Knowledge

အေမ့ကိုျပန္ေျပာေတာ့မယ္ဆိုရင္ ဒါေလးကို ခဏခဏျပန္ဖတ္ၾကည့္ပါ ဒါဆိုရင္ ျပန္ေျပာမိမွာမဟုတ္ေတာ့ပါဘူး

အေမ့ကိုျပန္ေျပာေတာ့မယ္ဆိုရင္ ဒါေလးကို ခဏခဏျပန္ဖတ္ၾကည့္ပါ ဒါဆိုရင္ ျပန္ေျပာမိမွာမဟုတ္ေတာ့ပါဘူး

အေမ့ကို အာခံ၍ ျပန္မေျပာခင္

တစ္ခုေသာ နံနက္ခင္း အထက္တန္းေက်ာင္းသားအရြယ္ ေကာင္ေလး တစ္ေယာက္အား အိပ္ယာမသိမ္းမိလို႔ မိခင္ျဖစ္သူက

“ထမင္းစားခ်ိန္မွန္းလဲမသိ အျပင္ထြက္လည္းမိဘဆီ ခြင့္မတိုင္ ၾကည့္စမ္း ဘယ္အခ်ိန္ရွိေနၿပီလဲ တစ္ေနကုန္ ဂိမ္းေဆာ့ေန….

” အစရွိသျဖင့္ ဆူပူႀကိမ္းေမာင္းကာ သားျဖစ္သူက သီးမခံနိုင္လို႔

“ဟာဗ်ာ အေမကလည္း ကၽြန္ေတာ္က ကေလးမဟုတ္ေတာ့ဘူး တစ္ေန႔လုံး ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ နားၿငီးတယ္ကၽြန္ေတာ္ဟာ ကၽြန္ေတာ္ ႀကိဳက္သလိုေနေပါ့

အေမမစပ္စုခ်င္ပါနဲ႔..လို႔ သူ႔အေမကို အသံႀကီးဟစ္က်ယ္နဲ႔ ျပန္ေျပာခဲ့တယ္…

အေမကတစ္လွည့္ သားကတစ္လွည့္ စကားမ်ားၾကရာက အနီးအနားမွာထိုင္ေနတဲ့ အေဖျဖစ္သူက ၾကားျပန္ေျဖတဲ့အေနနဲ႔ သူ႔သားကို ေခၚလိုက္ပါတယ္။ “သားေရ..အေဖ့ဆီ လာပါဦးကြာ…

သားျဖစ္သူက ေျခေဆာင့္ရင္း အိမ္ေပၚကေနဆင္းသြားၿပီး အေဖေခၚရာကို လိုက္ခဲ့ပါတယ္ ။ အေဖျဖစ္သူကသားပခုံးကို လွမ္းဖက္ရင္း အျပင္ဘက္ကို လမ္းေလၽွာက္ထြက္ခဲ့ပါတယ္…

“သား..ဘာျဖစ္လို႔ အေမ့ကိုျပန္ေျပာေနရတာလဲ” “အေဖကလည္း ကၽြန္ေတာ္က ကေလးမွမဟုတ္ေတာ့တာ ေန႔တိုင္းလိုလို

ကၽြန္ေတာ္ကိုအျပစ္ျမင္ေနတယ္ ေန႔တိုင္း ဆူပူေနတယ္ ကၽြန္ေတာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူး ေဖေဖရယ္”

“ေအာ္..သားက ေမေမ့ဆိုဆုံးမစကားေတြ ဆူတယ္လို႔ထင္ေနတာကိုး ေမေမ မဆူေအာင္ ေမေမ့ေျပာတဲ့အတိုင္း ငါ့သားေနေပါ့ကြ” “ေဖေဖလည္း ေမေမ့လိုပဲ သားကို မခ်စ္ဘူးေပါ့ “…..

“မဟုတ္ပါဘူးသားရယ္ ဘယ္မိဘကမွ ကိုယ့္သားသမီးကို လမ္းမွားမေရာက္ေစခ်င္ဘူး ႀကိဳတင္တားဆီးတဲ့အေနနဲ႔ေျပာဆိုဆုံးမေနတာ” “ေတာ္ၿပီ..ေဖေဖလည္းေမေမ့လိုပဲ သားကို အေကာင္းမျမင္ဘူး ဆူဖို႔ပဲ”…..

“ကဲ ေဖေဖတစ္ခုေျပာမယ္ ေသခ်ာနားေထာင္” “ဘာေျပာမွာလဲေဖေဖ သားနားေထာင္ေနတယ္” “သားက ေမေမ့ကို တစ္ခြန္းမက်န္ အာခံျပန္ေျပာတယ္ေနာ္

သား ေသခ်ာစဥ္းစား” “သား ျပန္ေျပာမွာေပါ့ေဖေဖ ေန႔တိုင္းဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုေတာ့ သား နားၿငီးတယ္”

“ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ေျပာျပမယ္ အဲဒီအခ်က္ ၁၀ ခ်က္လုံး သားလိုက္နာနိုင္ရင္ သားေမ့ေမ့ကို ႀကိဳက္သလိုအာခံၿပီးျပန္ေျပာလို႔ရၿပီ” “ေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္” ဒါဆိုေသခ်ာနားေထာင္

၁။။ သုံးလတိတိ သားထမင္းစားၿပီးတိုင္း အန္နိုင္မလား ?

၂။။ သားရဲ့ဝမ္းဗိုက္ထဲေဘာလုံးထည့္ၿပီး ႀကီးမားလာေအာင္ တစ္လတစ္ခါ ေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္ သားအေလးခံၿပီး သယ္ထားနိုင္မလား?

၃။။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုယ္ႀကိဳက္တဲ့မုန႔္ အစားအစာေတြ မစားပဲ ေျခာက္လတိုင္တိုင္ အငတ္ခံေနနိုင္မလား ?

၄။။ ညညအိပ္ရင္လည္း ဘယ္ညာ မေစာင္းပဲ ၿငိမ္ၿငိမ္ေလးနဲ႔ ၅ လတိုင္တိုင္ အိပ္နိုင္မလား … ?

၅။။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလၽွာက္လည္တာတို႔ ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ ေနနိုင္မလား?

၆။။ နာဖ်ားလို႔မရွိေအာင္ ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့အစားအေသာက္ေတြ မစားပဲေနမယ္ ဖ်ားနာခဲ့ရင္ေတာင္ ေဆးေတြစိတ္ ႀကိဳက္စားခြင့္မရွိပဲ ၁၀ လအထိ သားေနနိုင္လား ?

၇။။ ၁၄ နာရီအၾကာ အသက္နဲ႔ရင္းၿပီး နာက်င္ ကိုက္ခဲတဲ့ေဝဒနာ သားခံနိုင္မလား ?

၈။။ ကိုယ့္နို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိ ေအာင့္အည္းသီးခံနိူင္မလား … ?

၉။။ ခ်ီးေတြ၊ ေသးေတြ၊ အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္ သားကၾကဳံးနိုင္မလား … ?

၁၀။။ ညညဆိုရင္လည္း ႏွစ္နာရီတစ္ခါ တစ္ႏွစ္လုံးလုံးအိပ္ေရး ပ်က္ခံၿပီးထနိုင္မလား … ?

” ကဲ..သား အဲဒီအခ်က္၁၀ ခ်က္ လိုက္နာလို႔နိုင္မလား တကယ္လို႔ သားက တစ္ခ်က္မက်န္ လိုက္နာနိုင္ရင္ ေမေမ့ကို ႀကိဳက္သလို အာခံၿပီး ျပန္ေျပာလို႔နိုင္ၿပီ”…..

သားျဖစ္သူက ေခတၱမွိုင္ၿပီး အေတြးတစ္ခုဝင္လာကာ “ဟုတ္ကဲ့ေဖေဖ သားနားလည္ပါၿပီ

ေနာက္ဘယ္ေတာ့မွေမေမ့ကိုေရာ ေဖေဖ့ကိုပါ သားျပန္မေျပာေတာ့ပါဘူးလို႔ သားကတိေပးပါတယ္ေဖေဖ…

“ကဲ..သားလိမၼာေလး ေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီး ကန္ေတာ့လိုက္ေနာ္သားလိမၼာ၊သမီးလိမၼာေလးမ်ားျဖစ္ၾကပါေစ…။

Credit ;Original

Unicode Version

အမေ့ကိုပြန်ပြောတော့မယ်ဆိုရင် ဒါလေးကို ခဏခဏပြန်ဖတ်ကြည့်ပါ ဒါဆိုရင် ပြန်ပြောမိမှာမဟုတ်တော့ပါဘူး

အမေ့ကို အာခံ၍ ပြန်မပြောခင်

တစ်ခုသော နံနက်ခင်း အထက်တန်းကျောင်းသားအရွယ် ကောင်လေး တစ်ယောက်အား အိပ်ယာမသိမ်းမိလို့ မိခင်ဖြစ်သူက

“ထမင်းစားချိန်မှန်းလဲမသိ အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင် ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ တစ်နေကုန် ဂိမ်းဆော့နေ….

” အစရှိသဖြင့် ဆူပူကြိမ်းမောင်းကာ သားဖြစ်သူက သီးမခံနိုင်လို့

“ဟာဗျာ အမေကလည်း ကျွန်တော်က ကလေးမဟုတ်တော့ဘူး တစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးတယ်ကျွန်တော်ဟာ ကျွန်တော် ကြိုက်သလိုနေပေါ့

အမေမစပ်စုချင်ပါနဲ့..လို့ သူ့အမေကို အသံကြီးဟစ်ကျယ်နဲ့ ပြန်ပြောခဲ့တယ်…

အမေကတစ်လှည့် သားကတစ်လှည့် စကားများကြရာက အနီးအနားမှာထိုင်နေတဲ့ အဖေဖြစ်သူက ကြားပြန်ဖြေတဲ့အနေနဲ့ သူ့သားကို ခေါ်လိုက်ပါတယ်။ “သားရေ..အဖေ့ဆီ လာပါဦးကွာ…

သားဖြစ်သူက ခြေဆောင့်ရင်း အိမ်ပေါ်ကနေဆင်းသွားပြီး အဖေခေါ်ရာကို လိုက်ခဲ့ပါတယ် ။ အဖေဖြစ်သူကသားပခုံးကို လှမ်းဖက်ရင်း အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်…

“သား..ဘာဖြစ်လို့ အမေ့ကိုပြန်ပြောနေရတာလဲ” “အဖေကလည်း ကျွန်တော်က ကလေးမှမဟုတ်တော့တာ နေ့တိုင်းလိုလို

ကျွန်တော်ကိုအပြစ်မြင်နေတယ် နေ့တိုင်း ဆူပူနေတယ် ကျွန်တော် ဒီအိမ်မှာ မနေချင်တော့ဘူး ဖေဖေရယ်”

“အော်..သားက မေမေ့ဆိုဆုံးမစကားတွေ ဆူတယ်လို့ထင်နေတာကိုး မေမေ မဆူအောင် မေမေ့ပြောတဲ့အတိုင်း ငါ့သားနေပေါ့ကွ” “ဖေဖေလည်း မေမေ့လိုပဲ သားကို မချစ်ဘူးပေါ့ “…..

“မဟုတ်ပါဘူးသားရယ် ဘယ်မိဘကမှ ကိုယ့်သားသမီးကို လမ်းမှားမရောက်စေချင်ဘူး ကြိုတင်တားဆီးတဲ့အနေနဲ့ပြောဆိုဆုံးမနေတာ” “တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ သားကို အကောင်းမမြင်ဘူး ဆူဖို့ပဲ”…..

“ကဲ ဖေဖေတစ်ခုပြောမယ် သေချာနားထောင်” “ဘာပြောမှာလဲဖေဖေ သားနားထောင်နေတယ်” “သားက မေမေ့ကို တစ်ခွန်းမကျန် အာခံပြန်ပြောတယ်နော်

သား သေချာစဉ်းစား” “သား ပြန်ပြောမှာပေါ့ဖေဖေ နေ့တိုင်းဗျစ်တောက်ဗျစ်တောက်ဆိုတော့ သား နားငြီးတယ်”

“ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ် အဲဒီအချက် ၁၀ ချက်လုံး သားလိုက်နာနိုင်ရင် သားမေ့မေ့ကို ကြိုက်သလိုအာခံပြီးပြန်ပြောလို့ရပြီ” “ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်” ဒါဆိုသေချာနားထောင်

၁။။ သုံးလတိတိ သားထမင်းစားပြီးတိုင်း အန်နိုင်မလား ?

၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး ကြီးမားလာအောင် တစ်လတစ်ခါ ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင် သားအလေးခံပြီး သယ်ထားနိုင်မလား?

၃။။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားပဲ ခြောက်လတိုင်တိုင် အငတ်ခံနေနိုင်မလား ?

၄။။ ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ ငြိမ်ငြိမ်လေးနဲ့ ၅ လတိုင်တိုင် အိပ်နိုင်မလား … ?

၅။။ ၈ လတိုင်တိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား?

၆။။ နာဖျားလို့မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရလို့ ကြိုက်တဲ့အစားအသောက်တွေ မစားပဲနေမယ် ဖျားနာခဲ့ရင်တောင် ဆေးတွေစိတ် ကြိုက်စားခွင့်မရှိပဲ ၁၀ လအထိ သားနေနိုင်လား ?

၇။။ ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင် ကိုက်ခဲတဲ့ဝေဒနာ သားခံနိုင်မလား ?

၈။။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိူင်မလား … ?

၉။။ ချီးတွေ၊ သေးတွေ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင် သားကကြုံးနိုင်မလား … ?

၁၀။။ ညညဆိုရင်လည်း နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံးအိပ်ရေး ပျက်ခံပြီးထနိုင်မလား … ?

” ကဲ..သား အဲဒီအချက်၁၀ ချက် လိုက်နာလို့နိုင်မလား တကယ်လို့ သားက တစ်ချက်မကျန် လိုက်နာနိုင်ရင် မေမေ့ကို ကြိုက်သလို အာခံပြီး ပြန်ပြောလို့နိုင်ပြီ”…..

သားဖြစ်သူက ခေတ္တမှိုင်ပြီး အတွေးတစ်ခုဝင်လာကာ “ဟုတ်ကဲ့ဖေဖေ သားနားလည်ပါပြီ

နောက်ဘယ်တော့မှမေမေ့ကိုရော ဖေဖေ့ကိုပါ သားပြန်မပြောတော့ပါဘူးလို့ သားကတိပေးပါတယ်ဖေဖေ…

“ကဲ..သားလိမ္မာလေး မေမေ့ကို ဝန်ချတောင်းပန်ပြီး ကန်တော့လိုက်နော်သားလိမ္မာ၊သမီးလိမ္မာလေးများဖြစ်ကြပါစေ…။

Credit ;Original