Local News

PDF ၃ ဦးက်ဆုံး

စစ္ေကာင္စီတပ္၏ အလစ္အငိုက္တိုက္ခိုက္ခံရၿပီး PDF ၃ ဦးက်ဆုံး

ေဝယံမိုး

ေကာ္သူးေလ(မဇၩိမ)။ ။

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္၊ ေခ်ာင္းမေက်း႐ြာ အေနာက္ဘက္ မုံ႐ြာ-ယာႀကီး- ကေလးဝလမ္းမႀကီး ေပၚတြင္ စစ္ေကာင္စီတပ္၏ ႐ုတ္တရက္ပစ္ခတ္မႈေၾကာင့္ PDF သုံးဦးက်ဆုံးခဲ့ေၾကာင္း သိရသည္။

ဩဂုတ္လ ၂၆ ရက္ မြန္းတည့္ ၁၂ နာရီအခ်ိန္ခန႔္တြင္ မုံ႐ြာ-ယာႀကီး- ကေလးဝလမ္းမႀကီး မွန္ေတာင္အထြက္တြင္ စစ္ေကာင္စီတပ္ အင္အား ၂၀၀ ခန႔္ရွိ စစ္ေၾကာင္းႏွင့္ ထိပ္တိုက္ေတြ႕ကာ ပစ္ခတ္ခံရျခင္း ျဖစ္သည္။

“ေခြးေတြ(စစ္ေကာင္စီတပ္သားမ်ား)မလာေလာက္ေသးဘူးဆိုၿပီး ဒီေကာင္ေတြက ျဖတ္လိုက္တာ ။မိုးကလည္း တဖြဲဖြဲက်ေန ေတာ့ ေခြးေတြဇီးပင္တြင္း႐ြာက မထြက္ေလာက္ေသးဘူး ထင္ၾကတာ ။ေရွ႕မွာက ဆိုင္ကယ္နဲ႔ပစ္ခံထားရတာကိုျမင္ေတာ့ ကားကိုအရွိန္ေလ်ာ့လိုက္တာ အဲ့အခ်ိန္မွာ တရစပ္ပစ္ခံရတာ” ဟု ေတာ္လွန္ေရးရဲေဘာ္မ်ား က်ဆုံးပုံကို ေ႐ႊႀတိဂံတပ္ရင္းမွ ကိုစိုင္းက ေျပာသည္။

တိုက္ခိုက္ခံရမႈတြင္ ႐ိုးမဖိုက္တာ တပ္ရင္းမွ ရဲေဘာ္ေလခ်ဳပ္(ခ)လွျမင့္သန္း၊ Democratic Guerrilla Force(Lower Chindwin)DGF/ChindwinBrothers မွ ရဲေဘာ္သူရ(ခ)လွမင္းႏိုင္ ႏွင့္ ႐ိုးမဖိုက္တာတပ္ရင္းမွ ရဲေဘာ္ေက်ာက္္ခဲ တို႔က်ဆုံးသြားျခင္း ျဖစ္သည္။

ယမန္ေန႔က က်ဆုံးရဲေဘာ္မ်ား၏ ႐ုပ္အေလာင္းမ်ားအား တိုက္ခိုက္မႈျဖစ္စဥ္အနီးတြင္ ျပန္ေတြ႕ရသည့္အခါ အသက္ရွင္လ်က္ ဖမ္းမိေသာ္လည္း ႏွိပ္စက္သတ္ျဖတ္ထားသည့္ လကၡဏာမ်ား ေတြ႕ရသည္ဟု ဆိုသည္။

“႐ုပ္အေလာင္းေတြ ေတြ႕တဲ့အခါ ေတာ္ေတာ္ေလးႏွိပ္စက္ထားတဲ့ ဒဏ္ရာေတြကို ေတြ႕ရတယ္ ။ ေခါင္းေတြဆိုလည္း ႐ိုက္ခြဲထားသလို လက္ေတြေျခေထာက္ေတြလည္း ႐ိုက္ခ်ိဳးထားတာေတြ ေတြ႕ရတယ္” ဟု က်ဆုံးရဲေဘာ္မ်ား၏ ႐ုပ္အေလာင္းပုံစံကို ကိုစိုင္းက ျပန္ေျပာျပသည္။

