Local News

အင္းလ်ားကန္အတြင္း လူတစ္ဦးခုန္ခ်မႈျဖစ္ပြား

ယခုရက္ပိုင္းအတြင္း ေသေၾကာင္းႀကံစည္မႈမ်ား ဆက္တိုက္ျဖစ္ေပၚလာ

ရန္ကုန္၊ ၾသဂုတ္ (၂၉)

လူငယ့္ေခတ္

ရန္ကုန္ၿမိဳ႕၊ အင္းလ်ားကန္အတြင္း ယေန႔ ေန႔လယ္ (၂) နာရီခန္႔က လူတစ္ဦးခုန္ခ်ခဲ့ျခင္းေၾကာင့္ ရွာေဖြကယ္ဆယ္ေရးျပဳလုပ္ေနသည္ဟု စစ္ေကာင္စီလက္ေအာက္ခံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္သည္။

မည္သည့္အတြက္ေၾကာင့္ခုန္ခ်သည္ကို မသိရေသးေသာ္လည္း ယခုရက္ပိုင္းအတြင္း သတ္ေသမႈမ်ားဆက္တိုက္ျဖစ္ေပၚေနသည္။

“လူေတြကစိတ္ေတြဖိဆီးမႈမ်ားေနၾကတာ။ ဒီကာလမွာ ေတာ္ေတာ္စိတ္ဒုကၡေတြမ်ားေနတာ” ဟု ရန္ကုန္ၿမိဳ႕ခံျပည္သူတစ္ဦးက ေျပာသည္။

ယမန္ေန႔ကလည္း ပဲခူးတိုင္း၊ ျပည္ၿမိဳ႕ နဝေဒးတံတားေပၚမွ အသက္ (၃) ႏွစ္အ႐ြယ္ကေလးႏွင့္အတူ မိခင္ျဖစ္သူ ခုန္ခ်သတ္ေသမႈ ျဖစ္ေပၚခဲ့ေသးသည္။

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္၌လည္း CDM ျပဳလုပ္ထားသည့္ ေက်ာင္းဆရာမတဦး ဩဂုတ္လ (၂၆) ရက္တြင္ ကိုယ့္ကိုကိုယ္အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ထို႔ျပင္ ၾသဂုတ္လ (၂၅) ကလည္း ရန္ကုန္၊ ကမာၻေအးလူကူးခုံးေက်ာ္တံတားေပၚမွ အမ်ိဳးသားတစ္ဦး ခုန္ခ်မႈျပဳလုပ္ခဲ့ေသးသည္။

ထို႔ေၾကာင့္ (၅) ရက္အတြင္း တက္လာသည့္သတင္းမ်ားအရ ေသေၾကာင္းႀကံစည္မႈမ်ားမွာ (၄) ႀကိမ္ဆက္တိုက္ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

ဓာတ္ပုံ – ေဒသတြင္းေရနစ္သူကူညီကယ္ဆယ္ေရးအသင္း (ျပည္)

Lungekhit

ယခုရက်ပိုင်းအတွင်း သေကြောင်းကြံစည်မှုများ ဆက်တိုက်ဖြစ်ပေါ်လာ

ရန်ကုန်၊ သြဂုတ် (၂၉)

လူငယ့်ခေတ်

ရန်ကုန်မြို့၊ အင်းလျားကန်အတွင်း ယနေ့ နေ့လယ် (၂) နာရီခန့်က လူတစ်ဦးခုန်ချခဲ့ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

မည်သည့်အတွက်ကြောင့်ခုန်ချသည်ကို မသိရသေးသော်လည်း ယခုရက်ပိုင်းအတွင်း သတ်သေမှုများဆက်တိုက်ဖြစ်ပေါ်နေသည်။

“လူတွေကစိတ်တွေဖိဆီးမှုများနေကြတာ။ ဒီကာလမှာ တော်တော်စိတ်ဒုက္ခတွေများနေတာ” ဟု ရန်ကုန်မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေးတံတားပေါ်မှ အသက် (၃) နှစ်အရွယ်ကလေးနှင့်အတူ မိခင်ဖြစ်သူ ခုန်ချသတ်သေမှု ဖြစ်ပေါ်ခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌လည်း CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတဦး ဩဂုတ်လ (၂၆) ရက်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် သြဂုတ်လ (၂၅) ကလည်း ရန်ကုန်၊ ကမ္ဘာအေးလူကူးခုံးကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုပြုလုပ်ခဲ့သေးသည်။

ထို့ကြောင့် (၅) ရက်အတွင်း တက်လာသည့်သတင်းများအရ သေကြောင်းကြံစည်မှုများမှာ (၄) ကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း (ပြည်)

Lungekhit