Local News

စစ္ေကာင္စီဘက္ လက္နက္ခ်အညံ့ခံသြားသည့္ တိုင္းလႊတ္ေတာ္အမတ္ႏွင့္ PDFတပ္ဖြဲ႕ဝင္အခ်ိဳ႕ေၾကာင့္ PDFစခန္း စီးနင္းခံရ

စစ္ေကာင္စီဘက္ လက္နက္ခ်အညံ့ခံသြားသည့္ တိုင္းလႊတ္ေတာ္အမတ္ႏွင့္ PDFတပ္ဖြဲ႕ဝင္အခ်ိဳ႕ေၾကာင့္ ႀကိဳ႕ပင္ေကာက္PDFစခန္း စီးနင္းခံလိုက္ရ

ကိုကိုေနတိုး

မဇၩိမ။ ။ ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ရွိ၊ ႀကိဳ႕ပင္ေကာက္ ျပည္သူ႔ကာကြယ္ေရးတပ္စခန္းတစ္ခုကို စစ္ေကာင္စီတပ္မွ ဩဂုတ္လ၂၆ရက္ေန႔တြင္ အင္အားအမ်ားအျပားျဖင့္ ဝင္ေရာက္စီးနင္းခဲ့ေၾကာင္းသိရသည္။

ႀကိဳ႕ပင္ေကာက္ ျပည္သူ႔ကာကြယ္ေရးတပ္စခန္း ဝင္ေရာက္စီးနင္းခံခဲ့ရျခင္းမွာ ေထာက္ပို႔လင္းမယားႏွစ္ဦးဖမ္းဆီးခံခဲ့ရျခင္းေၾကာင့္ ျဖစ္သလို ယခုလအတြင္းတြင္ စစ္ေကာင္စီဘက္ လက္နက္ခ်အညံ့ခံသြားသည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ PDFတပ္ဖြဲ႕ဝင္အခ်ိဳ႕ေၾကာင့္ျဖစ္ေၾကာင္း ႀကိဳ႕ပင္ေကာက္ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ခံမွေျပာသည္။

“ ႀကိဳ႕ပင္ေကာက္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ကိုမင္းက က်ေနာ္တို႔ေျမျပင္စခန္းမွာ အတူတူေနခဲ့တဲ့သူ ျဖစ္ပါတယ္၊ သူက လြန္ခဲ့တဲ့ ေလးလေလာက္ကေန စခန္းက ထြက္သြားၿပီးေတာ့ ဒီရက္မွာပဲ သူအလင္းဝင္တယ္၊ လက္နက္အပ္တယ္ဆိုတဲ့ တိက်တဲ့ သတင္းတစ္ခုကို ရပါတယ္၊ သူ က်ေနာ္တို႔ စခန္းကေန ထြက္သြားတဲ့အခ်ိန္မွာလည္း အတိုတစ္လက္ယူသြားပါတယ္၊

အဲ့ အတိုနဲ႔ အလင္းဝင္တယ္ဆိုတဲ့ သတင္းကလည္း လြန္ခဲ့တဲ့ ၁၅ရက္ေလာက္ကတည္းက က်ေနာ္တို႔သိထားပါတယ္၊ ေနာက္တစ္ခုက သူနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ အလင္းဝင္သြားတဲ့ ဘဦးေပါ့၊ သူနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ အလင္းဝင္သြားတာရွိပါတယ္၊ ဘဦးက ေမာင္းျပန္ေသနတ္ တစ္လက္နဲ႔ အတိုတစ္လက္ပါသြားတယ္၊

သူတို႔ပူးေပါင္းလိုက္တယ္လို႔ သိလိုက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ စခန္းကို ေနရာေျပာင္းေ႐ြ႕ထားၿပီးသားပါ၊ သူတို႔ေတြ စစ္ေကာင္စီနဲ႔ ပူးေပါင္းလိုက္တဲ့အခါမွာ က်ေနာ္တို႔ ေျမျပင္စခန္းနဲ႔ လက္နက္အင္အား လူအင္အားစာရင္းကို သိသြားလို႔ အခုလို စီးနင္းခံလိုက္ရတာပါ”ဟု ႀကိဳ႕ပင္ေကာက္ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ခံမွေျပာသည္။

