မႏၲေလးတြင္ မဘသႏွင့္စစ္တပ္သတင္းေပး ေနနီေအာင္ကို မိုက္ကယ္ေက်ာ္ျမင့္က အေႂကြးကိစၥအတြက္ စစ္အရာရွိႏွင့္ပူးေပါင္းသ-တ္ျဖတ္ဟု မဘသႏွင့္ အမ်ိဳးသားေရးသမားမ်ားေျပာ
ရန္ကုန္၊ ဩဂုတ္ ၂၈
မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွ စစ္တပ္ သတင္း ေပးခဲ့သူဟု သတ္မွတ္ခံရသူ ေနနီေအာင္ သည္ ဩဂုတ္လ ၂ ရက္ေန႔တြင္ အသတ္ခံရၿပီး အေလာင္းကို အျမန္လမ္းေဘးတြင္ စြန႔္ပစ္ခံခဲ့ရကာ သတ္ျဖတ္မႈကို မိုက္ကယ္ေက်ာ္ျမင့္က အေႂကြးကိစၥအတြက္ စစ္အရာရွိႏွင့္ပူးေပါင္းသတ္ျဖတ္သည္ဟု မဘသႏွင့္အမ်ိဳးသားေရးသားမ်ားက စြပ္စြဲေျပာ ဆိုျ့သည္။
မႏၲေလး ၊ ခ်မ္ျမသာစည္ၿမိဳ႕နယ္၊ ထြန္းတုံးၿမိဳ႕သစ္ရွိ Apex ေဘာ္ဒါကို ယမန္ ႏွစ္ ဇြန္လ ၂၂ ရက္ေန႔ စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့မႈတြင္ PDF ၄ ဦးႏွင့္ ျပည္သူ ၄ ဦး ေသဆုံးကာ PDF ၆ ဦး အဖမ္းခံခဲ့ရေၾကာင္း၊ ယင္းျဖစ္စဥ္တြင္ စစ္တပ္သတင္းေပး အျဖစ္ ေနနီေအာင္က ပါဝင္ေဆာင္႐ြက္ခဲ့ေၾကာင္း ၊
ေနနီေအာင္ သည္ ၂၀၂၁ ခုႏွစ္ ဇြန္လ ၂၂ ရက္ေန႔ ထြန္တုံးၿမိဳ႕သစ္၊ Apex ေဘာ္ဒါေဆာင္ စီးနင္းရခံမႈ၏ ေနာက္ ဆက္တြဲ မႏၲေလး PDF ေခါင္းေဆာင္ ဗိုလ္ထြန္းေတာက္ႏိုင္ အပါအဝင္ PDF မ်ား ဖမ္းဆီးခံရျခင္း၊ PDF ၄ ဦးႏွင့္ ျပည္သူ ၄ ဦး ေသဆုံးေစခဲ့မႈတြင္ အဓိက သတင္းေပးခဲ့သူျဖစ္ေၾကာင္း၊ သတင္းေပးခဲ့မႈ ကိုလည္း ၎၏ အသိုင္းအ၀ိုင္းတြင္ ၎ကိုယ္တိုင္ထုတ္ေဖာ္ ဝန္ခံခဲ့ေၾကာင္း သိရွိရသည္။
ယင္းေနာက္ပိုင္း ေနနီေအာင္က ေအာင္ပင္လယ္ရဲစခန္းႏွင့္ပူးေပါင္းကာ ျပည္သူမ်ားကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္၊ ၿခိမ္းေျခာက္၊ ေငြေၾကးေတာင္းခံ ျပန္လႊတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ဘုန္းႀကီးဝတ္၍ တိမ္းေရွာင္ ေနထိုင္ခဲ့ရာမွ ဩဂုတ္လ ၂ ရက္ေန႔တြင္ သတ္ျဖတ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဩဂုတ္လ ၁ ရက္ေန႔တြင္ စစ္တပ္က ေနနီေအာင္ကို နန္းတြင္ စစ္ေၾကာေရးသို႔ ေခၚယူသြားခဲ့ၿပီး ဩ ဂုတ္လ ၂ ရက္ေန႔တြင္ မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္၊ အျမန္လမ္း မိုင္တိုင္ ၃၆၄ ႏွင့္ ၄ ဖာလုံတြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ ေနနီေအာင္ႏွင့္အတူ အမ်ိဳးသားတစ္ဦး၏ အေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း သိရွိရသည္။
မိုက္ကယ္ေက်ာ္ျမင့္သည္ ေနနီေအာင္ထံသို႔ အေႂကြးေပးရန္ ေတာင္းဆိုသည့္ အသံဖိုင္ သက္ေသ ထြက္ေပၚလ်က္ရွိၿပီး အသံဖိုင္တြင္ ေငြေၾကးမေပးႏိုင္ပါက ေျမကြက္မ်ား ေပးရန္ ေတာင္းဆိုေၾကာင္း၊ အဓိကအားျဖင့္ မႏၲေလး အပါအဝင္ ႏိုင္ငံတစ္ဝန္း ျပဳလုပ္ခဲ့သည့္ စစ္တပ္ေထာက္ခံပြဲ ေငြမ်ား ခြဲေဝရာမွ အခ်င္းခ်င္း ျဖတ္ခုတ္လုၾကသည့္ အေႂကြးဟု သိရွိရေၾကာင္း မဘသ အသိုင္းအ၀ိုင္းက ေျပာသည္။