တိုက္ပြဲဝင္ရင္း ေအာင္ပြဲမရခင္ က်ဆုံးရသည့္ရဲေဘာ္မ်ားကို “ပန္းတိုင္မေရာက္ခင္ ႏႈတ္ဆက္သြားခ်ိန္မွာ မင္းတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ငါတို႔ဆက္လက္ သယ္ပိုးၿပီး စြမ္းႏိုင္သမွ်ႀကိဳးစားသြားမွာပါ။ငါတို႔ေတြရဲ႕ရင္ထဲမွာ မင္းတို႔အၿမဲရွိေနမွာပါ” ဟု ေဒသတြင္း ေတာ္လွန္ေရးတပ္ဖြဲ႕တစ္ခုျဖစ္သည့္ ဗ်တၱညီေနာင္အဖြဲ႕က က်ဆုံးရဲေဘာ္မ်ား၏ ႐ုပ္ပုံႏွင့္တကြ လူမႈကြန္ရက္မွတဆင့္ ယေန႔ ဩဂုတ္လ ၂၈ရက္ မနက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။

ေတာ္လွန္ေရးရဲေဘာ္မ်ားအား သတ္ျဖတ္ခဲ့သည့္ စစ္ေၾကာင္းသည္ ဩဂုတ္လ ၁၁ ရက္တြင္ ရင္ေပါင္တိုင္အား စစ္ေၾကာင္းထိုးကာ ေဒသခံ ဦးေရ ၂၀ နီးပါးသတ္ျဖတ္သြားၿပီး ပုလဲနယ္၊ထိုမွတဆင့္ ရင္ေပါင္တိုင္ႏွင့္ ငါးမိုင္ခန႔္အကြာ ကပိုင္၊ သီးကုန္း၊ သေလာက္၊ ၾကပ္၊ ဝင္းကုန္း စသည့္ေက်း႐ြာမ်ားသို႔ ဝင္ေရာက္မီးရႈိ႕ကာ ယခုကနီနယ္သို႔ ေရာက္ရွိလာျခင္း ျဖစ္သည္။

ထိုတပ္ဖြဲ႕မ်ားအား ေဒသခံေတာ္လွန္ေရး ပူးေပါင္းတပ္ဖြဲ႕မ်ားက လိုက္လံတိုက္ခိုက္ေနၿပီး လက္ရွိအခ်ိန္တြင္ ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အနီးရွိ မအိုေက်း႐ြာတြင္ တပ္စြဲေနေၾကာင္း သိရသည္။

ယေန႔မနက္အေစာပိုင္းတြင္လည္း ထိုစစ္ေကာင္စီတပ္ဘက္မွ ပစ္ခတ္သံၾကားရေသာ္လည္း ေဒသခံေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ထိေတြ႕တိုက္ပြဲမ်ားမရွိေသးေၾကာင္း ကိုစိုင္းကေျပာသည္။

စာတည္း။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး

စစ်ကောင်စီတပ်၏ အလစ်အငိုက်တိုက်ခိုက်ခံရပြီး PDF ၃ ဦးကျဆုံး

ဝေယံမိုး

ကော်သူးလေ(မဇ္ဈိမ)။ ။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ အနောက်ဘက် မုံရွာ-ယာကြီး- ကလေးဝလမ်းမကြီး ပေါ်တွင် စစ်ကောင်စီတပ်၏ ရုတ်တရက်ပစ်ခတ်မှုကြောင့် PDF သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မုံရွာ-ယာကြီး- ကလေးဝလမ်းမကြီး မှန်တောင်အထွက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ခွေးတွေ(စစ်ကောင်စီတပ်သားများ)မလာလောက်သေးဘူးဆိုပြီး ဒီကောင်တွေက ဖြတ်လိုက်တာ ။မိုးကလည်း တဖွဲဖွဲကျနေ တော့ ခွေးတွေဇီးပင်တွင်းရွာက မထွက်လောက်သေးဘူး ထင်ကြတာ ။ရှေ့မှာက ဆိုင်ကယ်နဲ့ပစ်ခံထားရတာကိုမြင်တော့ ကားကိုအရှိန်လျော့လိုက်တာ အဲ့အချိန်မှာ တရစပ်ပစ်ခံရတာ” ဟု တော်လှန်ရေးရဲဘော်များ ကျဆုံးပုံကို ရွှေတြိဂံတပ်ရင်းမှ ကိုစိုင်းက ပြောသည်။

