Local News

စစ္ေကာင္စီကို ၿခိမ္းေျခာက္ေနတဲ့ အညာတခြင္က အမ်ိဳးသမီးဒ႐ုန္းအဖြဲ႕ ေခါင္းေဆာင္ က်ားခင္စိန္ (႐ုပ္/သံ)

စစ္ေကာင္စီကို ၿခိမ္းေျခာက္ေနတဲ့ အညာတခြင္က အမ်ိဳးသမီးဒ႐ုန္းအဖြဲ႕ ေခါင္းေဆာင္ က်ားခင္စိန္ (႐ုပ္/သံ)

ေျမလတ္အသံ၊ ၾသဂုတ္ ၂၉၊ ၂၀၂၂။

ေတာ္လွန္ေရးကာလ အစပိုင္းမွာ သူမအတြက္ ေနရာထိုင္ခင္းကအစ အခက္အခဲေတြ ျဖစ္ေနခဲ့သလို အမ်ိဳးသားေတြနဲ႔ ရင္ေပါင္တန္းၿပီး ေရွ႕တန္းထြက္ တိုက္ဖို႔ဆိုတာကလည္း အမ်ိဳးသမီးတေယာက္အေနနဲ႔ အဆင္မေျပျပန္ပါဘူး။

ဒါေပမယ့္ ေတာ္လွန္းေရးမွာ ျပင္းထန္တဲ့ စိတ္ေၾကာင့္သာ ဒီအရာေတြကို အခ်ိန္ပိုင္းအတြင္းမွာ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

သူမကေတာ့ တခ်ိန္မွာ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ T.G.R ျပည္သူ႔ကာကြယ္ေရးတပ္က အမ်ိဳးသမီး ဒ႐ုန္းအဖြဲ႕ေခါင္းေဆာင္ က်ားခင္စိန္ လို႔ ျဖစ္လာသူပါ။

အမ်ိဳးသမီး ဒ႐ုန္းေခါင္းေဆာင္ဟာ တခ်ိန္က ဆႏၵျပေန႐ုံနဲ႔ မရေတာ့ဘူး တိုက္မွ ရမယ္လို႔ ဆိုတဲ့ စိတ္နဲ႔ မႏၲေလး ယူဂ်ီကေန ေျခလွမ္း စခဲ့ၿပီး အဲဒီကတဆင့္ ေရွ႕တန္းစစ္ေျမျပင္ရွိရာ အညာေဒသမွာ တိုက္ပြဲဝ◌င္ေနဆဲျဖစ္ပါတယ္။

ေျမလတ္အသံ

စစ်ကောင်စီကို ခြိမ်းခြောက်နေတဲ့ အညာတခွင်က အမျိုးသမီးဒရုန်းအဖွဲ့ ခေါင်းဆောင် ကျားခင်စိန် (ရုပ်/သံ)

မြေလတ်အသံ၊ သြဂုတ် ၂၉၊ ၂၀၂၂။

တော်လှန်ရေးကာလ အစပိုင်းမှာ သူမအတွက် နေရာထိုင်ခင်းကအစ အခက်အခဲတွေ ဖြစ်နေခဲ့သလို အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး ရှေ့တန်းထွက် တိုက်ဖို့ဆိုတာကလည်း အမျိုးသမီးတယောက်အနေနဲ့ အဆင်မပြေပြန်ပါဘူး။

ဒါပေမယ့် တော်လှန်းရေးမှာ ပြင်းထန်တဲ့ စိတ်ကြောင့်သာ ဒီအရာတွေကို အချိန်ပိုင်းအတွင်းမှာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူမကတော့ တချိန်မှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်က အမျိုးသမီး ဒရုန်းအဖွဲ့ခေါင်းဆောင် ကျားခင်စိန် လို့ ဖြစ်လာသူပါ။

အမျိုးသမီး ဒရုန်းခေါင်းဆောင်ဟာ တချိန်က ဆန္ဒပြနေရုံနဲ့ မရတော့ဘူး တိုက်မှ ရမယ်လို့ ဆိုတဲ့ စိတ်နဲ့ မန္တလေး ယူဂျီကနေ ခြေလှမ်း စခဲ့ပြီး အဲဒီကတဆင့် ရှေ့တန်းစစ်မြေပြင်ရှိရာ အညာဒေသမှာ တိုက်ပွဲဝ◌င်နေဆဲဖြစ်ပါတယ်။

မြေလတ်အသံ