Local News

မ်က္ႏွာမြဲတို႔အသက္ ဘယ္လိုသ-တ္သ-တ္ ေ-သ၏

မ်က္ႏွာမြဲတို႔အသက္ ဘယ္လိုသတ္သတ္ ေသ၏ (အေတြးအျမင္)

ေျမလတ္အသံ၊ ဩဂုတ္ ၂၈၊ ၂၀၂၂။

ဟုတ္ပါတယ္ က်ဳပ္တို႔က မ်က္ႏွာမြဲေတာ္လွန္ေရးသမားေတြေပါ့၊ မ်က္ႏွာမြဲလြန္းေတာ့လည္း ေတာ္လွန္ေရးသမားလို႔ နာမည္တပ္ရမွာလည္း ခပ္႐ြံ႕႐ြံ႕ပါပဲ။

က်ဳပ္တို႔ဆိုတာကေတာ့ ေျမလတ္၊ အညာေဒသေတြက အကာအကြယ္မဲ့၊ အေထာက္အပံ့နည္း ေတာ္လွန္ေရးသမားေတြကို ဆိုလိုတာပါ။ခုေျပာမွာကေတာ့ ေျမလတ္ေဒသကို အဓိကထားၿပီးေျပာမွာပါ။

ၿပီးခဲ့တဲ့ရက္က ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕က ေဒသအေျခစိုက္ေတာ္လွန္ေရးစခန္းတခုကို လူသတ္ရာဇဝတ္ေကာင္ေတြ ဝင္စီးလို႔ အဖမ္းခံရသူခံရ၊ အသတ္ခံရသူခံရနဲ႔ အင္မတန္စိတ္ႏွလုံးမခ်မ္းေျမ့ဖြယ္ရာသတင္းပါပဲ။အံတႀကိတ္ႀကိတ္နဲ႔ ခံစားရခက္တဲ့အထဲ ထိပ္ဆုံးကေတာ့ က်ဳပ္တို႔ေျမျပင္က နီးနီး၊ ေဝးေဝးမွာရွိၾကတဲ့ ရဲေဘာ္ေတြပဲ။

ဓါတ္ပုံေတြကို ၾကည့္လိုက္ျပန္ေတာ့လည္း တူမီး၊ လက္လုပ္၊ ဆိုလာခ်ပ္တခ်ိဳ႕ … ဪ ေတာ္လွန္ေရးကာလတႏွစ္ခြဲ ေမာင္းျပန္ေတာင္မကိုင္ႏိုင္ၾကတဲ့ တို႔ပဲခူးအေနာက္မ်က္ႏွာမြဲေတြပါလား။ပဲခူး႐ိုးမအေျချပဳလို႔ တိုက္ပြဲဝင္ေနတဲ့က်ဳပ္တို႔ဆိုတာ ရိကၡာ၊အဆက္အသြယ္ေတြကို ရန္သူက ပိုင္ပိုင္ႏိုင္ႏိုင္ ျဖတ္ေတာက္ထားခံရတဲ့အေျခအေနပဲ။ၿမိဳ႕ေပၚမွာလည္း က်ဳပ္တို႔ေတာ္လွန္ေရးတပ္ဖြဲ႕ေတြကို ကူညီေထာက္ပံ့သူေတြဆိုတာ အင္မတန႔္ အင္မတန္မွ နည္းပါးလြန္းလွတယ္။

တခ်ိန္က NLD လိုပါတီႀကီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးတို႔၊ ေအာင္ႏိုင္သြားတဲ့အခ်ိန္ ပြဲခံၾကတုန္းက ၿမိဳ႕ေပၚသူေဌးသူႂကြယ္ေတြဟာ ထိပ္ဆုံးက ပါခဲ့ၾကသတဲ့။အမတ္ျဖစ္သြားတဲ့သူေတြဆိုတာလည္း အဲဒီအခ်ိန္ေတြကတည္းက ျပည္သူဘက္ကို ျပန္ၾကည့္တာကနည္းနည္း၊ အုပ္ခ်ဳပ္ေရးမႉးတို႔လို အရာရွိေတြနဲ႔ တတြဲတြဲ အရက္ဆိုင္ထိုင္၊ ေကတီဗီထိုင္နဲ႔ ေနရတာကို သူတို႔မွာ ဂုဏ္ယူစရာတခုလိုပဲ။

