Local News












တော်ဝင်နောင် (MasK.)

တခါတလေ သိပ်ပင်ပန်းခက်ခဲတယ်။တခါတလေ အငတ်ငတ် အပြတ်ပြတ်။

တခါတလေ ရင်ထဲ ဒိ-န်းခနဲ ဆော-င့်တက်သွားတဲ့အဖြစ်အပျက်တွေက နဖူးတွေ့ဒူးတွေ့။

တခါတလေ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်လက်ပေါ်မှာတင် အသ-က်ထွ-က်သွားတယ်။

တခါတလေ မိသားစုကို လွမ်းလို့မျက်ရည် ခိုး “ဝဲ” ရတယ်။

တခါတလေ ကျ-ည်တွေက ပွတ်ကာသီကာကိုယ့် နားရွက်ဘေးက ဖြတ်သွားတယ်။

တခါတလေ ရှင်သန်နေသေးသားဘဲ ဆိုတဲ့အသိနဲ့ သက်ပြင်းချရတာ အခါခါ။

ကွန်ပျူတာကိုင်တဲ့လက်တွေမှာ လူသ-တ်လ-က်န-က်အစားထိုးရတာ ဘဝမှာ အခက်အခဲဆုံး အလုပ်တခု ဖြစ်ခဲ့တယ်။

ကြောက်လား ဆိုရင်တော့ ဟင့်အင်း။ရပ်တော့မလား ဆိုရင်တော့ ဟင့်အင်း။

ငါတို့ရဲ့ ” လူငယ်ကတိသစ္စာ ” ဟာ ဒီကမ္ဘာမြေကြီးကိုပါကိုင်လှုပ်နိုင်တယ်။ ဒီလို ယုံကြည်ခိုင်မာနေတဲ့စိတ်ဓာတ်အားတွေနဲ့ ငါတို့ ရှင်သန်နေကြတယ်။

ငါတို့နိုင်ငံကို ငါတို့လက်နဲ့ အစက ပြန်တည်မယ်။

တော်ဝင်နောင် (MasK.)