႈရဖို႔အတြက္ ပညာေရးကို အသုံးခ်ခဲ့တာ အခုထိပါပဲ။ ေခတ္အဆက္ဆက္ စစ္အာဏာရွင္ေတြလိုပါပဲ၊ အာဏာရွင္အုပ္ခ်ဳပ္ေရးကို အဓြန႔္ရွည္ေစမယ့္ ပညာေရးလုပ္တာလို႔ ျမင္ပါတယ္” source-ျမန္မာေနာင္း

စာမေးပွဲအောင်ချက်ကောင်းသည့်နည်းလမ်းကို စစ်ကောင်စီ ရှာဖွေတွေ့ရှိသွား

စာတတ်မြောက်ရေးထက် အတန်းတက်ရေးကို ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့သည်ဟု ပြစ်တင် ဝေဖန်ထားသည့် အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများ၊ ဝင်မဖြေသူများအတွက် သီးသန့်စာမေးပွဲလုပ်မည်ဟု ဆိုသည်။

အခြေခံပညာရေး နောက်ဆုံးအဆင့် အတန်းတင်စာမေးပွဲ ဝင်ကြေးအတွက် တံဆိပ်ခေါင်းနှင့် လျှောက်လွှာဝယ်ယူရန် ကျပ် ၉၀၀ ကျသင့်မည်၊ ပညာရေးမှူးရုံးများတွင် စက်တင်ဘာလအတွင်း လျှောက်လွှာတင်ရမည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက သြဂုတ် ၂၃ တွင် ထုတ်ပြန်သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတစ်ဝန်း ကျောင်းတက်သူမရှိသလောက်ဖြစ်လာပြီး စာသင်ချိန် လအနည်းငယ်သာရှိခဲ့သော်လည်း အတန်းတင်စာမေးပွဲများ မဖြစ်မနေ ကျင်းပခဲ့သည်။

မတ်လကုန်ပိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ ၂၈၀,၀၀၀ ကျော်၊ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိသဖြင့် ဆယ်စုနှစ်အတွင်း အောင်ချက်ရာနှုန်း အမြင့်ဆုံးဖြစ်သည်ဟု စစ်ကောင်စီက ဇွန်လတွင် ထုတ်ပြန်သည်။

စစ်တပ်က အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲသည်ပင်လျှင် ဖြေဆိုသူ ကိုးသိန်းကျော်အနက် သုံးသိန်းနီးပါးသာ အောင်မြင်ပြီး အောင်ချက်အနေဖြင့် ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူအရေအတွက် သုံးဆအထိ ကွာဟနေသော်လည်း စစ်ဗိုလ်ချုပ်များက ၎င်းတို့ဦးစီးသည့် စာမေးပွဲသည် အအောင်မြင်ဆုံးဖြစ်ကြောင်း ကြွေးကြော်နေသည်။ ဤအခြေအနေတွင် အစဉ်အလာအတိုင်း မဟုတ်ဘဲ သီးသန့်စာမေးပွဲ လုပ်ဦးမည်ဆိုသောကြောင့် အောင်ချက်ရာခိုင်နှုန်း ကိန်းဂဏန်း တိုးပွားလာမည်ဖြစ်သည်။

စစ်ကောင်စီက ဆယ်တန်းစာမေးပွဲ ကျသူများနှင့် ဝင်မဖြေသူများအတွက် သီးသန့်စာမေးပွဲကို ဝင်ဖြေမည်မဟုတ်ဟု ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှ ၁၈ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောသည်။

“ထပ်ဖြေခိုင်းလည်း ပေါချောင်ကောင်း အောင်တာပဲ။ စစ်မှန်တဲ့ အောင်မြင်မှုနဲ့ အရည်အချင်းတော့ ရမယ် မထင်ပါဘူး” ဟု စစ်ကောင်စီ၏ စာမေးပွဲတွင် ဝင်မဖြေခဲ့သူ ထိုကျောင်းသူက ဆိုသည်။

ပညာရေးယန္တရား လည်ပတ်နိုင်ကြောင်း ပြသလိုသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်တစ်ကြိမ်လုပ်ခြင်းဖြစ်သည်ဟု အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် အခြေခံပညာရေးဝန်ထမ်းများ၏ အထွေထွေသပိတ်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်မိုးက ဆိုသည်။

