Local News



ရန်ကုန်၊ ဩဂုတ် ၂၈




ကရင်နီပြည်တွင် အရပ်သားဟန်ဆောင်ကာ လာရောက်ထောက်လှမ်းသော ခလရ ၁ မှ စစ်သား တစ်ဦးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဖမ်းမိ

ရန်ကုန်၊ ဩဂုတ် ၂၈

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (လွိုင်ကော်ဇုန်) KNDF တပ်ရင်း ၂ လှုပ်ရှားနေမြေအတွင်းသို့ အရပ်သားပြည်သူ ဟန်ဆောင်ကာ လာရောက်ထောက်လှမ်းသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ မှ တပ်သားတစ်ဦးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်သားကို KNDF တပ်ရင်း ၂ တပ်ခွဲ ၂၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃ လက်အောက်ခံ တပ်ရင်း ၁၀၀၈ နှင့် LKPDF တို့ကဖမ်းဆီးမိပြီးနောက် စစ်ဆေးရာ ပစ်မှုထင်ရှားသဖြင့် ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ထံ လွှဲပြောင်းပေးလိုက်ကြောင်း KNDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ကရင်နီပူးပေါင်းတပ်ဖွဲ့က ဖမ်းမိသည့် တပ်မ ၆၆၊ ခလရ ၁ မှ စစ်သား