Local News

ဗိုလ္မႉးအိမ္ကို PDFမ်ားတို-က္-ခိုက္ ၊ဗိုလ္မႉးဒဏ္ရာအျပင္းအထန္ရၿပီးဗိုလ္မႈးကေတာ္ေ-သဆုံး

ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံတာဝန္ခံဗိုလ္မႉးအိမ္ကို PDFမ်ားတို-က္-ခိုက္ ၊ဗိုလ္မႉးဒဏ္ရာအျပင္းအထန္ရၿပီးဗိုလ္မႈးကေတာ္ေ-သဆုံး

အိုက္ေမာင္၊ဟာနာဆန္/People’s Spring

ပခုကၠဴၿမိဳ႕ ၊ၿမိဳ႕သစ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ တာဝန္ခံ ဗိုလ္မႉးအိမ္ကို ယေန႔နံနက္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ဗိုလ္မႉး ဒဏ္ရာအျပင္းအထန္ရသြားၿပီး ဗိုလ္မႈးကေတာ္ ေသဆုံးသြားေၾကာင္း Young Force ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ေျပာသည္။

ၿမိဳ႕သစ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံမွ တာဝန္ခံစစ္ေကာင္စီတပ္မွဗိုလ္မႉး ေအာင္ေဇာ္ဦးအိမ္ကို ယေန႔(ၾသဂုတ္လ ၂၆ရက္) နံနက္ ၆နာရီခန္႔တြင္ Young Force ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ခိုက္မႈတြင္ဗိုလ္မႉးေအာင္ေဇာ္ဦးဒဏ္ရာအျပင္းအထန္ရသြားၿပီး မိန္းမျဖစ္သူ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့သည္ဟုသိရသည္။

“ဗိုလ္မႈးအိမ္ကို ဝင္စီးတာ။ ကြၽန္ေတာ္တို႔က အစကအရွင္ဖမ္းဖို႔ပါ။ ဒါေပမယ့္ သူက အထဲကေနခံပစ္ေတာ့ တခါတည္းရွင္းလိုက္ရတာ။သူက ဒဏ္ရာပဲရသြားေပမယ့္ ေသေလာက္တယ္” ဟု Young Force ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံကPeople’s Springသို႔ ေျပာသည္။

ဗိုလ္မႉး ေအာင္ေဇာ္ဦးသည္ ၊ၿမိဳ႕သစ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ၊အမွတ္ (၁၁) စက္႐ုံ၏ တာဝန္ခံျဖစ္သည္။သူဦးေဆာင္သည့္ စက္႐ုံတာဝန္ခံမ်ားက ယင္းစက္႐ုံမွ CDM ဝန္ထမ္းမ်ားကို ႏွင္ထုတ္ခဲ့ဖူးသည္ဟုလည္း Young Forceက​ေျပာသည္။

“သူ႔ကို ဘာေၾကာင့္ရွင္းလဲဆိုရင္ အာဏာစသိမ္းေတာ့ ဝန္ထမ္းေတြကို သုံးရက္အတြင္း အၿပီးႏွင္ထုတ္တာေတြ ဘာေတြလုပ္ခဲ့တယ္” ဟုအထက္ပါျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

ၿမိဳ႕သစ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ တာဝန္ခံ ဗိုလ္မႉးအိမ္ကို နံနက္ေစာေစာ တိုက္ခိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕မေရာက္ခင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ျပန္ဆုတ္ခြာခဲ့သည္။ ထို႔ျပင္း ယင္းစက္႐ုံမွ ကားတစ္စီးကိုလည္း ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က သိမ္းဆည္းလာခဲ့​ေၾကာင္းသိ့ရသည္။

အခင္းျဖစ္ရာသို႔ လူနာတင္ကား၂စီးႏွင့္ စစ္သား၊ရဲႏွင့္ပ်ဴမ်ား ေရာက္ရွိလာေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံဗိုလ်မှူးအိမ်ကို PDFများတို-က်-ခိုက် ၊ဗိုလ်မှူးဒဏ်ရာအပြင်းအထန်ရပြီးဗိုလ်မှုးကတော်ေ-သဆုံး

အိုက်မောင်၊ဟာနာဆန်/People’s Spring

ပခုက္ကူမြို့ ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို ယနေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ဒဏ်ရာအပြင်းအထန်ရသွားပြီး ဗိုလ်မှုးကတော် သေဆုံးသွားကြောင်း Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံမှ တာဝန်ခံစစ်ကောင်စီတပ်မှဗိုလ်မှူး အောင်ဇော်ဦးအိမ်ကို ယနေ့(သြဂုတ်လ ၂၆ရက်) နံနက် ၆နာရီခန့်တွင် Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင်ဗိုလ်မှူးအောင်ဇော်ဦးဒဏ်ရာအပြင်းအထန်ရသွားပြီး မိန်းမဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။

“ဗိုလ်မှုးအိမ်ကို ဝင်စီးတာ။ ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။သူက ဒဏ်ရာပဲရသွားပေမယ့် သေလောက်တယ်” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကPeople’s Springသို့ ပြောသည်။

ဗိုလ်မှူး အောင်ဇော်ဦးသည် ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ၊အမှတ် (၁၁) စက်ရုံ၏ တာဝန်ခံဖြစ်သည်။သူဦးဆောင်သည့် စက်ရုံတာဝန်ခံများက ယင်းစက်ရုံမှ CDM ဝန်ထမ်းများကို နှင်ထုတ်ခဲ့ဖူးသည်ဟုလည်း Young Forceကပြောသည်။

“သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်” ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို နံနက်စောစော တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မရောက်ခင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်။ ထို့ပြင်း ယင်းစက်ရုံမှ ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းလာခဲ့ကြောင်းသိ့ရသည်။

အခင်းဖြစ်ရာသို့ လူနာတင်ကား၂စီးနှင့် စစ်သား၊ရဲနှင့်ပျူများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။