“နိုင်ငံပညာရေးမှာ တစ်ခုခုလုပ်ပြနိုင်ပါတယ်ဆိုပြီး ပြချင်တာရောကြောင့် ခုလို ဆက်လုပ်နေတာလို့ တွေးမိပါတယ်”

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရေးတွင် အတန်းအောင်မြင်ရေးထက် အမှန်တကယ်တတ်မြောက်ရေး သင်ကြားပေးရန် လိုကြောင်းလည်း မကြာခဏ ပြောဆိုနေသည်။ အတန်းတက်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့ရသည်ဟုလည်း မကြာမီက နေပြည်တော်အစည်းအဝေးတစ်ခုတွင် ၎င်းက ပြောဆိုခဲ့သည်။

ထိုသို့ဆိုသော်လည်း အာဏာသိမ်းပြီး ကသောင်းကနင်းအခြေအနေများကြောင့် အခြေခံပညာကျောင်းများ၌ ကျောင်းတက်သူအရေအတွက် သိသိသာလျော့နည်းခဲ့သည်ကိုမူ ၎င်းကိုယ်တိုင် ဝန်ခံထားဖူးသည်။

ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်မည်ဟု ခန့်မှန်းသော်လည်း ကျောင်းဖွင့်ရန် စာရင်းကောက်ယူချိန်တွင် လေးသန်းကျော် ပျက်ကွက်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဝန်ကြီးချုပ်များနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ကျောင်းမတက်သည့် အကြောင်းရင်းများတွင် နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် မရှိခြင်းတို့ပါဝင်ကြောင်း စစ်ခေါင်းဆောင် ထည့်သွင်း ပြောဆိုသည်ကို ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ သိရသည်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသားများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။ တစ်နိုင်ငံလုံးတွင် ဆရာဆရာမ လေးသိန်းကျော်ရှိသည့်အနက် နှစ်သိန်းခွဲကျော် CDM ဝင်ခဲ့သည်ဟု NUG ၏ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ကျောင်းများပြန်ဖွင့်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းခဲ့သည့်နည်းတူ အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်သူများကလည်း ကိုယ်ပိုင်ပညာရေးအစီအစဉ်များ ဖော်ဆောင်ခဲ့သည်။

စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားမရှိသည့် ကျေးလက်ဒေသများတွင် NUG ၏ ပညာရေးအစီအစဉ်ဖြင့် ဖွင့်သည့်ကျောင်းများ ပေါ်ပေါက်လာသည့်အပြင် အွန်လိုင်းမှတစ်ဆင့် သင်ကြားသည့် ကျောင်းများလည်း ရှိလာသည်။

အွန်လိုင်းစနစ်ဖြင့် သင်ကြားပေးသည့် Kaung For You အမည်ရကျောင်း ဦးဆောင်ဖွင့်လှစ်သူတချို့ကို စစ်ကောင်စီက အကြမ်းဖက်မှု အားပေးအားမြှောက်ပြုသည်ဆိုကာ ဖမ်းဆီးအရေးယူခဲ့သည်။ ထိုကျောင်းနှင့် ပတ်သက်၍ ရာနှင့်ချီသော CDM ဆရာဆရာမများ ဖမ်းဆီးခံရပြီးဖြစ်သည်။

စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံရေးအရ အသုံးချခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယပညာရေးဝန်ကြီး စိုင်းခိုင်မျိုးထွန်းက ဝေဖန်သည်။

“သူ့အုပ်ချုပ်ရေး လည်ပတ်တယ်ဆိုတာကို ပြနိုင်ဖို့နဲ့ ကလေးမိဘတွေ ထောက်ခံမှုရဖို့အတွက် ပညာရေးကို အသုံးချခဲ့တာ အခုထိပါပဲ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလိုပါပဲ၊ အာဏာရှင်အုပ်ချုပ်ရေးကို အဓွန့်ရှည်စေမယ့် ပညာရေးလုပ်တာလို့ မြင်ပါတယ်” source-မြန်မာနောင်း