ခုမ်ားေတာ့ အဲဒီအမတ္ေတာ္ေတာ္မ်ားမ်ားလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္၊ မေပ်ာက္ႏိုင္တဲ့ အမတ္ေတြလည္း လြတ္ေျမာက္နယ္ေျမ ဒါမွမဟုတ္ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ပကဖ၊ ပအဖေတြမွာ တာဝန္ယူၾကရတယ္။တခ်ိန္က ဒီမိုကေရစီလက္သီးလက္ေမာင္းတန္းတဲ့ သူေဌးသူႂကြယ္တို႔ဟာလည္း ခုခ်ိန္မွာ မ်ိဳးေဆြဝင္းဖလား၊ ေဘာလုံးပြဲ၊ ျခင္းလုံးပြဲေတြ၊ ေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာ ထိပ္ဆုံးကေန တက္တက္ႂကြႂကြ ကြၽန္လက္မွတ္ရဖို႔ ခံယူေနၾကကုန္ၿပီ။

အာဏာသိမ္းအခါေတာ္ေပး၊ ေျမႇာက္ပင့္တဲ့ ႀကံ့ဖြတ္၊ မဘသေတြ၊ ၿမိဳ႕နယ္ကဗိုလ္မႉးဆိုတဲ့ေကာင္ေတြနဲ႔ ေဂါက္႐ိုက္၊ ပရဟိတေတြကို ကာဗာလုပ္ျပနဲ႔ အေနအစားအဆင္ေျပေနၾကၿပီ။ဖက္ဆစ္စစ္တပ္ ယုတ္မာမႈကို က်ဳပ္တို႔ထည့္မေျပာတာ အံ့ဩစရာမရွိလို႔ပါပဲ။
တစ္ႏိုင္ငံလုံးမွာ မီးေလာင္ျပာက်၊ စီးပြားေရးေဇာက္ထိုးက်၊ လူသတ္၊ မုဒိန္းက်င့္ခံေနရခ်ိန္မွာေတာ့ သာယာေအးခ်မ္းလွတဲ့ က်ဳပ္တို႔ၿမိဳ႕ေတြဆီမွာ လုံလုံၿခဳံၿခဳံ သပိတ္ေမွာက္ဆန႔္က်င္လို႔ရတဲ့ မင္းေအာင္လႈိင္တို႔ ထုတ္ကုန္ေတြကို ၿမိန္ေရယွက္ေရ သုံးေဆာင္းလို႔ေကာင္းေနတုန္းပဲ။

မ်က္ႏွာမြဲေတာ္လွန္ေရးသမားေတြ က်ဳပ္တို႔ကေတာ့ လက္နက္တလက္ သိန္းတရာဝန္းက်င္ရဖို႔ ေငြဆယ္သိန္းရဖို႔ ေငြတသိန္းရဖို႔ NUG ကို တင္ျပ၊ နားပူနားဆာလုပ္လည္း ဆင္ပါးစပ္ႏွမ္းပက္တာေလာက္ေတာင္မလာ။ေတာနက္ထဲမွာ အေျခခ်ေနထိုင္ရတာျဖစ္လို႔ အင္တာနက္ကသုံးလို႔မရ၊ ေဈးေပါေပါ အၾကမ္းစီးေတာစီးဖိနပ္ေတာင္ မစီးႏိုင္ၾက၊ ယူနီေဖာင္းဆိုတာ ရဲေဘာ္ကိုယ္စီစိတ္ထဲမွာ သူမ်ားနည္းတူဝတ္ခ်င္ၾကေပမယ့္ မရွိမွန္းသိ၊ မရမွန္းသိေတာ့ ရွိတဲ့လက္လုပ္ေသနတ္ေတြကိုသာ အျမတ္တႏိုး တန္ဖိုးထားၿပီး ေမာင္းျပန္ေသနတ္သဖြယ္ ကိုင္ေဆာင္ထားၾကတယ္။

ဒီတခ်က္ထိုး လက္လုပ္ေတြဆိုတာကလည္း လူတိုင္းေတာင္ ကိုင္ႏိုင္ၾကတာမဟုတ္။ ခပ္ၾကမ္းၾကမ္းေျပာရရင္ စုတ္စုတ္ျပတ္ျပတ္ သူေတာင္းစားသာသာ က်ဳပ္တို႔ေပါ့ဗ်ာ။ဖက္ဆစ္ေတြ စစ္ေၾကာင္းထိုးလာရင္ ပါတဲ့အင္အားကမွ ဆယ္ေယာက္ဝန္းက်င္ေလာက္ကိုေတာင္မွ ၾကာၾကာခံမပစ္ႏိုင္တဲ့က်ဳပ္တို႔ဗ်။

