Local News

ေနအိမ္ေတြကို ဖ်က္ဆီးဖို႔လာတဲ့ အဖြဲ႕ကို ျပည္သူက ျပန္ခုခံ၊ ဘက္ဟိုးေမာင္းသူ ႏွစ္ေယာက္ကို ဖမ္းမိ

ျပည္ႀကီးတံခြန္မွာ ရပ္ကြက္ထဲက ေနအိမ္ေတြကို ဖ်က္ဆီးဖို႔လာတဲ့ အဖြဲ႕ကို ျပည္သူက ျပန္ခုခံ၊ ဘက္ဟိုးေမာင္းသူ ႏွစ္ေယာက္ကို ဖမ္းမိၿပီး ရပ္ကြက္႐ုံးက လာေခၚသြား

MFP ၊ ဩဂုတ္ – ၃၁

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ဇီးအုပ္ကြက္သစ္ဘက္မွာ ရပ္ကြက္ထဲက ေနအိမ္ေတြကို ဖ်က္ဆီးဖို႔လာတဲ့အဖြဲ႕ကို ျပည္သူေတြက ျပန္ခုခံတာေၾကာင့္ ထြက္ေျပးသြားခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

မေန႔ ဩဂုတ္ (၃၀)ရက္ မြန္းလြဲပိုင္းမွာ ၁၃၁ လမ္းေတာင္ဘက္၊ ၄၉ လမ္းနဲ႔ လမ္း ၅၀ ၾကား၊ ဇီးအုပ္ကြက္သစ္ (ဋ) ရပ္ကြက္မွာရွိတဲ့ ေနအိမ္ေတြကို ကံႀကီးကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ျမင့္လြင္ အပါအဝင္ ပ်ဴေစာထီး အမည္ခံ ရပ္ကြက္လူမိုက္ အေယာက္ (၃၀)ေလာက္က လာေရာက္ဖ်က္ဆီးတာျဖစ္တယ္လို႔ ျပည္ႀကီးတံခြန္သပိတ္အင္အားစု-မႏၲေလးကလည္း ေဖာ္ျပပါတယ္။

ဘက္ဟိုးေတြနဲ႔ ဖ်က္ဆီး႐ုံမကဘဲ လူမိုက္အဖြဲ႕နဲ႔ပဲ ျပည္သူေတြကို ဝိုင္းဝန္း႐ိုက္ႏွက္လာတဲ့အတြက္ ေနအိမ္ဖ်က္ဆီးခံရတဲ့ ျပည္သူေတြက ျပန္ခုခံရာမွာ ဘက္ဟိုးသမား ႏွစ္ေယာက္ကို ဖမ္းဆီးရမိကာ လူမိုက္အုပ္စုကေတာ့ ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္။

ဘယ္ႏွအိမ္ဖ်က္ဆီးခံရတယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဖမ္းဆီးမိတဲ့ ဘက္ဟိုးကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး ဘက္ဟိုးသမားႏွစ္ေယာက္ကို ကံႀကီးကုန္းအုပ္ခ်ဳပ္ေရးမႉး႐ုံးက လာေရာက္ေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ဒီေန႔မနက္မွာေတာ့ အဲဒီေနရာကို စစ္အုပ္စုက ကား (၆)စီးခန္႔နဲ႔ ပတ္ေနတယ္လို႔လည္း ေဒသခံအခ်ိဳ႕က ထပ္ေျပာပါတယ္။

စစ္္တပ္အာဏာသိမ္းၿပီးေနာက္ မႏၲေလးၿမိဳ႕ေပၚက ရပ္ကြက္ေနအိမ္အခ်ိဳ႕ကို က်ဴးေက်ာ္ဆိုၿပီး စစ္အုပ္စုက ဖယ္ရွားရွင္းလင္းရာမွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲက အမ်ားဆုံးျဖစ္ၿပီး အဲဒီဖယ္ရွားရွင္းလင္းခံရမႈမွာ အင္အားသုံးၿပီး ဖယ္ရွားတာျဖစ္ကာ အိမ္ႀကီးအိမ္ေကာင္းေတြကိုပါမခ်န္ဘဲ ဖ်က္ဆီးၾကတာျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ပြည်ကြီးတံခွန်မှာ ရပ်ကွက်ထဲက နေအိမ်တွေကို ဖျက်ဆီးဖို့လာတဲ့ အဖွဲ့ကို ပြည်သူက ပြန်ခုခံ၊ ဘက်ဟိုးမောင်းသူ နှစ်ယောက်ကို ဖမ်းမိပြီး ရပ်ကွက်ရုံးက လာခေါ်သွား

MFP ၊ ဩဂုတ် – ၃၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ဘက်မှာ ရပ်ကွက်ထဲက နေအိမ်တွေကို ဖျက်ဆီးဖို့လာတဲ့အဖွဲ့ကို ပြည်သူတွေက ပြန်ခုခံတာကြောင့် ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဩဂုတ် (၃၀)ရက် မွန်းလွဲပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးတာဖြစ်တယ်လို့ ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေးကလည်း ဖော်ပြပါတယ်။

ဘက်ဟိုးတွေနဲ့ ဖျက်ဆီးရုံမကဘဲ လူမိုက်အဖွဲ့နဲ့ပဲ ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ ပြည်သူတွေက ပြန်ခုခံရာမှာ ဘက်ဟိုးသမား နှစ်ယောက်ကို ဖမ်းဆီးရမိကာ လူမိုက်အုပ်စုကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဘယ်နှအိမ်ဖျက်ဆီးခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖမ်းဆီးမိတဲ့ ဘက်ဟိုးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဘက်ဟိုးသမားနှစ်ယောက်ကို ကံကြီးကုန်းအုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်မှာတော့ အဲဒီနေရာကို စစ်အုပ်စုက ကား (၆)စီးခန့်နဲ့ ပတ်နေတယ်လို့လည်း ဒေသခံအချို့က ထပ်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်က ရပ်ကွက်နေအိမ်အချို့ကို ကျူးကျော်ဆိုပြီး စစ်အုပ်စုက ဖယ်ရှားရှင်းလင်းရာမှာ ပြည်ကြီးတံခွန်မြို့နယ်ထဲက အများဆုံးဖြစ်ပြီး အဲဒီဖယ်ရှားရှင်းလင်းခံရမှုမှာ အင်အားသုံးပြီး ဖယ်ရှားတာဖြစ်ကာ အိမ်ကြီးအိမ်ကောင်းတွေကိုပါမချန်ဘဲ ဖျက်ဆီးကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။