ေလးၿမိဳ႕ျမစ္အထက္ပိုင္းမွ သံေထာင္စခန္းကိုစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႐ုတ္တရက္စြန႔္ခြာသြား
နိရၪၥရာ၊ ၾသဂုတ္ ၂၆/၂၀၂၂
အင္အား ၁၀၀ ေက်ာ္ျဖင့္ ေလးၿမိဳ႕အထက္ပိုင္းတြင္ တပ္စြဲထားသည့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ သံေထာင္ေက်း႐ြာ အေျခစိုက္စခန္းကို စစ္သားႏွင့္ ရဲသားမ်ားက ယမန္ေန႔ညေနက ႐ုတ္တရက္ စြန႔္ခြာ သြားခဲ့ၾကသည္ဟု သတင္းရရွိသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ယမန္ေန႔ ၾသဂုတ္ ၂၅ ရက္ေန႔ ညပိုင္းတြင္ တပ္ဆုတ္သြားျခင္း ျဖစ္ႏိုင္ေၾကာင္း၊ ယေန႔ ၾသဂုတ္လ ၂၆ ရက္ေန႔ မနက္ပိုင္းမွစၿပီး စခန္းတြင္း တပ္သားမ်ားႏွင့္ ရဲသားမ်ားကို လႈပ္ရွားသြားလာ၍ မေတြ႕ရေတာ့ေၾကာင္း ေက်း႐ြာသားမ်ားက ေျပာသည္။
“က်ေနာ္တို႔လည္း ဘယ္အခ်ိန္က ထြက္သြားၾကတာလည္းေတာ့ အတိအက်မသိဘူးဗ်။ မနက္က်မွ စစ္သားေတြ၊ ရဲေတြ မေတြ႕ဘူးေပါ့ေနာ္။ တစ္ေယာက္တစ္မ်ိဳးေတာ့ ေျပာၾကေပမယ့္ ခဏတျဖဳတ္ ဆုတ္တာလား။ ဒါမွမဟုတ္ အၿပီးဆုတ္တာလားမခန႔္မွန္းတတ္ဘူး” ဟု ေက်း႐ြာလူႀကီးတစ္ဦးက ေျပာသည္။
ေနာက္ထပ္ေဒသခံတစ္ဦးကလည္း တပ္သားမ်ား စခန္းမွထြက္ခြာသြားသည္မွာ ဟုတ္မွန္ေၾကာင္း အတည္ျပဳ ေျပာဆိုသည္။
” မနက္တိုင္းသူတို႔ကို ေတြ႕ေနက်ပါ။ အခုမရွိေတာ့ဘူး။ စခန္းမွာ လူမရွိေတာ့တာေတာ့မွန္ပါတယ္။ ဘာေၾကာင့္ဆုတ္သြားလည္းဆိုတာေတာ့ မသိဘူး”ဟု ဆိုသည္။
ပလက္၀ၿမိဳ႕နယ္ အတြင္းရွိ သံေထာင္စခန္းသည္ ႏွစ္ေပါင္းမ်ားစြာ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔ အေျခစိုက္ စခန္းတစ္ခုျဖစ္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အစပ္ ေလးၿမိဳ႕ျမစ္အထက္ပိုင္းတြင္ တည္ရွိသည္။
ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ကို ဆက္သြယ္ထားသည့္ ေလးၿမိဳ႕ျမစ္ အထက္ပိုင္းတြင္တည္ရွိၿပီး ခရီးသြားျပည္သူမ်ား ျဖတ္ေက်ာ္သြားလာရာ ဝင္ေပါက္ ထြက္ေပါက္ေနရာတြင္ တည္ရွိၿပီး စစ္ေရးအရ အေရးပါေသာ ေနရာျဖစ္သျဖင့္ စစ္သားႏွင့္ ရဲသား အင္အား ၁၀၀ ေက်ာ္ တပ္စြဲေနထိုင္သည့္ စခန္းျဖစ္သည္ဟု သိရသည္။
ယင္းေက်း႐ြာအနီးဝန္းက်င္တြင္ ရကၡိဳင့္တပ္ေတာ္ (AA)တပ္စခန္းမ်ားလည္း ရွိၿပီး ၂၀၁၉ ခုႏွစ္ကလည္း သံေထာင္စခန္းမႉးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တို႔ကို ေအေအက ဖမ္းဆီး ေခၚေဆာင္သြားၿပီး ရဲစခန္းက လက္နက္မ်ားကို ေတာင္းခံခဲ့ဖူးသည္။ ၿပီးခဲ့သည့္ ေမလ ၁၅ ရက္ေန႔ကလည္း စစ္ေကာင္စီ ရိကၡာသယ္ယူလာသည့္ ရဟတ္ယာဥ္ တစ္စီးကို AA က လက္နက္ငယ္ျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့သည္။
သံေထာင္ေက်း႐ြာသည္ ေလးၿမိဳ႕ျမစ္ဖ်ားတြင္တည္ရွိၿပီး စီးပြားေရးအရလည္း ေဒသအတြင္း အေရးပါၿပီး ျပည္နယ္ ၂ ခုၾကားက ေက်း႐ြာတစ္႐ြာျဖစ္ကာ လူဦးေရ (၂၀၀၀)ေက်ာ္ အိမ္ေျခ (၃၀၀) ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ေအေအတပ္ဖြဲ႕ဝင္မ်ားက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ စခန္းမ်ား၊ ကင္းစခန္းမ်ား၊ ေရွ႕ကာကင္းမ်ားကို ထိုးစစ္ဆင္ တိုက္ခိုက္သိမ္းပိုက္ေနရာ ထိုတိုက္ခိုက္မႈကို မခံရေအာင္ စစ္ေကာင္စီမွ စခန္းအခ်ိဳ႕ကို ႐ုပ္သိမ္းၿပီး အနီးအနားရွိ ပင္မစခန္းႀကီးမ်ားတြင္ ပူးေပါင္းထားသည္ဟု သိရသည္။
အလားတူ ဘူးသီးေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွ အင္အား ၁၀၀ ခန႔္ တပ္စြဲထားသည့္ ေက်ာင္းေတာင္ စခန္းကိုလည္း ဩဂုတ္ ၂၁ ရက္ေန႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စြန႔္ခြာသြားခဲ့ၾကသည္။ (NN-7)