အရာအားလုံးကို စြန႔္လႊတ္ထားၿပီးသူေတြမို႔ စားေရးေသာက္ေရး ဘယ္လိုေနထိုင္ရတယ္ဆိုတာေတြကို စာဖြဲ႕ေနမယ့္သူေတြမဟုတ္သလို အားလုံးေမွ်ာ္လင့္ခ်က္ကတခုပါပဲ အဲဒါက ဂန္းရဖို႔။ဂန္းရဖို႔ကလည္း က်ဳပ္တို႔ေဒသအတြက္ေတာ့ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါပဲ။ ကမာၻ႔မီဒီယာေတြ၊ ျမန္မာ့မီဒီယာေတြအထက္ သတင္းေတြျဖစ္ေအာင္ က်ဳပ္တို႔က ထိုးစစ္၊ တိုက္စစ္ေတြမဖြင့္ႏိုင္ေတာ့ ဒလန္ရွင္းတာ၊ မိုင္းဆြဲတာေလာက္ပဲလုပ္ႏိုင္ေတာ့ မ်က္ႏွာပန္းက မပြင့္ျပန္ဘူး။

က်ဳပ္တို႔ မနာလိုမႈနဲ႔ေျပာတာမဟုတ္ဘူး ျဖစ္ပုံကိုေျပာျပတာပါ။ ညီေနာင္ရဲေဘာ္ေတြရဲ႕ တိုက္ပြဲေအာင္သံေတြၾကားရင္ က်ဳပ္တို႔ အင္မတန္မွ အားတက္ၿပီး ေပ်ာ္႐ႊင္ၾကရပါတယ္။စစ္ကိုင္းတိုင္းလို ျပည္သူေတြ အင္ျပည့္အားျပည့္နဲ႔ ပါဝင္ၾကတဲ့ ေတာ္လွန္စိတ္ေတြကို အားက်ရပါတယ္။

ဒီလိုအခက္အခဲၾကားထဲမွာ ေက်းဇူးတင္ရတာကေတာ့ ျပည္ပေရာက္ ေဒသအသီးသီးက ျပည္သူေတြေပါ့။ မရွိလို႔၊ ဆင္းရဲလို႔၊ အဆင္မေျပလို႔ သူမ်ားႏိုင္ငံမွာ ဒုကၡအမ်ိဳးမ်ိဳးနဲ႔ ပင္ပင္ပန္းပန္းအလုပ္ေတြ လုပ္ေနၾကရတဲ့ ညီအစ္ကို၊ ေမာင္ႏွမေတြရဲ႕ ေခြၽးနည္းစာဟာ က်ဳပ္တို႔ တရက္၊ တရက္ အသက္ဆက္မယ့္ အားေဆးေတြျဖစ္ခဲ့တယ္။

အားနာမိတယ္၊ စိတ္မေကာင္းမိတယ္ အထူးသျဖင့္ ၿမိဳ႕ေပၚမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ ေဈးသက္သာတဲ့မိုင္တဲလ္သုံး၊ ျမန္မာဘီယာေလး ေပၚတင္၊ ခိုးေၾကာင္ခိုးဝွက္ေသာက္၊ စစ္တပ္ေဘာမေတြနဲ႔ လုံးေထြးေပါင္းသင္းေနတဲ့ လက္သုံးေခ်ာင္းေထာင္သူေတြနဲ႔ ယွဥ္ရင္ေပါ့။

ဒီလိုၾကားထဲ ျပန္ဆက္ရရင္ေတာ့ သစၥာေဖာက္အမတ္ေတြ၊ သစၥာေဖာက္ေတာ္လွန္ေရးေျမေခြးေတြဟာ က်ဳပ္တို႔ ေတာ္လွန္ေရးထဲပါလာေတာ့ ႀကိဳ႕ပင္ေကာက္လို၊ တခါက ဇီးကုန္းၿမိဳ႕က အျဖစ္အပ်က္ေတြျဖစ္ေတာ့တာပဲ။ အဖမ္းခံရလို႔ လမ္းျပတာကို မဆိုလိုပါ။
ကိုေဇယ်ာေသာ္၊ ကိုဂ်င္မီတို႔ သတ္ျဖတ္ခံရတုန္းကလို ျမင္စ ခဏေတာ့ စိတ္မေကာင္းဝမ္းနည္းၾကမွာေပါ့။ က်ဳပ္တို႔ကေတာ့ ၿဖိဳခြင္းခံရေကာင္းခံရမယ္၊ အသတ္ခံရေကာင္း အသတ္ခံရမယ္၊ ဖမ္းဆီးႏွိပ္စက္ခံရေကာင္းခံရမယ္ ….