တိုက်ခိုက်ခံရမှုတွင် ရိုးမဖိုက်တာ တပ်ရင်းမှ ရဲဘော်လေချုပ်(ခ)လှမြင့်သန်း၊ Democratic Guerrilla Force(Lower Chindwin)DGF/ChindwinBrothers မှ ရဲဘော်သူရ(ခ)လှမင်းနိုင် နှင့် ရိုးမဖိုက်တာတပ်ရင်းမှ ရဲဘော်ကျောက်ခဲ တို့ကျဆုံးသွားခြင်း ဖြစ်သည်။

ယမန်နေ့က ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား တိုက်ခိုက်မှုဖြစ်စဉ်အနီးတွင် ပြန်တွေ့ရသည့်အခါ အသက်ရှင်လျက် ဖမ်းမိသော်လည်း နှိပ်စက်သတ်ဖြတ်ထားသည့် လက္ခဏာများ တွေ့ရသည်ဟု ဆိုသည်။

“ရုပ်အလောင်းတွေ တွေ့တဲ့အခါ တော်တော်လေးနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရတယ် ။ ခေါင်းတွေဆိုလည်း ရိုက်ခွဲထားသလို လက်တွေခြေထောက်တွေလည်း ရိုက်ချိုးထားတာတွေ တွေ့ရတယ်” ဟု ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းပုံစံကို ကိုစိုင်းက ပြန်ပြောပြသည်။

တိုက်ပွဲဝင်ရင်း အောင်ပွဲမရခင် ကျဆုံးရသည့်ရဲဘော်များကို “ပန်းတိုင်မရောက်ခင် နှုတ်ဆက်သွားချိန်မှာ မင်းတို့ရဲ့မျှော်လင့်ချက်တွေကို ငါတို့ဆက်လက် သယ်ပိုးပြီး စွမ်းနိုင်သမျှကြိုးစားသွားမှာပါ။ငါတို့တွေရဲ့ရင်ထဲမှာ မင်းတို့အမြဲရှိနေမှာပါ” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗျတ္တညီနောင်အဖွဲ့က ကျဆုံးရဲဘော်များ၏ ရုပ်ပုံနှင့်တကွ လူမှုကွန်ရက်မှတဆင့် ယနေ့ ဩဂုတ်လ ၂၈ရက် မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

တော်လှန်ရေးရဲဘော်များအား သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်တွင် ရင်ပေါင်တိုင်အား စစ်ကြောင်းထိုးကာ ဒေသခံ ဦးရေ ၂၀ နီးပါးသတ်ဖြတ်သွားပြီး ပုလဲနယ်၊ထိုမှတဆင့် ရင်ပေါင်တိုင်နှင့် ငါးမိုင်ခန့်အကွာ ကပိုင်၊ သီးကုန်း၊ သလောက်၊ ကြပ်၊ ဝင်းကုန်း စသည့်ကျေးရွာများသို့ ဝင်ရောက်မီးရှို့ကာ ယခုကနီနယ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုတပ်ဖွဲ့များအား ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေပြီး လက်ရှိအချိန်တွင် ကနီမြို့နယ် ချင်းတွင်းမြစ်အနီးရှိ မအိုကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။

ယနေ့မနက်အစောပိုင်းတွင်လည်း ထိုစစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သံကြားရသော်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများမရှိသေးကြောင်း ကိုစိုင်းကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး