Local News

ဆာဂြန္းစစ္ေဆးေရးဂိတ္တြင္ ယေန႔နံနက္ပိုင္း

ျဖဴးၿမိဳ႕၊ ဆာဂြန္းဂိတ္တြင္ ဗုံးေပါက္ကြဲမႈ ရဲတပ္ၾကပ္ေမာင္ႏိုင္၏ အမ်ိဳးသားအဂၤါႏွင့္ မ်က္စိ ထိမွန္ၿပီး အသက္အႏၲရာယ္စိုးရိမ္ေနရ၊ အျခားရဲ ၄ ဦးလည္း ဒဏ္ရာရ

ရန္ကုန္၊ ဩဂုတ္ ၂၆

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္ ဆာဂြန္းစစ္ေဆးေရးဂိတ္တြင္ ယေန႔နံနက္ပိုင္း ခ်ိန္ ကိုက္ ဗုံးေပါက္ကြဲၿပီး လုံၿခဳံေရးတာဝန္က် ရဲတပ္ၾကပ္ ေမာင္ႏိုင္၏ အမ်ိဳးသားတန္ဆာႏွင့္ မ်က္လုံး ဗုံးထိမွန္ကာ အသက္အႏၲရာယ္စိုးရိမ္ေနရေၾကာင္း ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က အတည္ျပဳေျပာဆိုသည္။

ဩဂုတ္လ ၂၆ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ ျဖဴးၿမိဳ႕ ဆာဂြန္းလုံၿခဳံေရးဂိတ္တြင္ ဗုံးေပါက္ကြဲျခင္းျဖစ္ၿပီး ရဲတပ္ၾကပ္ ေမာင္ႏိုင္အပါအဝင္ ရဲ ၅ ဦးဒဏ္ရာရရွိေၾကာင္း၊ ရဲတပ္ၾကပ္ေမာင္ႏိုင္သည္ အမ်ိဳးသားတန္ဆာႏွင့္ မ်က္လုံးတြင္ ဗုံးစ ထိ မွန္ၿပီး အသက္အႏၲရာယ္စိုးရိမ္ရေၾကာင္း သိရွိရသည္။

“ျဖဴးၿမိဳ႕နယ္၊ဆာဂြန္းဂိတ္မွာ ခ်ိန္ကိုက္ဗုံးေပါက္ပါတယ္။ ရဲေတြ ဒဏ္ရာရပါတယ္။ ရဲတပ္ၾကပ္ေမာင္ႏိုင္ ေဂြးနဲ႔မ်က္စိထိၿပီး အေျခအေန မေကာင္းပါဘူး။ ဒီမနက္ ၉ နာရီ ဝန္းက်င္ ျဖဴးၿမိဳ႕နဲ႔ အျမန္လမ္း ဆက္လမ္းေပၚ ဆာဂြန္းစစ္ ေဆးေရးဂိတ္မွာ ခ်ိန္ကိုက္ဗုံးေပါက္ကြဲတာပါ” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္။

ထို႔ျပင္ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္ EPC ႐ုံး၊ ေတာင္ဒဂုံ ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမ်ားတြင္ ယေန႔ ဗုံးမ်ားေပါက္ကြဲေၾကာင္း သိရွိရသည္။

လႈိင္ၿမိဳ႕နယ္ EPC ႐ုံးတြင္ ယေန႔ မြန္းလြဲ ၃ နာရီ ၃၀ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲျခင္းျဖစ္ၿပီး စစ္တပ္က လမ္းပိတ္ စစ္ေဆးေၾကာင္း ယင္းေနာက္ မေပါက္ကြဲေသးေသာ ဗုံးထပ္မံေတြ႕ရွိ၍ ညေန ၄ နာရီေက်ာ္အခ်ိန္တြင္ ေဖာက္ခြဲလိုက္ေၾကာင္း သိရွိရသည္။
လႈိင္ၿမိဳ႕နယ္၊ အင္းစိန္လမ္းမ‌ႏွင့္ ဘူတာ႐ုံးမွတ္တိုင္အနီးရွိ လႈိင္ EPC ႐ုံးကို Rangers of Region 7 က တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ ေတာင္ဒဂုံၿမိဳနယ္ ၁၀၄ တြင္ ယေန႔ နံနက္ ၁၀ နာရီ ၁၀ မိနစ္ အခ်ိန္ခန႔္ ဗုံးေပါက္ကြဲခဲ့ၿပီး ပစ္ခတ္မႈမ်ား ျဖစ္ေပၚေၾကာင္း၊ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးတြင္လည္း ယေန႔ မြန္းလြဲပိုင္းတြင္ ဗုံးေပါက္ကြဲၿပီး စစ္သား ၂ ဦးထိခိုက္ ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဖြူးမြို့၊ ဆာဂွန်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ရဲတပ်ကြပ်မောင်နိုင်၏ အမျိုးသားအင်္ဂါနှင့် မျက်စိ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရ၊ အခြားရဲ ၄ ဦးလည်း ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆာဂွန်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်း ချိန် ကိုက် ဗုံးပေါက်ကွဲပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် မောင်နိုင်၏ အမျိုးသားတန်ဆာနှင့် မျက်လုံး ဗုံးထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် ဖြူးမြို့ ဆာဂွန်းလုံခြုံရေးဂိတ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရဲတပ်ကြပ် မောင်နိုင်အပါအဝင် ရဲ ၅ ဦးဒဏ်ရာရရှိကြောင်း၊ ရဲတပ်ကြပ်မောင်နိုင်သည် အမျိုးသားတန်ဆာနှင့် မျက်လုံးတွင် ဗုံးစ ထိ မှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“ဖြူးမြို့နယ်၊ဆာဂွန်းဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ပါတယ်။ ရဲတွေ ဒဏ်ရာရပါတယ်။ ရဲတပ်ကြပ်မောင်နိုင် ဂွေးနဲ့မျက်စိထိပြီး အခြေအနေ မကောင်းပါဘူး။ ဒီမနက် ၉ နာရီ ဝန်းကျင် ဖြူးမြို့နဲ့ အမြန်လမ်း ဆက်လမ်းပေါ် ဆာဂွန်းစစ် ဆေးရေးဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ကွဲတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ တောင်ဒဂုံ မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တရားရုံးများတွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။

လှိုင်မြို့နယ် EPC ရုံးတွင် ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်တပ်က လမ်းပိတ် စစ်ဆေးကြောင်း ယင်းနောက် မပေါက်ကွဲသေးသော ဗုံးထပ်မံတွေ့ရှိ၍ ညနေ ၄ နာရီကျော်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
လှိုင်မြို့နယ်၊ အင်းစိန်လမ်းမ‌နှင့် ဘူတာရုံးမှတ်တိုင်အနီးရှိ လှိုင် EPC ရုံးကို Rangers of Region 7 က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တောင်ဒဂုံမြိုနယ် ၁၀၄ တွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့် ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ကြောင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။