က်ဳပ္တို႔ မ်က္ႏွာမြဲေတြရဲ႕ ေတာ္လွန္စိတ္ကေတာ့ ေသလို႔ မကြၽတ္ရင္ေတာင္ ဖက္စစ္လူသတ္ေကာင္ေတြကို က်ဳပ္တို႔က ဆက္ေျခာက္လွန႔္ေနဦးမယ္ေကာင္ေတြပါပဲ။ဒါေပမဲ့ ခုခ်ိန္မွာေတာ့ က်ဳပ္တို႔ဟာ ဘယ္လိုသတ္သတ္ေသရမယ့္ မ်က္ႏွာမြဲေတြပါပဲ။

ေရးသားသူ – ရာဇာမင္းႏိုင္

ေျမလတ္အသံ

မျက်နှာမွဲတို့အသက် ဘယ်လိုသတ်သတ် သေ၏ (အတွေးအမြင်)

မြေလတ်အသံ၊ ဩဂုတ် ၂၈၊ ၂၀၂၂။

ဟုတ်ပါတယ် ကျုပ်တို့က မျက်နှာမွဲတော်လှန်ရေးသမားတွေပေါ့၊ မျက်နှာမွဲလွန်းတော့လည်း တော်လှန်ရေးသမားလို့ နာမည်တပ်ရမှာလည်း ခပ်ရွံ့ရွံ့ပါပဲ။

ကျုပ်တို့ဆိုတာကတော့ မြေလတ်၊ အညာဒေသတွေက အကာအကွယ်မဲ့၊ အထောက်အပံ့နည်း တော်လှန်ရေးသမားတွေကို ဆိုလိုတာပါ။ခုပြောမှာကတော့ မြေလတ်ဒေသကို အဓိကထားပြီးပြောမှာပါ။

ပြီးခဲ့တဲ့ရက်က ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့က ဒေသအခြေစိုက်တော်လှန်ရေးစခန်းတခုကို လူသတ်ရာဇဝတ်ကောင်တွေ ဝင်စီးလို့ အဖမ်းခံရသူခံရ၊ အသတ်ခံရသူခံရနဲ့ အင်မတန်စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာသတင်းပါပဲ။အံတကြိတ်ကြိတ်နဲ့ ခံစားရခက်တဲ့အထဲ ထိပ်ဆုံးကတော့ ကျုပ်တို့မြေပြင်က နီးနီး၊ ဝေးဝေးမှာရှိကြတဲ့ ရဲဘော်တွေပဲ။

ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း တူမီး၊ လက်လုပ်၊ ဆိုလာချပ်တချို့ … ဪ တော်လှန်ရေးကာလတနှစ်ခွဲ မောင်းပြန်တောင်မကိုင်နိုင်ကြတဲ့ တို့ပဲခူးအနောက်မျက်နှာမွဲတွေပါလား။ပဲခူးရိုးမအခြေပြုလို့ တိုက်ပွဲဝင်နေတဲ့ကျုပ်တို့ဆိုတာ ရိက္ခာ၊အဆက်အသွယ်တွေကို ရန်သူက ပိုင်ပိုင်နိုင်နိုင် ဖြတ်တောက်ထားခံရတဲ့အခြေအနေပဲ။မြို့ပေါ်မှာလည်း ကျုပ်တို့တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့သူတွေဆိုတာ အင်မတန့် အင်မတန်မှ နည်းပါးလွန်းလှတယ်။

တချိန်က NLD လိုပါတီကြီး ရွေးကောက်ပွဲအောင်နိုင်ရေးတို့၊ အောင်နိုင်သွားတဲ့အချိန် ပွဲခံကြတုန်းက မြို့ပေါ်သူဌေးသူကြွယ်တွေဟာ ထိပ်ဆုံးက ပါခဲ့ကြသတဲ့။အမတ်ဖြစ်သွားတဲ့သူတွေဆိုတာလည်း အဲဒီအချိန်တွေကတည်းက ပြည်သူဘက်ကို ပြန်ကြည့်တာကနည်းနည်း၊ အုပ်ချုပ်ရေးမှူးတို့လို အရာရှိတွေနဲ့ တတွဲတွဲ အရက်ဆိုင်ထိုင်၊ ကေတီဗီထိုင်နဲ့ နေရတာကို သူတို့မှာ ဂုဏ်ယူစရာတခုလိုပဲ။

