ေ႐ႊေဈးတက္ေနျခင္းမွာ ဝယ္လိုအားမ်ားေန၍ ျဖစ္ေၾကာ င္း ရန္ကုန္ေ႐ႊအသင္း ဥကၠ႒က ေျပာ
ေဈးကြက္အတြင္း ေ႐ႊေဈးအဆမတန္ျမင့္တက္ေနျခင္းမွာ ဝယ္လိုအားမ်ားေန၍ ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာၾကားသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ေ႐ႊလုပ္ငန္းရွင္မ်ားအား ေနျပည္ေတာ္သို႔ ေခၚယူေတြ႕ဆုံခဲ့သည့္ကိစၥႏွင့္ ပတ္သက္ ၍ ဆက္သြယ္ေမးျမန္းစဥ္ ၎က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
” ေခၚၿပီးေတာ့ ေမးတာပါ။ အဲဒီေတာ့ တို႔က ဘယ္လိုေျဖမလဲ။ မင္း ေဒၚလာေဈးတက္လို႔ တက္လာေလ။ ေနာက္ ၿပီးေတာ့ လူေတြက ၉၀ ရာခိုင္ႏႈန္းက အဝယ္ေတြပဲရွိတယ္ ။ ေဈးကြက္က အခု ေျပာင္းျပန္ျဖစ္သြားတာ။ အရင္က အေရာင္းေတြပဲရွိတယ္၊ အခုက အဝယ္မ်ားသြားတယ္။ ဝယ္လိုအားမ်ား လို႔ တက္ေနတာေပါ့” ဟု ဦးမ်ိဳးျမင့္က ေျပာသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၂ ၇) ရက္က ေ႐ႊလုပ္ငန္းရွင္မ်ားအား ေနျပည္ေတာ္သို႔ ေခၚယူကာ စကစ အစိုးရ တာဝန္ရွိသူမ်ားက ေ႐ႊေဈးႏႈန္း မၿငိမ္သက္မႈႏွင့္ ပတ္သက္၍ စစ္ ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္ကာ ေဈးႏႈန္း ထိန္းညႇိရန္ ၫႊန္ၾကားမႈမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ယေန႔ ဩဂုတ္လ (၂၉) ရက္ ေဈးကြက္ေပါက္ေဈးအရ အကယ္ဒမီ မီးလင္းေ႐ႊ (၁) က်ပ္သားလ်င္ (၂၈) သိန္းအထက္ (၂၉) သိန္းအထိႏွင့္ (၁၅) ပဲရည္ (၁) က်ပ္သားလ်င္ (၂၆) သိန္းမွ(၂၈) သိန္းအထိ အေရာင္းအဝယ္လုပ္ေနၾကျခင္း ျဖစ္သည္။
ရန္ကုန္ ေ႐ႊအသင္း၏ ယေန႔ ဩဂုတ္လ (၂၉) ရက္ ညေနပိုင္း ရည္ၫႊန္းေဈးႏႈန္းမွာ အေခါက္ေ႐ႊ (၁) က်ပ္သားလ်င္ ၂၀၂၁၀၀၀ က်ပ္ သတ္ မွတ္ထားသည္။
အဆိုပါ ရည္ၫႊန္းေဈးႏႈန္း ၾကမ္းခင္းေဈး သေဘာမ်ိဳး သတ္မွတ္ ထုတ္ျပန္ေပးေနျခင္းျဖစ္ၿပီး ဝယ္လိုအားႏွင့္ ေရာင္းလိုအား ေပၚမူတည္၍ ေဈးႏႈန္း သတ္မွတ္ေရာင္း ဝယ္ေနၾကေၾကာင္း ၎ကေျပာသည္။
ယေန႔ ဩဂုတ္လ (၂၉) ရက္ ကမာၻ႔ေ႐ႊေဈးကြက္ ေပါက္ ေဈးမွာ အကယ္ဒမီေ႐ႊ (၁) ေအာင္စလ်င္ အေမရိကန္ေဒၚလာ (၁၇၂၁) ေဒၚလာ ျဖစ္ေၾကာင္း ရန္ကုန္ေ႐ႊအသင္းက ထုတ္ျပန္ထားသည္။
ရွှေဈေးတက်နေခြင်းမှာ ဝယ်လိုအားများနေ၍ ဖြစ်ကြော င်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌက ပြော
ဈေးကွက်အတွင်း ရွှေဈေးအဆမတန်မြင့်တက်နေခြင်းမှာ ဝယ်လိုအားများနေ၍ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွှေလုပ်ငန်းရှင်များအား နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပတ်သက် ၍ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” ခေါ်ပြီးတော့ မေးတာပါ။ အဲဒီတော့ တို့က ဘယ်လိုဖြေမလဲ။ မင်း ဒေါ်လာဈေးတက်လို့ တက်လာလေ။ နောက် ပြီးတော့ လူတွေက ၉၀ ရာခိုင်နှုန်းက အဝယ်တွေပဲရှိတယ် ။ ဈေးကွက်က အခု ပြောင်းပြန်ဖြစ်သွားတာ။ အရင်က အရောင်းတွေပဲရှိတယ်၊ အခုက အဝယ်များသွားတယ်။ ဝယ်လိုအားများ လို့ တက်နေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂ ၇) ရက်က ရွှေလုပ်ငန်းရှင်များအား နေပြည်တော်သို့ ခေါ်ယူကာ စကစ အစိုးရ တာဝန်ရှိသူများက ရွှေဈေးနှုန်း မငြိမ်သက်မှုနှင့် ပတ်သက်၍ စစ် ဆေးမေးမြန်းမှုများ လုပ်ဆောင်ကာ ဈေးနှုန်း ထိန်းညှိရန် ညွှန်ကြားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ (၂၉) ရက် ဈေးကွက်ပေါက်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် (၂၈) သိန်းအထက် (၂၉) သိန်းအထိနှင့် (၁၅) ပဲရည် (၁) ကျပ်သားလျင် (၂၆) သိန်းမှ(၂၈) သိန်းအထိ အရောင်းအဝယ်လုပ်နေကြခြင်း ဖြစ်သည်။
ရန်ကုန် ရွှေအသင်း၏ ယနေ့ ဩဂုတ်လ (၂၉) ရက် ညနေပိုင်း ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သားလျင် ၂၀၂၁၀၀၀ ကျပ် သတ် မှတ်ထားသည်။
အဆိုပါ ရည်ညွှန်းဈေးနှုန်း ကြမ်းခင်းဈေး သဘောမျိုး သတ်မှတ် ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး ဝယ်လိုအားနှင့် ရောင်းလိုအား ပေါ်မူတည်၍ ဈေးနှုန်း သတ်မှတ်ရောင်း ဝယ်နေကြကြောင်း ၎င်းကပြောသည်။
ယနေ့ ဩဂုတ်လ (၂၉) ရက် ကမ္ဘာ့ရွှေဈေးကွက် ပေါက် ဈေးမှာ အကယ်ဒမီရွှေ (၁) အောင်စလျင် အမေရိကန်ဒေါ်လာ (၁၇၂၁) ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားသည်။