Local News

‘စစ္ေခြးေတြကို ျပန္တိုက္ခ်င္လို႔ CDM ဝင္တာ’ ဟု ကရင္နီျပည္သူ႔ရင္ခြင္အဖြဲ႕ထံ အလင္းဝင္လာသည့္ စစ္ေကာင္စီတပ္ ခမရ ၆ မွ တပ္သား ေစာဂြၽန္ ေျပာဆို

‘စစ္ေခြးေတြကို ျပန္တိုက္ခ်င္လို႔ CDM ဝင္တာ’ ဟု ကရင္နီျပည္သူ႔ရင္ခြင္အဖြဲ႕ထံ အလင္းဝင္လာသည့္ စစ္ေကာင္စီတပ္ ခမရ ၆ မွ တပ္သား ေစာဂြၽန္ ေျပာဆို

ရန္ကုန္၊ ဩဂုတ္ ၂၆

ျပည္သူေတြကို ဒုကၡေပးေနသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ျပန္လည္တိုက္ခိုက္လိုသည့္အတြက္ CDM ျပဳလုပ္လာျခင္းျဖစ္သည္ဟု စစ္ေကာင္စီ၏ တပ္မ ၆၆ လက္ေအာက္ခံ၊ အုပ္ဖိုၿမိဳ႕နယ္၊ တိမ္ျမဳပ္႐ြာအေျခစိုက္ ခမရ ၆ မွ တပ္သား ေစာဂြၽန္က ေျပာဆိုသည္။

CDM တပ္သား ေစာဂြၽန္ ဖြင့္ဟဝန္ခံထားသည့္ တပ္တြင္းဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားႏွင့္ CDM ျပဳလုပ္သည့္အေၾကာင္းမ်ား ဗီဒီယိုကို ကရင္နီျပည္သူ႔ရင္ခြင္က ထုတ္ျပန္ထားသည္။

“စစ္ေခြးေတြကို ျပန္တိုက္ခ်င္လို႔ CDM ဝင္လိုက္တာ၊ တျခား ရည္႐ြယ္ခ်က္မရွိဘူး။ တပ္ထဲက သူငယ္ခ်င္းေတြကိုလည္း ေျပာထားတယ္၊ ငါကေတာ့ ေျပးမွာ၊ ေျပးၿပီး PDF ထဲဝင္ၿပီး မင္းတို႔ကို ျပန္ႀကိတ္မွာလို႔ ေျပာထားတယ္။” ဟု တပ္သား ေစာဂြၽန္က ေျပာဆိုသည္။

တပ္သားေစာဂြၽန္သည္ အသက္ ၁၉ ႏွစ္သာ ရွိေသးၿပီး အစ္မျဖစ္သူႏွင့္ စကားမ်ားၿပီးေနာက္ ေနျပည္ေတာ္၊ ေဘာဂသီရိကားဝင္း၌ စစ္မႈထမ္းေဟာင္းတေယာက္၏ လီဆယ္ျမႇဴဆြယ္ျခင္းခံရကာ စစ္တပ္ထဲ ေရာက္သြားခဲ့ေၾကာင္း သိရွိရသည္။

“က်ေနာ္က အစ္မနဲ႔ စကားမ်ားၿပီးေတာ့ ေနျပည္ေတာ္၊ ေဘာဂသီရိကားဝင္းကို သြားတယ္။ ပိုက္ဆံက မပါဘူး၊ အဲဒီမွာ စစ္မႈထမ္းေဟာင္းတစ္ေယာက္နဲ႔ေတြ႕တယ္။ အသက္က ငယ္ေသးေတာ့ စစ္တပ္ထဲ ဝင္ရင္ ဘာလုပ္ရမွာလဲ က်ေနာ္ မသိဘူး။ အဲဒီအခ်ိန္က စစ္အာဏာသိမ္းထားတာေတာ့ သိတယ္။ က်ေနာ္ကလည္း အိမ္နဲ႔ စကားမ်ားလာတာဆိုေတာ့ ဂ်င္းထည့္တာ ခံလိုက္ရတာေပါ့ဗ်ာ။