ခုများတော့ အဲဒီအမတ်တော်တော်များများလည်း ကြက်ပျောက်ငှက်ပျောက်၊ မပျောက်နိုင်တဲ့ အမတ်တွေလည်း လွတ်မြောက်နယ်မြေ ဒါမှမဟုတ် တိုင်း၊ ခရိုင်၊ မြို့နယ်ပကဖ၊ ပအဖတွေမှာ တာဝန်ယူကြရတယ်။တချိန်က ဒီမိုကရေစီလက်သီးလက်မောင်းတန်းတဲ့ သူဌေးသူကြွယ်တို့ဟာလည်း ခုချိန်မှာ မျိုးဆွေဝင်းဖလား၊ ဘောလုံးပွဲ၊ ခြင်းလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကျွန်လက်မှတ်ရဖို့ ခံယူနေကြကုန်ပြီ။

အာဏာသိမ်းအခါတော်ပေး၊ မြှောက်ပင့်တဲ့ ကြံ့ဖွတ်၊ မဘသတွေ၊ မြို့နယ်ကဗိုလ်မှူးဆိုတဲ့ကောင်တွေနဲ့ ဂေါက်ရိုက်၊ ပရဟိတတွေကို ကာဗာလုပ်ပြနဲ့ အနေအစားအဆင်ပြေနေကြပြီ။ဖက်ဆစ်စစ်တပ် ယုတ်မာမှုကို ကျုပ်တို့ထည့်မပြောတာ အံ့ဩစရာမရှိလို့ပါပဲ။
တစ်နိုင်ငံလုံးမှာ မီးလောင်ပြာကျ၊ စီးပွားရေးဇောက်ထိုးကျ၊ လူသတ်၊ မုဒိန်းကျင့်ခံနေရချိန်မှာတော့ သာယာအေးချမ်းလှတဲ့ ကျုပ်တို့မြို့တွေဆီမှာ လုံလုံခြုံခြုံ သပိတ်မှောက်ဆန့်ကျင်လို့ရတဲ့ မင်းအောင်လှိုင်တို့ ထုတ်ကုန်တွေကို မြိန်ရေယှက်ရေ သုံးဆောင်းလို့ကောင်းနေတုန်းပဲ။

မျက်နှာမွဲတော်လှန်ရေးသမားတွေ ကျုပ်တို့ကတော့ လက်နက်တလက် သိန်းတရာဝန်းကျင်ရဖို့ ငွေဆယ်သိန်းရဖို့ ငွေတသိန်းရဖို့ NUG ကို တင်ပြ၊ နားပူနားဆာလုပ်လည်း ဆင်ပါးစပ်နှမ်းပက်တာလောက်တောင်မလာ။တောနက်ထဲမှာ အခြေချနေထိုင်ရတာဖြစ်လို့ အင်တာနက်ကသုံးလို့မရ၊ ဈေးပေါပေါ အကြမ်းစီးတောစီးဖိနပ်တောင် မစီးနိုင်ကြ၊ ယူနီဖောင်းဆိုတာ ရဲဘော်ကိုယ်စီစိတ်ထဲမှာ သူများနည်းတူဝတ်ချင်ကြပေမယ့် မရှိမှန်းသိ၊ မရမှန်းသိတော့ ရှိတဲ့လက်လုပ်သေနတ်တွေကိုသာ အမြတ်တနိုး တန်ဖိုးထားပြီး မောင်းပြန်သေနတ်သဖွယ် ကိုင်ဆောင်ထားကြတယ်။

ဒီတချက်ထိုး လက်လုပ်တွေဆိုတာကလည်း လူတိုင်းတောင် ကိုင်နိုင်ကြတာမဟုတ်။ ခပ်ကြမ်းကြမ်းပြောရရင် စုတ်စုတ်ပြတ်ပြတ် သူတောင်းစားသာသာ ကျုပ်တို့ပေါ့ဗျာ။ဖက်ဆစ်တွေ စစ်ကြောင်းထိုးလာရင် ပါတဲ့အင်အားကမှ ဆယ်ယောက်ဝန်းကျင်လောက်ကိုတောင်မှ ကြာကြာခံမပစ်နိုင်တဲ့ကျုပ်တို့ဗျ။

