Local News

စက္သုံးဆီေတြ ေစ်းထပ္တက္၊ ေဒၚလာေတြလည္း ျပတ္လပ္

စက္သုံးဆီေတြ ေစ်းထပ္တက္၊ ေဒၚလာေတြလည္း ျပတ္လပ္

92 ဓာတ္ဆီတစ္လီတာ ၂၅၇၀ က်ပ္ႏွင့္ ဒီဇယ္တစ္လီတာ ၃၃၃၅ က်ပ္အထိ ေစ်းထပ္တက္

ရန္ကုန္၊ ဩဂုတ္ ၃၀

ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ စက္သုံးဆီ ေစ်းႏႈန္းမ်ား ဩဂုတ္လ ၃၀ ရက္ေန႔တြင္ ထပ္မံ ျမင့္တက္သြားၿပီး စက္သုံးဆီ တင္သြင္းရန္ အေမရိကန္ေဒၚလာမ်ားလည္း ဝယ္မရသည္ အထိ ျပတ္လပ္လ်က္ရွိေၾကာင္း သြင္းကုန္လုပ္ငန္းရွင္အသိုင္းအ၀ိုင္းထံမွ သိရွိရသည္။

ဩဂုတ္လ ၃၀ ရက္ေန႔တြင္ 92 ဓာတ္ဆီတစ္လီတာလွ်င္ ၂၅၇၀ က်ပ္မွ ေနရာေဒသလိုက္၍ ၃၂၀၅ က်ပ္ အထိလည္းေကာင္း၊ 95 ဓာတ္ဆီတစ္လီတာလွ်င္ ၂၆၃၅ က်ပ္မွ ေနရာကိုလိုက္၍ ၃၂၇၅ က်ပ္အထိလည္းေကာင္း၊ ဒီဇယ္တစ္လီတာလွ်င္ ၃၂၅၅ က်ပ္မွ ေနရာကိုလိုက္၍ ၃၈၈၅ က်ပ္ အထိလည္းေကာင္း၊ ယမန္ေန႔ ေစ်းႏႈန္းမ်ားထက္ တစ္လီတာလွ်င္ က်ပ္ ၁၀၀ ဝန္းက်င္ ေစ်းမ်ားထိုးတက္သြားျခင္း ျဖစ္သည္။

လက္ရွိတြင္ စက္သုံးဆီမ်ား တင္သြင္းရန္လည္း အေမရိကန္ေဒၚလာမ်ား ျပည္တြင္းတြင္ ျပတ္လပ္ေနၿပီး စစ္ေကာင္စီ၏ ဗဟိုဘဏ္ကလည္း ေဒၚလာ ေရာင္းမေပးေၾကာင္း သိရွိရသည္။

“ေဒၚလာကလည္း လိုသေလာက္မရဘူး။ ဗဟိုဘဏ္က ေရာင္းမေပးႏိုင္ေတာ့ဘူး။ ဗဟိုဘဏ္က ပုဂၢလိ က ဘဏ္ေတြ ပို႔ကုန္သမားေတြကို အစိုးရသတ္မွတ္ေစ်းနဲ႔ ေရာင္းေပးဖို႔ လိုက္ညႇိေပးတာရွိတယ္။ ေျပာခ်င္တာက ေဒၚလာက အျပင္ကပဲ ဝယ္ခိုင္းတာ။

အျပင္ကလူေတြကိုလည္း အစိုးရ သတ္မွတ္ေစ်းႏႈန္းနဲ႔ပဲ ေရာင္းရမယ္ဆိုၿပီး ေျပာထားေပမယ့္ ဘယ္သူကေရာင္းမလဲ။ အခုက တစ္ေဒၚလာ ၃၃၀၀ ေတာင္ေက်ာ္ေနၿပီ။ ႐ုရွားဆီေတြ လာမွာမို႔ ေစာင့္ခိုင္းတာလည္းရွိတယ္။

