Local News

အိမ္ကမိခင္ျဖစ္သူနဲ႔ အဆက္အသြယ္မရ တဲ့ျပည္သူ႔ရဲေဘာ္ PDF ေလးတစ္ဦး ရဲ႕ မိခင္အတြက္ေရးထားတဲ့ ကဗ်ာ

အိမ္ကမိခင္ျဖစ္သူနဲ႔ အဆက္အသြယ္မရ တဲ့ျပည္သူ႔ရဲေဘာ္ PDF ေလးတစ္ဦး ရဲ႕ မိခင္အတြက္ေရးထားတဲ့ ကဗ်ာ

ေတာင္တန္းေတြမွာ မိုး႐ြာရင္ေနထြက္ဖို႔ခက္ခဲလွတယ္အေမ

ေတာမွာခိုလႈံခဲ့တဲ့အေမ့သားလဲအိမ္ျပန္ဖို႔ခက္ခဲခဲ့ၿပီအေမ

အလြမ္းေတြကို ၿမိဳသိမ့္ႏွစ္သက္မႈ မဟုတ္တဲ့ဒီလမ္းစဥ္မွာကိုယ္တိုင္ ႏွစ္သိမ့္ရင္းေျဖသိမ့္စြာ ေနပါတယ္ အေမ

တစ္ခ်ိဳ႕ေတြသိပ္ေနႏိုင္ရက္ၾကတာပဲ အေမ

ၿမိဳ႕မွာေန ေပ်ာ္ပြဲဆင္လို႔Clubေတြမွာလဲ လူေတြစည္ကားေနတယ္

ဒါေတြေတြ႕ေတာ့ အေမေလ သားကိုဆူေနမလား…….

ေတာင္ျပာတန္းေတြ ႏွင္းၿမဳံေတြၾကားကအေမ့သားေလတေန႔ေတာ့ အိမ္ကိုျပန္ရင္းအေမ့ကို ေပြ႕ဖက္ဖို႔ ေျပးလာခဲ့ပါမယ္

အခုေတာ့ ဒီေတာဒီေတာင္ေလးကဌက္ေက်းသံ စစ္ခ်ီေအာ္သံစမ္းေရစီးသံ ေလညႇင္းသံေလးေတြၾကားမွာ

အေမ့ကို လြမ္းရင္းေပးဆပ္ရင္းနဲ႔ေနပါရေစအုံး အေမ…………

JahimKham

အိမ်ကမိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရ တဲ့ပြည်သူ့ရဲဘော် PDF လေးတစ်ဦး ရဲ့ မိခင်အတွက်ရေးထားတဲ့ ကဗျာ

တောင်တန်းတွေမှာ မိုးရွာရင်နေထွက်ဖို့ခက်ခဲလှတယ်အမေ

တောမှာခိုလှုံခဲ့တဲ့အမေ့သားလဲအိမ်ပြန်ဖို့ခက်ခဲခဲ့ပြီအမေ

အလွမ်းတွေကို မြိုသိမ့်နှစ်သက်မှု မဟုတ်တဲ့ဒီလမ်းစဉ်မှာကိုယ်တိုင် နှစ်သိမ့်ရင်းဖြေသိမ့်စွာ နေပါတယ် အမေ

တစ်ချို့တွေသိပ်နေနိုင်ရက်ကြတာပဲ အမေ

မြို့မှာနေ ပျော်ပွဲဆင်လို့Clubတွေမှာလဲ လူတွေစည်ကားနေတယ်

ဒါတွေတွေ့တော့ အမေလေ သားကိုဆူနေမလား…….

တောင်ပြာတန်းတွေ နှင်းမြုံတွေကြားကအမေ့သားလေတနေ့တော့ အိမ်ကိုပြန်ရင်းအမေ့ကို ပွေ့ဖက်ဖို့ ပြေးလာခဲ့ပါမယ်

အခုတော့ ဒီတောဒီတောင်လေးကဌက်ကျေးသံ စစ်ချီအော်သံစမ်းရေစီးသံ လေညှင်းသံလေးတွေကြားမှာ

အမေ့ကို လွမ်းရင်းပေးဆပ်ရင်းနဲ့နေပါရစေအုံး အမေ…………

JahimKham