လေးမြို့မြစ်အထက်ပိုင်းမှ သံထောင်စခန်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက်စွန့်ခွာသွား
နိရဉ္စရာ၊ သြဂုတ် ၂၆/၂၀၂၂
အင်အား ၁၀၀ ကျော်ဖြင့် လေးမြို့အထက်ပိုင်းတွင် တပ်စွဲထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ အခြေစိုက်စခန်းကို စစ်သားနှင့် ရဲသားများက ယမန်နေ့ညနေက ရုတ်တရက် စွန့်ခွာ သွားခဲ့ကြသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ သြဂုတ် ၂၅ ရက်နေ့ ညပိုင်းတွင် တပ်ဆုတ်သွားခြင်း ဖြစ်နိုင်ကြောင်း၊ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှစပြီး စခန်းတွင်း တပ်သားများနှင့် ရဲသားများကို လှုပ်ရှားသွားလာ၍ မတွေ့ရတော့ကြောင်း ကျေးရွာသားများက ပြောသည်။
“ကျနော်တို့လည်း ဘယ်အချိန်က ထွက်သွားကြတာလည်းတော့ အတိအကျမသိဘူးဗျ။ မနက်ကျမှ စစ်သားတွေ၊ ရဲတွေ မတွေ့ဘူးပေါ့နော်။ တစ်ယောက်တစ်မျိုးတော့ ပြောကြပေမယ့် ခဏတဖြုတ် ဆုတ်တာလား။ ဒါမှမဟုတ် အပြီးဆုတ်တာလားမခန့်မှန်းတတ်ဘူး” ဟု ကျေးရွာလူကြီးတစ်ဦးက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း တပ်သားများ စခန်းမှထွက်ခွာသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။
” မနက်တိုင်းသူတို့ကို တွေ့နေကျပါ။ အခုမရှိတော့ဘူး။ စခန်းမှာ လူမရှိတော့တာတော့မှန်ပါတယ်။ ဘာကြောင့်ဆုတ်သွားလည်းဆိုတာတော့ မသိဘူး”ဟု ဆိုသည်။
ပလက်ဝမြို့နယ် အတွင်းရှိ သံထောင်စခန်းသည် နှစ်ပေါင်းများစွာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အစပ် လေးမြို့မြစ်အထက်ပိုင်းတွင် တည်ရှိသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် လေးမြို့မြစ် အထက်ပိုင်းတွင်တည်ရှိပြီး ခရီးသွားပြည်သူများ ဖြတ်ကျော်သွားလာရာ ဝင်ပေါက် ထွက်ပေါက်နေရာတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသော နေရာဖြစ်သဖြင့် စစ်သားနှင့် ရဲသား အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်သည့် စခန်းဖြစ်သည်ဟု သိရသည်။
ယင်းကျေးရွာအနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA)တပ်စခန်းများလည်း ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း သံထောင်စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကို အေအေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရဲစခန်းက လက်နက်များကို တောင်းခံခဲ့ဖူးသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ ရိက္ခာသယ်ယူလာသည့် ရဟတ်ယာဉ် တစ်စီးကို AA က လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
သံထောင်ကျေးရွာသည် လေးမြို့မြစ်ဖျားတွင်တည်ရှိပြီး စီးပွားရေးအရလည်း ဒေသအတွင်း အရေးပါပြီး ပြည်နယ် ၂ ခုကြားက ကျေးရွာတစ်ရွာဖြစ်ကာ လူဦးရေ (၂၀၀၀)ကျော် အိမ်ခြေ (၃၀၀) ရှိကြောင်း သိရသည်။
လက်ရှိတွင် အေအေတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းများ၊ ကင်းစခန်းများ၊ ရှေ့ကာကင်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေရာ ထိုတိုက်ခိုက်မှုကို မခံရအောင် စစ်ကောင်စီမှ စခန်းအချို့ကို ရုပ်သိမ်းပြီး အနီးအနားရှိ ပင်မစခန်းကြီးများတွင် ပူးပေါင်းထားသည်ဟု သိရသည်။
အလားတူ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ အင်အား ၁၀၀ ခန့် တပ်စွဲထားသည့် ကျောင်းတောင် စခန်းကိုလည်း ဩဂုတ် ၂၁ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့ကြသည်။ (NN-7)