အရာအားလုံးကို စွန့်လွှတ်ထားပြီးသူတွေမို့ စားရေးသောက်ရေး ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို စာဖွဲ့နေမယ့်သူတွေမဟုတ်သလို အားလုံးမျှော်လင့်ချက်ကတခုပါပဲ အဲဒါက ဂန်းရဖို့။ဂန်းရဖို့ကလည်း ကျုပ်တို့ဒေသအတွက်တော့ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ကမ္ဘာ့မီဒီယာတွေ၊ မြန်မာ့မီဒီယာတွေအထက် သတင်းတွေဖြစ်အောင် ကျုပ်တို့က ထိုးစစ်၊ တိုက်စစ်တွေမဖွင့်နိုင်တော့ ဒလန်ရှင်းတာ၊ မိုင်းဆွဲတာလောက်ပဲလုပ်နိုင်တော့ မျက်နှာပန်းက မပွင့်ပြန်ဘူး။

ကျုပ်တို့ မနာလိုမှုနဲ့ပြောတာမဟုတ်ဘူး ဖြစ်ပုံကိုပြောပြတာပါ။ ညီနောင်ရဲဘော်တွေရဲ့ တိုက်ပွဲအောင်သံတွေကြားရင် ကျုပ်တို့ အင်မတန်မှ အားတက်ပြီး ပျော်ရွှင်ကြရပါတယ်။စစ်ကိုင်းတိုင်းလို ပြည်သူတွေ အင်ပြည့်အားပြည့်နဲ့ ပါဝင်ကြတဲ့ တော်လှန်စိတ်တွေကို အားကျရပါတယ်။

ဒီလိုအခက်အခဲကြားထဲမှာ ကျေးဇူးတင်ရတာကတော့ ပြည်ပရောက် ဒေသအသီးသီးက ပြည်သူတွေပေါ့။ မရှိလို့၊ ဆင်းရဲလို့၊ အဆင်မပြေလို့ သူများနိုင်ငံမှာ ဒုက္ခအမျိုးမျိုးနဲ့ ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေကြရတဲ့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ချွေးနည်းစာဟာ ကျုပ်တို့ တရက်၊ တရက် အသက်ဆက်မယ့် အားဆေးတွေဖြစ်ခဲ့တယ်။

အားနာမိတယ်၊ စိတ်မကောင်းမိတယ် အထူးသဖြင့် မြို့ပေါ်မှာ အေးအေးချမ်းချမ်းနဲ့ ဈေးသက်သာတဲ့မိုင်တဲလ်သုံး၊ မြန်မာဘီယာလေး ပေါ်တင်၊ ခိုးကြောင်ခိုးဝှက်သောက်၊ စစ်တပ်ဘောမတွေနဲ့ လုံးထွေးပေါင်းသင်းနေတဲ့ လက်သုံးချောင်းထောင်သူတွေနဲ့ ယှဉ်ရင်ပေါ့။

ဒီလိုကြားထဲ ပြန်ဆက်ရရင်တော့ သစ္စာဖောက်အမတ်တွေ၊ သစ္စာဖောက်တော်လှန်ရေးမြေခွေးတွေဟာ ကျုပ်တို့ တော်လှန်ရေးထဲပါလာတော့ ကြို့ပင်ကောက်လို၊ တခါက ဇီးကုန်းမြို့က အဖြစ်အပျက်တွေဖြစ်တော့တာပဲ။ အဖမ်းခံရလို့ လမ်းပြတာကို မဆိုလိုပါ။
ကိုဇေယျာသော်၊ ကိုဂျင်မီတို့ သတ်ဖြတ်ခံရတုန်းကလို မြင်စ ခဏတော့ စိတ်မကောင်းဝမ်းနည်းကြမှာပေါ့။ ကျုပ်တို့ကတော့ ဖြိုခွင်းခံရကောင်းခံရမယ်၊ အသတ်ခံရကောင်း အသတ်ခံရမယ်၊ ဖမ်းဆီးနှိပ်စက်ခံရကောင်းခံရမယ် ….

ကျုပ်တို့ မျက်နှာမွဲတွေရဲ့ တော်လှန်စိတ်ကတော့ သေလို့ မကျွတ်ရင်တောင် ဖက်စစ်လူသတ်ကောင်တွေကို ကျုပ်တို့က ဆက်ခြောက်လှန့်နေဦးမယ်ကောင်တွေပါပဲ။ဒါပေမဲ့ ခုချိန်မှာတော့ ကျုပ်တို့ဟာ ဘယ်လိုသတ်သတ်သေရမယ့် မျက်နှာမွဲတွေပါပဲ။

ရေးသားသူ – ရာဇာမင်းနိုင်

မြေလတ်အသံ