“အရင္ႏွစ္ေတြက တပ္ေထာက္ခံပြဲေငြေတြ ေနနီေအာင္က မေပးဘဲ ျဖတ္ခုတ္တယ္။ သိန္း ၅၀၀၀ ေလာက္ရွိတယ္ေျပာတယ္ဗ်။ ေနနီေအာင္က အလုပ္ထဲမွာ ရင္းႏွီးထားလို႔ပါ ဆိုၿပီး ေပးမယ္၊ ေပးမယ္နဲ႔ ရက္ေ႐ႊ႕တယ္ေပါ့။ ျပႆနာျဖစ္စဥ္အစအဆုံး မသိေပမယ့္ မိုက္ကယ္ေက်ာ္ျမင့္နဲ႔ ေနနီေအာင္ ေျပာတဲ့ ဖုန္းအသံဖိုင္ေတြ လိုင္းေပၚတက္လာတယ္။ မိုက္ကယ္ေက်ာ္ျမင့္က အေႂကြးရဖို႔ မႏၲေလးမွာ ေနနီေအာင္ကို လာေစာင့္တယ္။
အခုေနာက္ဆုံး ေနနီေအာင္ အသတ္ခံရတာက မိုက္ကယ္ေက်ာ္ျမင့္ လက္ခ်က္လို႔ ဒီဘက္ အသိုင္းအ၀ိုင္းက သုံးသပ္တယ္။ မိုက္ကယ္ေက်ာ္ျမင့္ကလည္း သူနဲ႔ပိုင္တဲ့စစ္အရာရွိေတြ ဝိတ္သုံးၿပီး ျပန္ၿဖဲတယ္။ ရႈပ္ေတာ့ ရႈပ္ေနတယ္။ မိုက္ကယ္ေက်ာ္ျမင္က အခု မဘသနဲ႔ အမ်ိဳး သားေရးသမားေတြရဲ႕ ရန္သူလိုျဖစ္လာေနတယ္။ ဒါက သိရသေလာက္ပါ” ဟု မဘသအသိုင္းအ၀ိုင္းက ဆိုသည္။
ယမန္ေန႔ မႏၲေလးတြင္ မွားယြင္းပစ္ခတ္ခံမႈေၾကာင့္ ကြယ္လြန္သြားေသာ ကိုစည္သူကိုကိုႏွင့္ မႏွင္းေဝေဝလႈိင္အတြက္ မိုက္ကယ္ေက်ာ္ျမင့္ႏွင့္ အေပါင္းအပါ မ်ားက ဆႏၵျပမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။
မန္တလေးတွင် မဘသနှင့်စစ်တပ်သတင်းပေး နေနီအောင်ကို မိုက်ကယ်ကျော်မြင့်က အကြွေးကိစ္စအတွက် စစ်အရာရှိနှင့်ပူးပေါင်းသ-တ်ဖြတ်ဟု မဘသနှင့် အမျိုးသားရေးသမားများပြော
ရန်ကုန်၊ ဩဂုတ် ၂၈
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ စစ်တပ် သတင်း ပေးခဲ့သူဟု သတ်မှတ်ခံရသူ နေနီအောင် သည် ဩဂုတ်လ ၂ ရက်နေ့တွင် အသတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရကာ သတ်ဖြတ်မှုကို မိုက်ကယ်ကျော်မြင့်က အကြွေးကိစ္စအတွက် စစ်အရာရှိနှင့်ပူးပေါင်းသတ်ဖြတ်သည်ဟု မဘသနှင့်အမျိုးသားရေးသားများက စွပ်စွဲပြော ဆိုြ့သည်။
မန္တလေး ၊ ချမ်မြသာစည်မြို့နယ်၊ ထွန်းတုံးမြို့သစ်ရှိ Apex ဘော်ဒါကို ယမန် နှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့မှုတွင် PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးကာ PDF ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်တပ်သတင်းပေး အဖြစ် နေနီအောင်က ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊
နေနီအောင် သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ထွန်တုံးမြို့သစ်၊ Apex ဘော်ဒါဆောင် စီးနင်းရခံမှု၏ နောက် ဆက်တွဲ မန္တလေး PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် အပါအဝင် PDF များ ဖမ်းဆီးခံရခြင်း၊ PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးစေခဲ့မှုတွင် အဓိက သတင်းပေးခဲ့သူဖြစ်ကြောင်း၊ သတင်းပေးခဲ့မှု ကိုလည်း ၎င်း၏ အသိုင်းအဝိုင်းတွင် ၎င်းကိုယ်တိုင်ထုတ်ဖော် ဝန်ခံခဲ့ကြောင်း သိရှိရသည်။
ယင်းနောက်ပိုင်း နေနီအောင်က အောင်ပင်လယ်ရဲစခန်းနှင့်ပူးပေါင်းကာ ပြည်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ ခြိမ်းခြောက်၊ ငွေကြေးတောင်းခံ ပြန်လွှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်၍ တိမ်းရှောင် နေထိုင်ခဲ့ရာမှ ဩဂုတ်လ ၂ ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် စစ်တပ်က နေနီအောင်ကို နန်းတွင် စစ်ကြောရေးသို့ ခေါ်ယူသွားခဲ့ပြီး ဩ ဂုတ်လ ၂ ရက်နေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၃၆၄ နှင့် ၄ ဖာလုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော နေနီအောင်နှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
မိုက်ကယ်ကျော်မြင့်သည် နေနီအောင်ထံသို့ အကြွေးပေးရန် တောင်းဆိုသည့် အသံဖိုင် သက်သေ ထွက်ပေါ်လျက်ရှိပြီး အသံဖိုင်တွင် ငွေကြေးမပေးနိုင်ပါက မြေကွက်များ ပေးရန် တောင်းဆိုကြောင်း၊ အဓိကအားဖြင့် မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲ ငွေများ ခွဲဝေရာမှ အချင်းချင်း ဖြတ်ခုတ်လုကြသည့် အကြွေးဟု သိရှိရကြောင်း မဘသ အသိုင်းအဝိုင်းက ပြောသည်။
“အရင်နှစ်တွေက တပ်ထောက်ခံပွဲငွေတွေ နေနီအောင်က မပေးဘဲ ဖြတ်ခုတ်တယ်။ သိန်း ၅၀၀၀ လောက်ရှိတယ်ပြောတယ်ဗျ။ နေနီအောင်က အလုပ်ထဲမှာ ရင်းနှီးထားလို့ပါ ဆိုပြီး ပေးမယ်၊ ပေးမယ်နဲ့ ရက်ရွှေ့တယ်ပေါ့။ ပြဿနာဖြစ်စဉ်အစအဆုံး မသိပေမယ့် မိုက်ကယ်ကျော်မြင့်နဲ့ နေနီအောင် ပြောတဲ့ ဖုန်းအသံဖိုင်တွေ လိုင်းပေါ်တက်လာတယ်။ မိုက်ကယ်ကျော်မြင့်က အကြွေးရဖို့ မန္တလေးမှာ နေနီအောင်ကို လာစောင့်တယ်။
အခုနောက်ဆုံး နေနီအောင် အသတ်ခံရတာက မိုက်ကယ်ကျော်မြင့် လက်ချက်လို့ ဒီဘက် အသိုင်းအဝိုင်းက သုံးသပ်တယ်။ မိုက်ကယ်ကျော်မြင့်ကလည်း သူနဲ့ပိုင်တဲ့စစ်အရာရှိတွေ ဝိတ်သုံးပြီး ပြန်ဖြဲတယ်။ ရှုပ်တော့ ရှုပ်နေတယ်။ မိုက်ကယ်ကျော်မြင်က အခု မဘသနဲ့ အမျိုး သားရေးသမားတွေရဲ့ ရန်သူလိုဖြစ်လာနေတယ်။ ဒါက သိရသလောက်ပါ” ဟု မဘသအသိုင်းအဝိုင်းက ဆိုသည်။
ယမန်နေ့ မန္တလေးတွင် မှားယွင်းပစ်ခတ်ခံမှုကြောင့် ကွယ်လွန်သွားသော ကိုစည်သူကိုကိုနှင့် မနှင်းဝေဝေလှိုင်အတွက် မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါ များက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။