Local News

အင္းစိန္ေထာင္အထူးတရား႐ုံး တရားသူႀကီးစီးလာေသာ ကား

အင္းစိန္ေထာင္အထူးတရား႐ုံး တရားသူႀကီးစီးလာေသာ ကား အင္းစိန္ေစ်းႏွင့္မီးသတ္အနီးတြင္ ပစ္ခတ္ခံရ၊ လူ ၁ ဦးဒဏ္ရာရ

ရန္ကုန္၊ ဩဂုတ္ ၃၀

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕ နယ္၊ အင္းစိန္ေစ်းႏွင့္ လဟာျပင္ေစ်းအၾကား တြင္ ဩဂုတ္လ ၃၀ ရက္ မြန္းလြဲ ၁၂ နာရီ ၃၀ မိနစ္အခ်ိန္ အင္းစိန္ေထာင္ အထူးတရား႐ုံးမွ တရားသူႀကီး စီးနင္းလာေသာ ကား ပစ္ခတ္ခံရေၾကာင္း စစ္ဘက္သတင္းရင္းျမစ္ NOM ႏွင့္ ေဒသခံမ်ားက ေျပာဆိုသည္။

ယေန႔ ဩဂုတ္လ ၃၀ ရက္ေန႔ မြန္းလြဲ ၁ နာရီဝန္းက်င္တြင္ ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ အင္းစိန္ေစ်းအနီးမွ ျပည္သူမ်ားႏွင့္ လမ္းသြားလမ္းလာမ်ားက ပစ္ခတ္သံမ်ားၾကားရေၾကာင္း သတင္းေပးပို႔ၾကၿပီး စစ္တပ္ႏွင့္ရဲကားမ်ား ျမင္ရေၾကာင္း သတင္းေပးပို႔ၾကသည္။

“ကားေပၚက အျခားကားတစ္ခုကို ပစ္ေနတာ။ အခ်က္ ၁၀ ခ်က္ေက်ာ္မယ္။ တဒိုင္းဒိုင္းနဲ႔ ။ က်ေနာ္တို႔လည္း ဘာမွန္းမသိလို႔ ဝပ္ေနရတယ္” ဟု အင္းစိန္ေစ်းအနီးတြင္ ဆံပင္ရွည္ဝယ္ယူေသာ ဒိုင္တစ္ဦးက ေျပာသည္။

စစ္တပ္သတင္းရင္းျမစ္ NOM ကမူ အင္းစိန္ဗဟိုအက်ဥ္းေထာင္ အထူးတရား ႐ုံးမွ တရားသူႀကီးစီးလာသည့္ကားကို ပ႐ိုေဘာက္စ္ကားျဖင့္ လိုက္လံပစ္ခတ္ရာမွ အျခားကားတစ္စီး ထိမွန္ၿပီး လူ ၁ ဦးဒဏ္ရာရရွိသည္ဟု ေရးသားေဖာ္ျပထားသည္။

အျခားအင္းစိန္ေဒသခံတစ္ဦးကမူ ကားေပၚမွ အျခားကားတစ္ထံသို႔ ပစ္ခတ္မႈျဖစ္သည္ဟု ဆိုသည္။

“ပ႐ိုေဘာက္ေပၚကေနပစ္တာ။ ေဘာက္ကားေပၚက လူထိတယ္ေျပာတယ္” ဟု အင္းစိန္ေဒသခံတစ္ဦးကဆိုသည္။

ဓာတ္ပုံ- ပစ္ခတ္မႈျဖစ္ေသာ အင္းစိန္ေစ်းဘက္သို႔ ဆက္သြယ္ထားေသာ အင္းစိန္ ကုန္းေက်ာ္တံတား။

အင်းစိန်ထောင်အထူးတရားရုံး တရားသူကြီးစီးလာသော ကား အင်းစိန်ဈေးနှင့်မီးသတ်အနီးတွင် ပစ်ခတ်ခံရ၊ လူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်၊ အင်းစိန်ဈေးနှင့် လဟာပြင်ဈေးအကြား တွင် ဩဂုတ်လ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အင်းစိန်ထောင် အထူးတရားရုံးမှ တရားသူကြီး စီးနင်းလာသော ကား ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ် NOM နှင့် ဒေသခံများက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အင်းစိန်ဈေးအနီးမှ ပြည်သူများနှင့် လမ်းသွားလမ်းလာများက ပစ်ခတ်သံများကြားရကြောင်း သတင်းပေးပို့ကြပြီး စစ်တပ်နှင့်ရဲကားများ မြင်ရကြောင်း သတင်းပေးပို့ကြသည်။

“ကားပေါ်က အခြားကားတစ်ခုကို ပစ်နေတာ။ အချက် ၁၀ ချက်ကျော်မယ်။ တဒိုင်းဒိုင်းနဲ့ ။ ကျနော်တို့လည်း ဘာမှန်းမသိလို့ ဝပ်နေရတယ်” ဟု အင်းစိန်ဈေးအနီးတွင် ဆံပင်ရှည်ဝယ်ယူသော ဒိုင်တစ်ဦးက ပြောသည်။

စစ်တပ်သတင်းရင်းမြစ် NOM ကမူ အင်းစိန်ဗဟိုအကျဉ်းထောင် အထူးတရား ရုံးမှ တရားသူကြီးစီးလာသည့်ကားကို ပရိုဘောက်စ်ကားဖြင့် လိုက်လံပစ်ခတ်ရာမှ အခြားကားတစ်စီး ထိမှန်ပြီး လူ ၁ ဦးဒဏ်ရာရရှိသည်ဟု ရေးသားဖော်ပြထားသည်။

အခြားအင်းစိန်ဒေသခံတစ်ဦးကမူ ကားပေါ်မှ အခြားကားတစ်ထံသို့ ပစ်ခတ်မှုဖြစ်သည်ဟု ဆိုသည်။

“ပရိုဘောက်ပေါ်ကနေပစ်တာ။ ဘောက်ကားပေါ်က လူထိတယ်ပြောတယ်” ဟု အင်းစိန်ဒေသခံတစ်ဦးကဆိုသည်။

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်သော အင်းစိန်ဈေးဘက်သို့ ဆက်သွယ်ထားသော အင်းစိန် ကုန်းကျော်တံတား။