Local News

ဇနီးျဖစ္သူ အိမ္မွာလာေနတာကို ကူညီအားေပးအားေျမႇာက္ျပဳမႈျဖင့္ ပန္းခ်ီဆရာ ထိန္လင္းကို စစ္ေကာင္စီ တရားစြဲ

မင္းေအာင္လႈိင္ရဲ့ ဒီတကြက္က တကမာၻလုံး မ်-က္လုံးျပဴးရမယ္႔အကြက္

မိန္းမျဖစ္သူ သူ႔ေယာက္က်ားအိမ္ လုိက္ေနတာဟာ ကူညီအားေပး အားေျမွာက္ျပဳမႈျဖစ္တယ္ ဆုိျပီးUK သံအမတ္ေဟာင္းရဲ့ အမ်ဳိးသားပန္းခ်ီဆရာထိန္လင္းကုိ ဖ-မ္းဆီး

လဝက ပုဒ္မ ၁၃(၅)နဲ႔ အမႈဖြင့္ထားေနာက္ဆုိ လင္မယားေတြ အိမ္မွာေဖ-ာင္းဒုိ-င္း လုပ္ခ်င္ရင္ေတာင္စစ္ေကာင္စီထံ ခြင့္ျပဳခ်က္ တင္ျပီးမွခြင့္ျပဳခ်က္ရမွ ေဖ-ာင္းဒုိ-င္းရမယ္အမိန္႔ေတြ ထုတ္ေနအုံးမလားမသိ ကမာၻေက်ာ္သင့္တဲ႔အေၾကာင္းျပခ်က္ !

သတင္းျဖစ္စဥ္

ဇနီးျဖစ္သူ အိမ္မွာလာေနတာကို ကူညီအားေပးအားေျမႇာက္ျပဳမႈျဖင့္ ပန္းခ်ီဆရာ ထိန္လင္းကို စစ္ေကာင္စီ တရားစြဲ

ပန္းခ်ီဆရာ ထိန္လင္းကို သူ႔ရဲ႕ ဇနီးျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီဘိုးမန္း ေနအိမ္မွာအတူ လာေရာက္ေနထိုင္တာကို ကူညီအားေပးအားေျမႇာက္ျပဳခဲ့မႈနဲ႔ အၾကမ္းဖက္စစ္ေကာင္စီက စြပ္စြဲၿပီး ဖမ္းဆီး တရားစြဲဆိုထားပါတယ္။

သူတို႔ ဇနီးေမာင္ႏွံကိုေတာ့ ၿပီးခဲ့တဲ့ ဩဂုတ္ ၂၄ ရက္မွာ ရန္ကုန္ၿမိဳ႕က စမ္းေခ်ာင္းၿမိဳ႕နယ္ ပန္းလႈိင္အိမ္ရာမွာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးသြားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီဘိုးမန္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၈ ရက္မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာခဲ့ၿပီး သူ႔ကို ေနထိုင္ခြင့္ျပဳထားတာဟာ စမ္းေခ်ာင္းၿမိဳ႕နယ္ ပန္းလႈိင္အိမ္ရာမွာ ျဖစ္ေပမယ့္ သူတို႔ ဇနီးေမာင္ႏွံဟာ ၂၀၂၁ ခုႏွစ္ ေမလ ၄ ရက္မွ ၾသဂုတ္ ၉ ရက္ေန႔အထိ ရွမ္းျပည္နယ္ ကေလာၿမိဳ႕က ဦးထိန္လင္း အိမ္မွာ ေနထိုင္ခဲ့ၾကတယ္လို႔ စစ္ေကာင္စီရဲ႕ မီဒီယာေတြကို ေျပာၾကားခ်က္မွာ ေဖာ္ျပပါတယ္။

အဲဒီလို ေနထိုင္ရာမွာ ႏိုင္ငံျခားသားမွတ္ပုံတင္လက္မွတ္မွာ လိပ္စာေျပာင္း ေလွ်ာက္ထားဖို႔ ပ်က္ကြက္တဲ့အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီဘိုးမန္းကို စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွာ လဝက ဥပေဒပုဒ္မ ၁၃(၁)နဲ႔ အမႈဖြင့္ထားတယ္လို႔ ဆိုပါတယ္။