ထို႔အျပင္ သတင္းေထာက္လွမ္းေပးသည့္ ေထာက္ပို႔လင္မယားႏွစ္ေယာက္ ဖမ္းဆီးခံရသည့္အတြက္ ၎တို႔ တည္ေနရာကို သိရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဒီလင္မယားႏွစ္ေယာက္အဖမ္းခံရတယ္၊ အဖမ္းခံရေတာ့ စခန္းကိုလိုက္ျပမယ္ စခန္းကိုလိုက္ျပမယ္ ဆိုလို႔ရွိရင္ ေရာက္လာတယ္လို႔ ေယဘူယ်ေတာ့ သတ္မွတ္လို႔ရေကာင္းရလိမ့္မယ္၊ သို႔ေသာ္လည္း အလင္းဝင္သြားတဲ့ သူေတြေၾကာင့္ က်ေနာ္တို႔က ဘာေတြသြားျဖစ္လဲဆိုရင္ က်ေနာ္တို႔ လက္နက္မျပည့္စုံမႈအေၾကာင္းေတြကို က်ေနာ္တို႔ စခန္းမွာ ဘာလက္နက္ေတြရွိတယ္ ဘာပစၥည္းေတြရွိတယ္ ဘာပစၥည္းက ဘယ္ႏွစ္မ်ိဳးရွိတယ္ လူဦးေရက ဘယ္ႏွစ္ေယာက္ရွိတယ္ ဘယ္သူေတြဦးေဆာင္တယ္ဆိုတဲ့ သတင္းေတြကေတာ့ စစ္ေကာင္စီဆီကို အကုန္အျပည့္အစုံ ေပါက္သြားတာေပါ့ဗ်ာ

က်ေနာ္တို႔ေပးထားတဲ့ UGကုတ္ေတြက စၿပီး အျပည့္အစုံေပါက္သြားတာေပါ့ဗ် အဲ့လိုအေၾကာင္းတရားေတြဆုံသြားတဲ့အခ်ိန္မွာ က်ေနာ္တို႔ စခန္းၿဖိဳခြင္းခံရတာေပါ့၊ အရင္က က်ေနာ္တို႔ စခန္းတည္ေနရာကို စစ္ေကာင္စီဘက္က သိေနရင္ေတာင္ မဝင္လာရဲဘူး၊ က်ေနာ္တို႔မွာ ဘာပစၥည္းေတြရွိမွန္းမသိေတာ့ သူတို႔မလာရဲဘူး၊ အခုက အလင္းဝင္သြားတဲ့ သူေတြေၾကာင့္ က်ေနာ္တို႔ အားနည္းခ်က္ကို သိသြားတာ”ဟု ႀကိဳ႕ပင္ေကာက္ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ခံမွေျပာသည္။

ဩဂုတ္လ၂၆ရက္ေန႔တြင္ ပဲခူး႐ိုးမေပၚကို စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္ကို မိုင္းဆြဲတိုက္ခိုက္ရန္ စီစဥ္ေနစဥ္အတြင္း စခန္းတည္ေနရာ ေပါက္ၾကားသြားသည့္အတြက္ စခန္းအနီးခ်ည္းကပ္လာသည့္ စစ္ေကာင္စီတပ္ႏွင့္ ႀကိဳ႕ပင္ေကာက္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

စခန္းစီးနင္းခံရျခင္းေၾကာင့္ စခန္းတြင္းလာေရာက္ခိုလႈံေနသူႏွင့္ PDFရဲေဘာ္ ၁၉ဦးဖမ္းဆီးခံခဲ့ရၿပီး တခ်ိဳ႕ေပ်ာက္ဆုံးကာ တခ်ိဳ႕လြတ္ေျမာက္ခဲ့ၾကေၾကာင္းသိရသည္။

ယေန႔ ဩဂုတ္လ၂၉ရက္ေန႔တြင္ စစ္ေကာင္စီဝါဒျဖန႔္ သတင္းစာမွ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ PDFအဖြဲ႕ဝင္ အမ်ိဳးသား သုံးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး လက္နက္ႏွင့္အတူ အလင္းဝင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)

mizzima

စစ်ကောင်စီဘက် လက်နက်ချအညံ့ခံသွားသည့် တိုင်းလွှတ်တော်အမတ်နှင့် PDFတပ်ဖွဲ့ဝင်အချို့ကြောင့် ကြို့ပင်ကောက်PDFစခန်း စီးနင်းခံလိုက်ရ

ကိုကိုနေတိုး

မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ၊ ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ ဩဂုတ်လ၂၆ရက်နေ့တွင် အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်းသိရသည်။

ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်စခန်း ဝင်ရောက်စီးနင်းခံခဲ့ရခြင်းမှာ ထောက်ပို့လင်းမယားနှစ်ဦးဖမ်းဆီးခံခဲ့ရခြင်းကြောင့် ဖြစ်သလို ယခုလအတွင်းတွင် စစ်ကောင်စီဘက် လက်နက်ချအညံ့ခံသွားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် PDFတပ်ဖွဲ့ဝင်အချို့ကြောင့်ဖြစ်ကြောင်း ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံမှပြောသည်။

“ ကြို့ပင်ကောက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ကျနော်တို့မြေပြင်စခန်းမှာ အတူတူနေခဲ့တဲ့သူ ဖြစ်ပါတယ်၊ သူက လွန်ခဲ့တဲ့ လေးလလောက်ကနေ စခန်းက ထွက်သွားပြီးတော့ ဒီရက်မှာပဲ သူအလင်းဝင်တယ်၊ လက်နက်အပ်တယ်ဆိုတဲ့ တိကျတဲ့ သတင်းတစ်ခုကို ရပါတယ်၊ သူ ကျနော်တို့ စခန်းကနေ ထွက်သွားတဲ့အချိန်မှာလည်း အတိုတစ်လက်ယူသွားပါတယ်၊

