ေသဆုံးအေလာင္းမ်ားအတြက္ အမိန္႔ျပန္တမ္း ဖတ္ေနသည့္ စစ္ေကာင္စီတပ္ ဗုံးက်ဲတိုက္ခိုက္ခံရၿပီး ၅ ဦးထက္မနည္း ထပ္ေသ
ေရစႀကိဳ၊ ဩဂုတ္ ၂၆
လူငယ့္ေခတ္
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ မင္း႐ြာတြင္ တပ္စြဲထားသည့္ အာဏာသိမ္းစစ္ေကာင္စီတပ္မွ ေသဆုံးသြားသူမ်ားကိုယမန္ေန႔ (ဩဂုတ္၂၅ရက္) ည ၉ နာရီခန္႔က အင္အား ၂၀ ဝန္းက်င္ျဖင့္ အမိန႔္ျပန္တမ္းလုပ္ေနခ်ိန္ ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၅ ဦး ထက္မနည္း ေသဆုံးေၾကာင္း ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ CDSOM မွ သိရသည္။
ယမန္ေန႔ ည ၉ နာရီခန္႔က ေသဆုံးအေလာင္းမ်ားအတြက္ အမိန႔္ျပန္တမ္းလုပ္ေနသည့္ စစ္ေကာင္စီတပ္သား ၂၀ ခန္႔ကို ဒ႐ုန္းျဖင့္ ၂ ႀကိမ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
” ဒ႐ုန္းစစ္ဆင္ေရး လုပ္တာပါ၊ မဟာမိတ္ၿမိဳ႕နယ္ ေရလယ္ကြၽန္းအတြက္ ေျမာင္က စစ္ဆင္ေရး လုပ္ခဲ့တာပါ” ဟု CDSOM မွ တာဝန္ရွိသူတဦး က လူငယ့္ေခတ္သို႔ေျပာသည္။
တိုက္ခိုက္မႈတြင္ ဒ႐ုန္းအသုံးျပဳၿပီး လက္လုပ္အီနာဂါဗုံးျဖင့္ (၂)ႀကိမ္ တိုက္ခိုက္ခဲ့ရာ တႀကိမ္တြင္ ထိန္းခ်ဳပ္မႈ လြတ္ခဲ့ေသာ္လည္း ေနာက္တႀကိမ္တြင္ ေအာင္ျမင္စြာတိုက္ခိုက္ႏိုင္ခဲ့ၿပီး အနည္းဆုံး စစ္ေကာင္စီတပ္သား (၅)ဦး ေသဆုံးခဲ့ကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္(၂၄)ရက္ကလည္း ေဒသေတာ္လွန္ေရးတပ္ဖြဲ႕မ်ား ပူးေပါင္းၿပီး မင္း႐ြာေက်း႐ြာတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို တိုက္ခိုက္ခဲ့ရာ ၂၀ ဦးခန္႔ ေသဆုံးခဲ့ေၾကာင္း ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက လူငယ့္ေခတ္သို႔ ေျပာၾကားထားသည္။
ေရလယ္ကြၽန္း မင္း႐ြာတြင္ စစ္ေကာင္စီတပ္သား(၁၅၀)ေက်ာ္ျဖင့္ တလၾကာျမင့္သည့္အထိ တပ္စြဲထားၿပီး ေဒသခံ ျပည္သူ (၂၀၀၀)ေက်ာ္မွာလည္း ထြက္ေျပး တိမ္းေရွာင္ေနသည္။
Lungekhit
သေဆုံးအလောင်းများအတွက် အမိန့်ပြန်တမ်း ဖတ်နေသည့် စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထပ်သေ
ရေစကြို၊ ဩဂုတ် ၂၆
လူငယ့်ခေတ်
မကွေးတိုင်း၊ ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ သေဆုံးသွားသူများကိုယမန်နေ့ (ဩဂုတ်၂၅ရက်) ည ၉ နာရီခန့်က အင်အား ၂၀ ဝန်းကျင်ဖြင့် အမိန့်ပြန်တမ်းလုပ်နေချိန် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှ သိရသည်။
ယမန်နေ့ ည ၉ နာရီခန့်က သေဆုံးအလောင်းများအတွက် အမိန့်ပြန်တမ်းလုပ်နေသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်ကို ဒရုန်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒရုန်းစစ်ဆင်ရေး လုပ်တာပါ၊ မဟာမိတ်မြို့နယ် ရေလယ်ကျွန်းအတွက် မြောင်က စစ်ဆင်ရေး လုပ်ခဲ့တာပါ” ဟု CDSOM မှ တာဝန်ရှိသူတဦး က လူငယ့်ခေတ်သို့ပြောသည်။
တိုက်ခိုက်မှုတွင် ဒရုန်းအသုံးပြုပြီး လက်လုပ်အီနာဂါဗုံးဖြင့် (၂)ကြိမ် တိုက်ခိုက်ခဲ့ရာ တကြိမ်တွင် ထိန်းချုပ်မှု လွတ်ခဲ့သော်လည်း နောက်တကြိမ်တွင် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်(၂၄)ရက်ကလည်း ဒေသတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မင်းရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက လူငယ့်ခေတ်သို့ ပြောကြားထားသည်။
ရေလယ်ကျွန်း မင်းရွာတွင် စစ်ကောင်စီတပ်သား(၁၅၀)ကျော်ဖြင့် တလကြာမြင့်သည့်အထိ တပ်စွဲထားပြီး ဒေသခံ ပြည်သူ (၂၀၀၀)ကျော်မှာလည်း ထွက်ပြေး တိမ်းရှောင်နေသည်။
Lungekhit