အေျခအေနကေတာ့ ႐ုရွားဆီမေရာက္ခင္ ဆီျပတ္သြားမယ့္သေဘာမ်ိဳး လည္း ေတြ႕လာရတယ္။ ဆီျပတ္မယ္ေျပာရင္လည္း မႀကိဳက္ဘူးဆိုေတာ့ ကိုယ့္ဟာကိုယ္ ခ်ိန္ဆၿပီး ျပည္သူေတြ လုပ္ၾကဖို႔ပဲ ေျပာခ်င္ပါတယ္” ဟု ရန္ကုန္စီးပြားေရးသမားတစ္ဦးက ေျပာဆိုသည္။

႐ုရွားႏိုင္ငံမွ စက္သုံးဆီမ်ား ေရာက္လာလွ်င္လည္း စက္သုံးဆီေစ်းက်ဆင္းရန္မရွိဘဲ ဆက္လက္ျမင့္တက္မည္ျဖစ္ၿပီး စက္သုံးဆီျပႆနာမွာ အခ်ိန္ကာလၾကာျမင့္သည္ႏွင့္အမွ် ျပည္သူမ်ားမၾကာခဏ ႀကဳံေတြ႕ရမည္ဟု ရန္ကုန္စီးပြားေရးသမားက အသိေပးထားသည္။

စက်သုံးဆီတွေ ဈေးထပ်တက်၊ ဒေါ်လာတွေလည်း ပြတ်လပ်

92 ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်အထိ ဈေးထပ်တက်

ရန်ကုန်၊ ဩဂုတ် ၃၀

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် စက်သုံးဆီ ဈေးနှုန်းများ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထပ်မံ မြင့်တက်သွားပြီး စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာများလည်း ဝယ်မရသည် အထိ ပြတ်လပ်လျက်ရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၅၇၀ ကျပ်မှ နေရာဒေသလိုက်၍ ၃၂၀၅ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ၂၆၃၅ ကျပ်မှ နေရာကိုလိုက်၍ ၃၂၇၅ ကျပ်အထိလည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၃၂၅၅ ကျပ်မှ နေရာကိုလိုက်၍ ၃၈၈၅ ကျပ် အထိလည်းကောင်း၊ ယမန်နေ့ ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင် ဈေးများထိုးတက်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် စက်သုံးဆီများ တင်သွင်းရန်လည်း အမေရိကန်ဒေါ်လာများ ပြည်တွင်းတွင် ပြတ်လပ်နေပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း ဒေါ်လာ ရောင်းမပေးကြောင်း သိရှိရသည်။

“ဒေါ်လာကလည်း လိုသလောက်မရဘူး။ ဗဟိုဘဏ်က ရောင်းမပေးနိုင်တော့ဘူး။ ဗဟိုဘဏ်က ပုဂ္ဂလိ က ဘဏ်တွေ ပို့ကုန်သမားတွေကို အစိုးရသတ်မှတ်ဈေးနဲ့ ရောင်းပေးဖို့ လိုက်ညှိပေးတာရှိတယ်။ ပြောချင်တာက ဒေါ်လာက အပြင်ကပဲ ဝယ်ခိုင်းတာ။

အပြင်ကလူတွေကိုလည်း အစိုးရ သတ်မှတ်ဈေးနှုန်းနဲ့ပဲ ရောင်းရမယ်ဆိုပြီး ပြောထားပေမယ့် ဘယ်သူကရောင်းမလဲ။ အခုက တစ်ဒေါ်လာ ၃၃၀၀ တောင်ကျော်နေပြီ။ ရုရှားဆီတွေ လာမှာမို့ စောင့်ခိုင်းတာလည်းရှိတယ်။

အခြေအနေကတော့ ရုရှားဆီမရောက်ခင် ဆီပြတ်သွားမယ့်သဘောမျိုး လည်း တွေ့လာရတယ်။ ဆီပြတ်မယ်ပြောရင်လည်း မကြိုက်ဘူးဆိုတော့ ကိုယ့်ဟာကိုယ် ချိန်ဆပြီး ပြည်သူတွေ လုပ်ကြဖို့ပဲ ပြောချင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီများ ရောက်လာလျှင်လည်း စက်သုံးဆီဈေးကျဆင်းရန်မရှိဘဲ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး စက်သုံးဆီပြဿနာမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ပြည်သူများမကြာခဏ ကြုံတွေ့ရမည်ဟု ရန်ကုန်စီးပွားရေးသမားက အသိပေးထားသည်။