Local News

စိုက္ပ်ိဳးေရးဆိုတာ ေရ နဲ႔မကင္းဘူးလို႔ စစ္ေကာင္စီဥကၠဌေျပာ

စိုက္ပ်ိဳးေရးဆိုတာ ေရနဲ႔မကင္းဘူးလို႔ စစ္ေကာင္စီဥကၠဌေျပာ

ဩဂုတ္ ၂၇

စိုက္ပ်ိဳးေရးဆိုတာ ေရနဲ႔မကင္းဘူးလို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။

ယင္းက “ စိုက္ပ်ိဳးေရးဆိုသည္မွာ ေရႏွင့္မကင္းေၾကာင္း၊ စိုက္ပ်ိဳးေရ၊ ေအာင္ေရမရဘဲ ရာသီသီးႏွံမ်ား မျဖစ္ထြန္းႏိုင္သကဲ့သို႔ ေရမရပါကလည္း မည္သည့္သီးႏွံမွ မျဖစ္ထြန္းႏိုင္ဘူး” လို႔ ေနျပည္ေတာ္မွာလုပ္တဲ့ ပူးေပါင္းပါဝင္ ဆည္ေျမာင္းစနစ္ျဖင့္ လယ္ယာက႑ႏွင့္ ေတာင္သူတို႔၏ လူမႈစီးပြားဘဝ ျမႇင့္တင္ေရးေဆြးေႏြးပြဲ မွာ ေျပာတာပါ။

ယင္းေၾကာင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနသည္ ဆည္ေျမာင္းစီမံကိန္း လုပ္ငန္းမ်ားျဖစ္သည့္ ေရေလွာင္တမံမ်ား၊ ေရလႊဲဆည္မ်ား၊ ေရတံခါးမ်ား၊

ေရေပးေျမာင္းမ်ားႏွင့္ ေရထိန္းအေဆာက္အအုံမ်ား၊ လွ်ပ္စစ္ျမစ္ေရတင္လုပ္ငန္းမ်ား၊ ေျမေအာက္ေရ ထုတ္ယူ သုံးစြဲသည့္ လုပ္ငန္းမ်ား၊ ေရအားလွ်ပ္စစ္ ထုတ္လုပ္ျခင္းႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး ေရေပး ေဝမႈလုပ္ငန္းမ်ား၊

ေျမေအာက္ေရထိန္း ေရေလွာင္တမံ လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ဆိုပါတယ္။

စိုက္ပ်ိဳးသီးႏွံမ်ား ေအာင္ျမင္ျဖစ္ထြန္းရန္၊ ေက်းလက္ေဒသမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္ ႐ြက္ ရာတြင္ ဆည္ေရေပးေဝမႈလုပ္ငန္းသည္ လြန္စြာအေရးပါသည့္အတြက္ ဆည္ေျမာင္း စီမံကိန္းမ်ားကို အေလးထား ရင္းႏွီးျမႇဳပ္ႏွံေပးလ်က္ရွိၿပီး

ဆည္ေရအရင္းအျမစ္မ်ားကို ထိထိေရာက္ေရာက္ အက်ိဳးရွိေအာင္ အသုံးခ်ကာ မိမိတို႔၏ စိုက္ပ်ိဳးေမြးျမဴေရးက႑ တိုးတက္ေျပာင္းလဲလာေအာင္ ေရွးရႈေဆာင္႐ြက္သြားၾကရမယ္ဆိုၿပီးေတာ့လည္း ယင္းက ထပ္မံ ေျပာပါတယ္။source-MyanmaPlatform

စိုက်ပျိုးရေးဆိုတာ ရေနဲ့မကင်းဘူးလို့ စစ်ကောင်စီဥက္ကဌပြော

ဩဂုတ် ၂၇

စိုက်ပျိုးရေးဆိုတာ ရေနဲ့မကင်းဘူးလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ယင်းက “ စိုက်ပျိုးရေးဆိုသည်မှာ ရေနှင့်မကင်းကြောင်း၊ စိုက်ပျိုးရေ၊ အောင်ရေမရဘဲ ရာသီသီးနှံများ မဖြစ်ထွန်းနိုင်သကဲ့သို့ ရေမရပါကလည်း မည်သည့်သီးနှံမှ မဖြစ်ထွန်းနိုင်ဘူး” လို့ နေပြည်တော်မှာလုပ်တဲ့ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ မှာ ပြောတာပါ။

ယင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ဆည်မြောင်းစီမံကိန်း လုပ်ငန်းများဖြစ်သည့် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊

ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ ထုတ်ယူ သုံးစွဲသည့် လုပ်ငန်းများ၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေပေး ဝေမှုလုပ်ငန်းများ၊

မြေအောက်ရေထိန်း ရေလှောင်တမံ လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက် ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် ဆည်မြောင်း စီမံကိန်းများကို အလေးထား ရင်းနှီးမြှုပ်နှံပေးလျက်ရှိပြီး

ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချကာ မိမိတို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြရမယ်ဆိုပြီးတော့လည်း ယင်းက ထပ်မံ ပြောပါတယ်။source-MyanmaPlatform