စစ္တပ္ထဲမွာ ေဆးလိပ္ေသာက္လို႔ရတယ္၊ ကြမ္းစားလို႔ရတယ္၊ ႀကိဳက္တာလုပ္လို႔ရတယ္။ သင္တန္းက ၆ လ တက္ရမယ္၊ ၈ လ ၁ ႏွစ္ေလာက္ေရာက္ရင္ မင္း ျပန္ထြက္ခ်င္ ျပန္ထြက္လို႔ရၿပီ တဲ့။ က်ေနာ္ကလည္း အာ႐ုံေနာက္ စိတ္ရႈပ္ေနတဲ့အခ်ိန္မွာ တိုက္ဆိုင္သြားတာ။ စစ္တပ္ထဲေရာက္မွ မေကာင္းမွန္းသိတယ္” ဟု တပ္သားေစာဂြၽန္က ဆက္ေျပာသည္။

လက္ရွိတြင္ CDM တပ္သား ေစာဂြၽန္၏ သူငယ္ခ်င္း ၂ ဦးမွာ ေရွ႕တန္းတြင္ ေသဆုံးၿပီျဖစ္ေၾကာင္း၊ တပ္တြင္း၌ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားေၾကာင္း ဘာသာေရးဖိႏွိပ္မႈမ်ား ရွိေၾကာင္း ဝန္ခံသည္။

“က်ေနာ့္ သူငယ္ခ်င္း ၂ ေယာက္ ေရွ႕တန္းမွာေသၿပီ၊ ေနာက္တန္းမွာ ၃ ေယာက္ က်န္တယ္။ စစ္တပ္ထဲေနခဲ့ေတာ့ သူတို႔ ပညာေတာ့ ရခဲ့တာေပါ့ဗ်ာ။ က်ေနာ့္ ဘဝ စုတ္ျပတ္သတ္ေအာင္ အဲ့ေကာင္ေတြ လုပ္လိုက္တာ၊ အခုထိ အိမ္လည္း မျပန္ရဘူး၊ မိဘေတြနဲ႔လည္း အဆက္အသြယ္မလုပ္ရေသးဘူး။ မိဘနဲ႔ မေတြ႕ရတာေတာင္ ၂ ႏွစ္ ရွိၿပီ။ က်ေနာ္က ခရစ္ယာန္၊ ဘုရားေက်ာင္းတက္ခ်င္တာ ေပးမတက္ဘူး။

တပ္ထဲမွာ က်န္ခဲ့တဲ့သူေတြကို ဖိတ္ေခၚတယ္။ ဒီမွာက လြတ္လြတ္လပ္လပ္ေနရတယ္၊ ျပန္တိုက္ခ်င္လည္း တိုက္၊ မတိုက္ခ်င္လည္း ရတယ္။ ညီလို အစ္ကိုလိုပဲ ဆက္ဆံတယ္။ စစ္တပ္လိုလဲ အာဏာမျပဘူး၊ က်ေနာ္ကေတာ့ ေသေသရွင္ရွင္ ျပန္တိုက္မယ္၊ ကိုယ့္ႏိုင္ငံကလြဲၿပီး ဘယ္မွ မသြားခ်င္ဘူး။” ဟု CDM တပ္သား ေစာဂြၽန္က ကရင္နီျပည္သူ႔ရင္ခြင္ကို ေျပာဆိုသည္။

‘စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDM ဝင်တာ’ ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ် ခမရ ၆ မှ တပ်သား စောဂျွန် ပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၆

ပြည်သူတွေကို ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုသည့်အတွက် CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ၊ အုပ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ မှ တပ်သား စောဂျွန်က ပြောဆိုသည်။

CDM တပ်သား စောဂျွန် ဖွင့်ဟဝန်ခံထားသည့် တပ်တွင်းဖိနှိပ်ချုပ်ချယ်မှုများနှင့် CDM ပြုလုပ်သည့်အကြောင်းများ ဗီဒီယိုကို ကရင်နီပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားသည်။

“စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDM ဝင်လိုက်တာ၊ တခြား ရည်ရွယ်ချက်မရှိဘူး။ တပ်ထဲက သူငယ်ချင်းတွေကိုလည်း ပြောထားတယ်၊ ငါကတော့ ပြေးမှာ၊ ပြေးပြီး PDF ထဲဝင်ပြီး မင်းတို့ကို ပြန်ကြိတ်မှာလို့ ပြောထားတယ်။” ဟု တပ်သား စောဂျွန်က ပြောဆိုသည်။