ဦးထိန္လင္းကိုေတာ့ ထုတ္ျပန္ထားတဲ့ တည္ဆဲဉပေဒကို ဆန႔္က်င္ၿပီးေတာ့ ဇနီးျဖစ္သူ ေနထိုင္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ေနရပ္လိပ္စာေျပာင္းေ႐ႊ႕ေနထိုင္တာကို သိရက္နဲ႔ ဆက္လက္ေနထိုင္ဖို႔ ကူညီ အားေပးအားေျမႇာက္ျပဳခဲ့တာေၾကာင့္ လဝကဥပေဒပုဒ္မ ၁၃(၅) နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

ဗစ္ကီဘိုးမန္းဟာ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးအျဖစ္ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီး လက္ရွိမွာေတာ့ ကုန္သြယ္ေရး၊ စီးပြားေရးတို႔မွာ အေလ့အက်င့္ေကာင္းေတြကို ျမႇင့္တင္ေပးႏိုင္ဖို႔ ရည္႐ြယ္ကာ အေနာက္တိုင္းက အလႉရွင္ေတြ ေထာက္ပံ့မႈနဲ႔ တည္ေထာင္ထားတဲ့ အဖြဲ႕အစည္းတခုျဖစ္တဲ့ တာဝန္သိ စီးပြားေရး ျမန္မာစင္တာ Myanmar Center for Responsible Business (MCRB) ကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။credit

မင်းအောင်လှိုင်ရဲ့ ဒီတကွက်က တကမ္ဘာလုံး မျ-က်လုံးပြူးရမယ့်အကွက်

မိန်းမဖြစ်သူ သူ့ယောက်ကျားအိမ် လိုက်နေတာဟာ ကူညီအားပေး အားမြှောက်ပြုမှုဖြစ်တယ် ဆိုပြီးUK သံအမတ်ဟောင်းရဲ့ အမျိုးသားပန်းချီဆရာထိန်လင်းကို ဖ-မ်းဆီး

လဝက ပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်ထားနောက်ဆို လင်မယားတွေ အိမ်မှာဖေ-ာင်းဒို-င်း လုပ်ချင်ရင်တောင်စစ်ကောင်စီထံ ခွင့်ပြုချက် တင်ပြီးမှခွင့်ပြုချက်ရမှ ဖေ-ာင်းဒို-င်းရမယ်အမိန့်တွေ ထုတ်နေအုံးမလားမသိ ကမ္ဘာကျော်သင့်တဲ့အကြောင်းပြချက် !

သတင်းဖြစ်စဉ်

ဇနီးဖြစ်သူ အိမ်မှာလာနေတာကို ကူညီအားပေးအားမြှောက်ပြုမှုဖြင့် ပန်းချီဆရာ ထိန်လင်းကို စစ်ကောင်စီ တရားစွဲ

ပန်းချီဆရာ ထိန်လင်းကို သူ့ရဲ့ ဇနီးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း နေအိမ်မှာအတူ လာရောက်နေထိုင်တာကို ကူညီအားပေးအားမြှောက်ပြုခဲ့မှုနဲ့ အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

သူတို့ ဇနီးမောင်နှံကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ရန်ကုန်မြို့က စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သူ့ကို နေထိုင်ခွင့်ပြုထားတာဟာ စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ဖြစ်ပေမယ့် သူတို့ ဇနီးမောင်နှံဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့က ဦးထိန်လင်း အိမ်မှာ နေထိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကို ပြောကြားချက်မှာ ဖော်ပြပါတယ်။

အဲဒီလို နေထိုင်ရာမှာ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်မှာ လိပ်စာပြောင်း လျှောက်ထားဖို့ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဦးထိန်လင်းကိုတော့ ထုတ်ပြန်ထားတဲ့ တည်ဆဲဉပဒေကို ဆန့်ကျင်ပြီးတော့ ဇနီးဖြစ်သူ နေထိုင်မှုနဲ့ ပတ်သက်ပြီးတော့ နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်တာကို သိရက်နဲ့ ဆက်လက်နေထိုင်ဖို့ ကူညီ အားပေးအားမြှောက်ပြုခဲ့တာကြောင့် လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။credit