Local News

မေလးရွားႏိုင္ငံကလြဲၿပီး က်န္အာဆီယံႏိုင္ငံအားလုံးကို ျပည္ဝင္ခြင့္ဗီဇာကင္းလြတ္ခြင့္ျပဳသြားမယ္လို႔ ႏိုင္ငံျခားေရး ထုတ္ျပန္

မေလးရွားႏိုင္ငံကလြဲၿပီး က်န္အာဆီယံႏိုင္ငံအားလုံးကို ျပည္ဝင္ခြင့္ဗီဇာကင္းလြတ္ခြင့္ျပဳသြားမယ္လို႔ ႏိုင္ငံျခားေရး ထုတ္ျပန္

ဩဂုတ္ ၃၁

စက္တင္ဘာ ၁ ရက္ေန႔စၿပီးေတာ့ မေလးရွားႏိုင္ငံကလြဲၿပီး က်န္အာဆီယံႏိုင္ငံအားလုံးကို ျပည္ဝင္ခြင့္ဗီဇာကင္းလြတ္ခြင့္ျပဳသြားမယ္လို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ျပည္ဝင္ခြင့္ဆိုင္ရာကန႔္သတ္မႈမ်ားကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ ဖိလစ္ပိုင္ႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ စင္ကာပူႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ လာအိုႏိုင္ငံ၊

ဗီယက္နမ္ႏိုင္ငံႏွင့္ ဘ႐ူႏိုင္းဒါ႐ူဆလမ္ႏိုင္ငံ တို႔မွ ျမန္မာႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံအၾကား သံတမန္/ အထူးႏွင့္ သာမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူမ်ားအတြက္ ႏွစ္ႏိုင္ငံ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္စာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ကို စက္တင္ဘာ ၁ ရက္ေန႔ကစၿပီးေတာ့ ျပန္လည္ခြင့္ျပဳေပးသြားမယ္လို႔ဆိုပါတယ္။

ယင္းသို႔ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ ခရီးသြားမ်ားအေနျဖင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ေနာက္ဆုံး ထုတ္ျပန္ထားသည့္ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီလိုက္နာေဆာင္႐ြက္သြားရမယ္လို႔ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။

myanmaplatform

မလေးရှားနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုသွားမယ်လို့ နိုင်ငံခြားရေး ထုတ်ပြန်

ဩဂုတ် ၃၁

စက်တင်ဘာ ၁ ရက်နေ့စပြီးတော့ မလေးရှားနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊

ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ တို့မှ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကြား သံတမန်/ အထူးနှင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် နှစ်နိုင်ငံ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို စက်တင်ဘာ ၁ ရက်နေ့ကစပြီးတော့ ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ဆိုပါတယ်။

ယင်းသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်သွားရမယ်လို့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

myanmaplatform