အဲ့ အတိုနဲ့ အလင်းဝင်တယ်ဆိုတဲ့ သတင်းကလည်း လွန်ခဲ့တဲ့ ၁၅ရက်လောက်ကတည်းက ကျနော်တို့သိထားပါတယ်၊ နောက်တစ်ခုက သူနဲ့ချိတ်ဆက်ပြီးတော့ အလင်းဝင်သွားတဲ့ ဘဦးပေါ့၊ သူနဲ့ချိတ်ဆက်ပြီးတော့ အလင်းဝင်သွားတာရှိပါတယ်၊ ဘဦးက မောင်းပြန်သေနတ် တစ်လက်နဲ့ အတိုတစ်လက်ပါသွားတယ်၊

သူတို့ပူးပေါင်းလိုက်တယ်လို့ သိလိုက်တဲ့အချိန်မှာ ကျနော်တို့ စခန်းကို နေရာပြောင်းရွေ့ထားပြီးသားပါ၊ သူတို့တွေ စစ်ကောင်စီနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ မြေပြင်စခန်းနဲ့ လက်နက်အင်အား လူအင်အားစာရင်းကို သိသွားလို့ အခုလို စီးနင်းခံလိုက်ရတာပါ”ဟု ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံမှပြောသည်။

ထို့အပြင် သတင်းထောက်လှမ်းပေးသည့် ထောက်ပို့လင်မယားနှစ်ယောက် ဖမ်းဆီးခံရသည့်အတွက် ၎င်းတို့ တည်နေရာကို သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီလင်မယားနှစ်ယောက်အဖမ်းခံရတယ်၊ အဖမ်းခံရတော့ စခန်းကိုလိုက်ပြမယ် စခန်းကိုလိုက်ပြမယ် ဆိုလို့ရှိရင် ရောက်လာတယ်လို့ ယေဘူယျတော့ သတ်မှတ်လို့ရကောင်းရလိမ့်မယ်၊ သို့သော်လည်း အလင်းဝင်သွားတဲ့ သူတွေကြောင့် ကျနော်တို့က ဘာတွေသွားဖြစ်လဲဆိုရင် ကျနော်တို့ လက်နက်မပြည့်စုံမှုအကြောင်းတွေကို ကျနော်တို့ စခန်းမှာ ဘာလက်နက်တွေရှိတယ် ဘာပစ္စည်းတွေရှိတယ် ဘာပစ္စည်းက ဘယ်နှစ်မျိုးရှိတယ် လူဦးရေက ဘယ်နှစ်ယောက်ရှိတယ် ဘယ်သူတွေဦးဆောင်တယ်ဆိုတဲ့ သတင်းတွေကတော့ စစ်ကောင်စီဆီကို အကုန်အပြည့်အစုံ ပေါက်သွားတာပေါ့ဗျာ

ကျနော်တို့ပေးထားတဲ့ UGကုတ်တွေက စပြီး အပြည့်အစုံပေါက်သွားတာပေါ့ဗျ အဲ့လိုအကြောင်းတရားတွေဆုံသွားတဲ့အချိန်မှာ ကျနော်တို့ စခန်းဖြိုခွင်းခံရတာပေါ့၊ အရင်က ကျနော်တို့ စခန်းတည်နေရာကို စစ်ကောင်စီဘက်က သိနေရင်တောင် မဝင်လာရဲဘူး၊ ကျနော်တို့မှာ ဘာပစ္စည်းတွေရှိမှန်းမသိတော့ သူတို့မလာရဲဘူး၊ အခုက အလင်းဝင်သွားတဲ့ သူတွေကြောင့် ကျနော်တို့ အားနည်းချက်ကို သိသွားတာ”ဟု ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံမှပြောသည်။

ဩဂုတ်လ၂၆ရက်နေ့တွင် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရန် စီစဉ်နေစဉ်အတွင်း စခန်းတည်နေရာ ပေါက်ကြားသွားသည့်အတွက် စခန်းအနီးချည်းကပ်လာသည့် စစ်ကောင်စီတပ်နှင့် ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စခန်းစီးနင်းခံရခြင်းကြောင့် စခန်းတွင်းလာရောက်ခိုလှုံနေသူနှင့် PDFရဲဘော် ၁၉ဦးဖမ်းဆီးခံခဲ့ရပြီး တချို့ပျောက်ဆုံးကာ တချို့လွတ်မြောက်ခဲ့ကြကြောင်းသိရသည်။

ယနေ့ ဩဂုတ်လ၂၉ရက်နေ့တွင် စစ်ကောင်စီဝါဒဖြန့် သတင်းစာမှ ကြို့ပင်ကောက်မြို့နယ် PDFအဖွဲ့ဝင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

mizzima