တပ်သားစောဂျွန်သည် အသက် ၁၉ နှစ်သာ ရှိသေးပြီး အစ်မဖြစ်သူနှင့် စကားများပြီးနောက် နေပြည်တော်၊ ဘောဂသီရိကားဝင်း၌ စစ်မှုထမ်းဟောင်းတယောက်၏ လီဆယ်မြှူဆွယ်ခြင်းခံရကာ စစ်တပ်ထဲ ရောက်သွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်က အစ်မနဲ့ စကားများပြီးတော့ နေပြည်တော်၊ ဘောဂသီရိကားဝင်းကို သွားတယ်။ ပိုက်ဆံက မပါဘူး၊ အဲဒီမှာ စစ်မှုထမ်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အသက်က ငယ်သေးတော့ စစ်တပ်ထဲ ဝင်ရင် ဘာလုပ်ရမှာလဲ ကျနော် မသိဘူး။ အဲဒီအချိန်က စစ်အာဏာသိမ်းထားတာတော့ သိတယ်။ ကျနော်ကလည်း အိမ်နဲ့ စကားများလာတာဆိုတော့ ဂျင်းထည့်တာ ခံလိုက်ရတာပေါ့ဗျာ။

စစ်တပ်ထဲမှာ ဆေးလိပ်သောက်လို့ရတယ်၊ ကွမ်းစားလို့ရတယ်၊ ကြိုက်တာလုပ်လို့ရတယ်။ သင်တန်းက ၆ လ တက်ရမယ်၊ ၈ လ ၁ နှစ်လောက်ရောက်ရင် မင်း ပြန်ထွက်ချင် ပြန်ထွက်လို့ရပြီ တဲ့။ ကျနော်ကလည်း အာရုံနောက် စိတ်ရှုပ်နေတဲ့အချိန်မှာ တိုက်ဆိုင်သွားတာ။ စစ်တပ်ထဲရောက်မှ မကောင်းမှန်းသိတယ်” ဟု တပ်သားစောဂျွန်က ဆက်ပြောသည်။

လက်ရှိတွင် CDM တပ်သား စောဂျွန်၏ သူငယ်ချင်း ၂ ဦးမှာ ရှေ့တန်းတွင် သေဆုံးပြီဖြစ်ကြောင်း၊ တပ်တွင်း၌ ဖိနှိပ်ချုပ်ချယ်မှုများကြောင်း ဘာသာရေးဖိနှိပ်မှုများ ရှိကြောင်း ဝန်ခံသည်။

“ကျနော့် သူငယ်ချင်း ၂ ယောက် ရှေ့တန်းမှာသေပြီ၊ နောက်တန်းမှာ ၃ ယောက် ကျန်တယ်။ စစ်တပ်ထဲနေခဲ့တော့ သူတို့ ပညာတော့ ရခဲ့တာပေါ့ဗျာ။ ကျနော့် ဘဝ စုတ်ပြတ်သတ်အောင် အဲ့ကောင်တွေ လုပ်လိုက်တာ၊ အခုထိ အိမ်လည်း မပြန်ရဘူး၊ မိဘတွေနဲ့လည်း အဆက်အသွယ်မလုပ်ရသေးဘူး။ မိဘနဲ့ မတွေ့ရတာတောင် ၂ နှစ် ရှိပြီ။ ကျနော်က ခရစ်ယာန်၊ ဘုရားကျောင်းတက်ချင်တာ ပေးမတက်ဘူး။

တပ်ထဲမှာ ကျန်ခဲ့တဲ့သူတွေကို ဖိတ်ခေါ်တယ်။ ဒီမှာက လွတ်လွတ်လပ်လပ်နေရတယ်၊ ပြန်တိုက်ချင်လည်း တိုက်၊ မတိုက်ချင်လည်း ရတယ်။ ညီလို အစ်ကိုလိုပဲ ဆက်ဆံတယ်။ စစ်တပ်လိုလဲ အာဏာမပြဘူး၊ ကျနော်ကတော့ သေသေရှင်ရှင် ပြန်တိုက်မယ်၊ ကိုယ့်နိုင်ငံကလွဲပြီး ဘယ်မှ မသွားချင်ဘူး။” ဟု CDM တပ်သား စောဂျွန်က ကရင်နီပြည်သူ့ရင်ခွင်ကို ပြောဆိုသည်။