Local News

PDF မ်ား၏ ဖမ္းဆီးမႈခံရစဥ္ ခုခံတိုက္ခိုက္၍ ပစ္ခတ္ရာမွ ေသဆုံးသူ စစ္အရာရွိမွာ ဒုဗိုလ္မႉးႀကီး ထြန္းလင္းေအာင္

ၿမိဳင္တြင္ PDF မ်ား၏ ဖမ္းဆီးမႈခံရစဥ္ ခုခံတိုက္ခိုက္၍ ပစ္ခတ္ရာမွ ေသဆုံးသူ စစ္အရာရွိမွာ ဒုဗိုလ္မႉးႀကီး ထြန္းလင္းေအာင္ျဖစ္ၿပီး ဇနီး J လုမိုင္ႏွင့္ သားသမီး ၃ ဦး က်န္ရစ္၊ လားရႈိး ခလရ ၄၁ မွ မအူပင္ တပ္သို႔ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္သူျဖစ္

ရန္ကုန္၊ ဩဂုတ္ ၂၆

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ PDF မ်ား၏ ဖမ္းဆီးမႈခံရစဥ္ ခုခံတိုက္သျဖင့္ ပစ္ခတ္ရာမွ ေသဆုံးသူ စစ္အရာရွိမွာ ဒုတိယဗိုလ္မႉးႀကီး ထြန္းလင္းေအာင္ျဖစ္ၿပီး ေသဆုံးခ်ိန္တြင္ ဇနီးျဖစ္သူ နည္းပညာတကၠသိုလ္ေက်ာင္းဆရာမ J လုမိုင္ႏွင့္သားသမီး ၃ ဦး က်န္ရစ္ေၾကာင္း ရန္ကုန္ေခတ္သစ္က စုံစမ္းသိရွိရသည္။

ဒုတိယဗိုလ္မႉးႀကီး ထြန္းလင္းေအာင္သည္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ထဲသို႔ အရပ္ဝတ္ျဖင့္ ဆိုင္ကယ္စီး၍ ထြက္ခြာၿပီး PDF ဂိတ္တစ္ခုကို PDF ဟု ဆိုကာ ျဖတ္ေက်ာ္ခဲ့ေၾကာင္း၊ ယင္းေနာက္ အျခားဂိတ္တစ္ခုတြင္ ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္(ၿမိဳင္-ပကဖ) က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း၊ ဖမ္းဆီးရမိစဥ္ PDF မ်ားကို ခုခံတိုက္ခိုက္၍ ထြက္ေျပးရာမွ ပစ္ခတ္မႈျဖစ္ၿပီး ေသဆုံးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

PDF က ဒုတိယဗိုလ္မႉးႀကီးထြန္းလင္းေအာင္ကို ဖမ္းဆီးရမိခ်ိန္တြင္ ဇနီးျဖစ္သူက ဆက္သြယ္လာၿပီး ခလရ ၄၁ လားရႈိးတြင္ တာဝန္က်ခ်ိန္တြင္ အိမ္ေထာင္က်ျခင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ တာဝန္က်ရာေနရာသို႔ လိုက္ပါေျပာင္းေ႐ႊ႕ျခင္းျဖစ္ေၾကာင္း၊ လားရႈိးနည္းပညာတကၠသိုလ္၊ EP ဌာနမွ တြဲဖက္ပါေမာကၡျဖစ္သည္ဟု ဆက္သြယ္ ေျပာဆိုလာေၾကာင္း သိရွိရသည္။ (အသံဖိုင္ကို ေဖာ္ျပေပးပါမည္)

စစ္တပ္အသိုင္း၀ိုင္းႏွင့္ ဇနီးျဖစ္သူ J လုမိုင္ကမူ ဒုတိယဗိုလ္မႉးႀကီး ထြန္းလင္းေအာင္ ေသဆုံးျခင္း မဟုတ္မွန္ဟု ဆက္လက္ ျငင္းဆိုေနဆဲျဖစ္သည္။

ဒုတိယဗိုလ္မႉးႀကီး ထြန္းလင္းေအာင္၏ ဇနီး Jလုမိုင္က လူမႈကြန္ရက္တြင္ Bhone Mai May Jlumai အေကာင့္ျဖင့္ “ငါနဲ႔ ေျခာက္ေပအကြာမွာေနပါလို႔ ေျပာခ်ိန္ေတာင္ မရလိုက္ဘူး သတင္းတစ္ပုဒ္ေၾကာင့္ လူလည္း ေနေကာင္း က်န္းမာလ်က္ရွိေနပါတယ္ရွင္…ခ်စ္ရတဲ့သူငယ္ခ်င္း….” ဆိုေသာ စာသားကို တင္ထားသည္ကို ေတြ႕ရွိရသည္။

ၿမိဳင္-ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပကဖ)ကမူ ေသဆုံးသြားသူ၏ ဖုန္းအတြင္းမွ ဒုတိယဗိုလ္မႉးႀကီးဝတ္စုံျဖင့္ သူျဖစ္ၿပီး ဖုန္းအတြင္း ဓာတ္ပုံမ်ားကို ဖြက္ထား၍ Software ျဖင့္ ေဖာ္မွသာ ဒုတိယဗိုလ္မႉးႀကီးဝတ္စုံျဖင့္ ပုံထြက္ရွိလာျခင္း ျဖစ္ ေၾကာင္း မွတ္ပုံတင္ အတုမ်ားလည္း ကိုင္ေဆာင္ထားေၾကာင္း ရွင္းျပသည္။

မြိုင်တွင် PDF များ၏ ဖမ်းဆီးမှုခံရစဉ် ခုခံတိုက်ခိုက်၍ ပစ်ခတ်ရာမှ သေဆုံးသူ စစ်အရာရှိမှာ ဒုဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး ဇနီး J လုမိုင်နှင့် သားသမီး ၃ ဦး ကျန်ရစ်၊ လားရှိုး ခလရ ၄၁ မှ မအူပင် တပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF များ၏ ဖမ်းဆီးမှုခံရစဉ် ခုခံတိုက်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသူ စစ်အရာရှိမှာ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးဖြစ်သူ နည်းပညာတက္ကသိုလ်ကျောင်းဆရာမ J လုမိုင်နှင့်သားသမီး ၃ ဦး ကျန်ရစ်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ထွက်ခွာပြီး PDF ဂိတ်တစ်ခုကို PDF ဟု ဆိုကာ ဖြတ်ကျော်ခဲ့ကြောင်း၊ ယင်းနောက် အခြားဂိတ်တစ်ခုတွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(မြိုင်-ပကဖ) က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိစဉ် PDF များကို ခုခံတိုက်ခိုက်၍ ထွက်ပြေးရာမှ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF က ဒုတိယဗိုလ်မှူးကြီးထွန်းလင်းအောင်ကို ဖမ်းဆီးရမိချိန်တွင် ဇနီးဖြစ်သူက ဆက်သွယ်လာပြီး ခလရ ၄၁ လားရှိုးတွင် တာဝန်ကျချိန်တွင် အိမ်ထောင်ကျခြင်းဖြစ်ကြောင်း၊ ယင်းနောက် တာဝန်ကျရာနေရာသို့ လိုက်ပါပြောင်းရွှေ့ခြင်းဖြစ်ကြောင်း၊ လားရှိုးနည်းပညာတက္ကသိုလ်၊ EP ဌာနမှ တွဲဖက်ပါမောက္ခဖြစ်သည်ဟု ဆက်သွယ် ပြောဆိုလာကြောင်း သိရှိရသည်။ (အသံဖိုင်ကို ဖော်ပြပေးပါမည်)

စစ်တပ်အသိုင်းဝိုင်းနှင့် ဇနီးဖြစ်သူ J လုမိုင်ကမူ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် သေဆုံးခြင်း မဟုတ်မှန်ဟု ဆက်လက် ငြင်းဆိုနေဆဲဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်၏ ဇနီး Jလုမိုင်က လူမှုကွန်ရက်တွင် Bhone Mai May Jlumai အကောင့်ဖြင့် “ငါနဲ့ ခြောက်ပေအကွာမှာနေပါလို့ ပြောချိန်တောင် မရလိုက်ဘူး သတင်းတစ်ပုဒ်ကြောင့် လူလည်း နေကောင်း ကျန်းမာလျက်ရှိနေပါတယ်ရှင်…ချစ်ရတဲ့သူငယ်ချင်း….” ဆိုသော စာသားကို တင်ထားသည်ကို တွေ့ရှိရသည်။

မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကမူ သေဆုံးသွားသူ၏ ဖုန်းအတွင်းမှ ဒုတိယဗိုလ်မှူးကြီးဝတ်စုံဖြင့် သူဖြစ်ပြီး ဖုန်းအတွင်း ဓာတ်ပုံများကို ဖွက်ထား၍ Software ဖြင့် ဖော်မှသာ ဒုတိယဗိုလ်မှူးကြီးဝတ်စုံဖြင့် ပုံထွက်ရှိလာခြင်း ဖြစ် ကြောင်း မှတ်ပုံတင် အတုများလည်း ကိုင်ဆောင်ထားကြောင်း ရှင်းပြသည်။