Local News

ေကာ္ဘရာတို႔ ၀ုန္္းလိုက္ရင္ အခ်ီၾကီးပဲ

ျမဝတီ-ေဝါေလ ကားလမ္း၊ ေက်ာ္ဝါးဘိုးဘုရားအနီး တပ္စြဲထားေသာ အၾကမ္းဖက္စစ္တပ္ကို KNLA ပူးေပါင္းတပ္ဖြဲ႕ ဒ႐ုန္းျဖင့္ ဗုံးက်ဲ၍ အရာခံဗိုလ္အပါအဝင္ ၂ ဦးေသဆုံးၿပီး ၅ ဦး ဒဏ္ရာရ

ရန္ကုန္၊ ဩဂုတ္ ၂၉

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမ၊ ကရင္ျပည္နယ္၊ ျမဝတီ-ေဝါေလကားလမ္း ေက်ာ္ဝါးဘိုးဘုရားအနီးတပ္စြဲထားေသာ အၾကမ္းဖက္စစ္တပ္ကို KNLA ပူးေပါင္းတပ္ဖြဲ႕က ဩဂုတ္လ ၂၈ ရက္ ယမန္ေန႔ ညသန္းေခါင္တြင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ရာ အရာခံဗိုလ္ ၁ ဦးအပါအဝင္ ၂ ဦးေသဆုံးၿပီး ၅ ဦး ဒဏ္ရာရေၾကာင္း သတင္းရရွိသည္။

ေကာ္ဘရာစစ္ေၾကာင္းႏွင့္ Federal Wings ဒ႐ုန္းတပ္ဖြဲ႕က ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး အရာခံဗိုလ္ ၁ ဦး၊ တပ္ၾကပ္ႀကီး ၁ ဦး ေသဆုံးကာ အရာရွိ ၂ ဦး အပါအဝင္ ၅ ဦးဒဏ္ရာရေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက သတင္းထုတ္ျပန္သည္။

“၂ ဦး ေသတယ္၊ ဗိုလ္တစ္ဦးကေတာ့ တပိုင္းျပတ္သြားတယ္၊ မေသေသးဘူး၊ ၅ ဦးဒဏ္ရာရတယ္” ေကာ္ဘရာစစ္ေၾကာင္းျပန္ၾကားေရးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အၾကမ္းဖက္စစ္တပ္သည္ ကုန္းေၾကာင္း ေလေၾကာင္းျဖင့္ အင္အားအလြန္အကြၽံသုံးကာ ေကာ္ဘရာစစ္ေၾကာင္း လုံၿခဳံေရးယူထားသည့္ သုံးထပ္ေကြ႕ကို တိုက္ခိုက္ၿပီးေနာက္ ေက်ာ္ဝါးဘိုး ဘုရားအနီးတြင္ တပ္စြဲထားျခင္းျဖစ္သည္။

ျမဝတီ-ေဝါေလလမ္းပိုင္းရွိ ေသ့ေဘာဘိုးစခန္းႏွင့္ ဥကရစ္ထ စစ္တပ္စခန္းမ်ားကို KNLA၊ KNDO ပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ အၾကမ္းဖက္စစ္တပ္က အဆိုပါလမ္းပိုင္းကို ျပန္လည္စိုးမိုးႏိုင္ရန္ အင္အားအလြန္အကြၽံသုံးကာ တိုက္ခိုက္လာေနျခင္းျဖစ္သည္။

ဓါတ္ပုံ – ေက်ာ္ဝါးဘိုးဘုရားအနီး ေတြ႕ရေသာ အၾကမ္းဖက္စစ္သားမ်ား

မြဝတီ-ဝေါလေ ကားလမ်း၊ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲ၍ အရာခံဗိုလ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေကားလမ်း ကျော်ဝါးဘိုးဘုရားအနီးတပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၂၈ ရက် ယမန်နေ့ ညသန်းခေါင်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ကော်ဘရာစစ်ကြောင်းနှင့် Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး သေဆုံးကာ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

“၂ ဦး သေတယ်၊ ဗိုလ်တစ်ဦးကတော့ တပိုင်းပြတ်သွားတယ်၊ မသေသေးဘူး၊ ၅ ဦးဒဏ်ရာရတယ်” ကော်ဘရာစစ်ကြောင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ကုန်းကြောင်း လေကြောင်းဖြင့် အင်အားအလွန်အကျွံသုံးကာ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့် သုံးထပ်ကွေ့ကို တိုက်ခိုက်ပြီးနောက် ကျော်ဝါးဘိုး ဘုရားအနီးတွင် တပ်စွဲထားခြင်းဖြစ်သည်။

မြဝတီ-ဝေါလေလမ်းပိုင်းရှိ သေ့ဘောဘိုးစခန်းနှင့် ဥကရစ်ထ စစ်တပ်စခန်းများကို KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က အဆိုပါလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်လာနေခြင်းဖြစ်သည်။

ဓါတ်ပုံ – ကျော်ဝါးဘိုးဘုရားအနီး တွေ့ရသော အကြမ်းဖက်စစ်သားများ