Local News

အထက္တန္း ေက်ာင္း(ခြဲ) အတြက္ လစာထုတ္လာသည့္ စာေရးမထံမွ လစာေငြ က်ပ္သိန္း ၃ဝ ေက်ာ္ ယေန႔ ေန႔လယ္က အလုခံရ

အထက္တန္း ေက်ာင္း(ခြဲ) အတြက္ လစာထုတ္လာသည့္ စာေရးမထံမွ လစာေငြ က်ပ္သိန္း ၃ဝ ေက်ာ္ ယေန႔ ေန႔လယ္က အလုခံရ

နိရ ၪၥရာ၊ ၾသဂုတ္ ၃၁/၂၀၂၂

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကြမ္းအုံေခ်ာင္း အထက္တန္း ေက်ာင္း(ခြဲ) အတြက္ လစာထုတ္လာသည့္ စာေရးမထံမွ လစာေငြ က်ပ္သိန္း ၃ဝ ေက်ာ္ ယေန႔ ေန႔လယ္က အလုခံလိုက္ရသည္ဟု သိရသည္။

အဆိုပါေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားကိုယ္စား ေက်ာက္ေတာ္ၿမိဳ႕၊ ႐ြာမ ရပ္ကြက္ရွိ ေက်ာင္းစာေရးမ ေဒၚမီမီခိုင္ (၂၇ ႏွစ္)က ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးမွ ယေန႔ ၾသဂုတ္လ ၃၁ ရက္ ေန႔လယ္ပိုင္းတြင္ လစာထုတ္ၿပီး အိႏၵိယသုံးဘီး (ေခၚ)တုတ္တုတ္ျဖင့္ ျပန္လာစဥ္ လမ္း၌ တို႔ေဆးမိၿပီး လုယက္ခံလိုက္ရျခင္း ျဖစ္သည္ဟု သူမအား လိုက္ပါ ကူညီေဆာင္႐ြက္ေပးေနသည့္ ေက်ာက္ေတာ္ ၿမိဳ႕ခံ တစ္ဦးက နိရၪၥရာကိုေျပာသည္။

ယင္းသို႔လုယက္ခံလိုက္ရမႈေၾကာင့္ အဆိုပါေက်ာင္းမွ ဆရာ၊ ဆရာမစုစုေပါင္း ၂၁ ဦး၏ လစာေငြမ်ားအားလုံးျဖစ္သည့္ က်ပ္သိန္း ၃ဝ ႏွင့္ ၇ ေသာင္း အပါအဝင္ သူမ၏လက္ကိုင္ဖုန္းတို႔ပါ လုယက္ခံလိုက္ရသည္ဟုလည္း ဆိုသည္။

“သူက ေနအိမ္နားကေန သုံးဘီးငွားစီးပါတယ္။ ၿပီးေတာ့ ပိုက္ဆံထုတ္တယ္။ ၿပီးေတာ့ ျပန္လာခ်ိန္မွာ တို႔ေဆးနဲ႔လား၊ ဘာနဲ႔လား။ အဲလို အလုခံလိုက္ရတာ။ သူ႔ကိုတစ္ခုမွ ေမးလို႔မရေသးဘူး။ သူက အရက္မူးသမားလိုျဖစ္ေနတယ္”ဟု ေျပာသည္။

သူမသည္ လုယက္ခံရၿပီးေနာက္ သတိကင္းလြတ္ကာ တစ္ဦးတည္း ေျခက်င္ေလွ်ာက္လာစဥ္ ေက်ာက္ေတာ္ၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ရွိ ေဘာလုံးကြင္း အနီးသို႔အေရာက္တြင္ ဆိုင္ကယ္တစ္စီးျဖင့္တ ိုက္မိရန္ျပင္မွ သတိဝင္လာကာ လုယက္ခံရသည္ဟု ေအာ္ဟစ္အကူအညီ ေတာင္းျခင္းျဖစ္သည္ဟု သူမကို ကူညီေပးခဲ့သူက ေျပာသည္။

ယခုကဲ့သို႔ လုယက္ခံလိုက္ရ၍ လစာေငြဆုံးရႈံးသြားသည့္အတြက္ စိတ္မေကာင္း ျဖစ္ရၿပီး ေနာက္ထပ္ ယခုကဲ့သို႔ျဖစ္ရပ္မ်ိဳး မျဖစ္ေစခ်င္ဟုလည္း ကြမ္းအုံေခ်ာင္းအထက(ခြဲ)ေက်ာင္းမွ ဆရာတစ္ဦးက နိရၪၥရာကိုေျပာသည္။

“က်ေနာ္ဆို ၁ သိန္း ၈ ေသာင္း ၆ ေထာင္ရမွာပါ။ က်ေနာ္တို႔ ဝန္ထမ္းေတြ အေနနဲ႔လည္း ေျပာရမယ္ဆိုရင္ လစာေလးနည္းနည္းေလးကို ရမလားလို႔ တစ္လလုံးစုထားတာကို ဒီလိုလုသြားေတာ့ တစ္ေက်ာင္းလုံးအတြက္ စိတ္ေတာ့မေကာင္းဘူးေလ”ဟု ေျပာသည္။

ယခုကိစၥႏွင့္ပတ္သက္ၿပီး ကြမ္းအုံေခ်ာင္းအထက(ခြဲ) ေက်ာင္းအုပ္ဆရာႀကီး ဦးေမာင္ေမာင္ဟိန္းအား ဆက္သြယ္ခဲ့ရာ ေနာက္မွ ျပန္ေျဖမည္ဟု ေျပာသည္။

လက္ရွိတြင္ လုယက္ခံလိုက္ရသည့္ေက်ာင္းစာေရးမေဒၚမီမီခိုင္သည္ စိတ္မူမမွန္ျဖစ္ေနေသး၍ ေက်ာက္ေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားရသည္ဟု သိရသည္။

အထက်တန်း ကျောင်း(ခွဲ) အတွက် လစာထုတ်လာသည့် စာရေးမထံမှ လစာငွေ ကျပ်သိန်း ၃ဝ ကျော် ယနေ့ နေ့လယ်က အလုခံရ

နိရ ဉ္စရာ၊ သြဂုတ် ၃၁/၂၀၂၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်း အထက်တန်း ကျောင်း(ခွဲ) အတွက် လစာထုတ်လာသည့် စာရေးမထံမှ လစာငွေ ကျပ်သိန်း ၃ဝ ကျော် ယနေ့ နေ့လယ်က အလုခံလိုက်ရသည်ဟု သိရသည်။

အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများကိုယ်စား ကျောက်တော်မြို့၊ ရွာမ ရပ်ကွက်ရှိ ကျောင်းစာရေးမ ဒေါ်မီမီခိုင် (၂၇ နှစ်)က မြို့နယ် ပညာရေးမှူးရုံးမှ ယနေ့ သြဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် လစာထုတ်ပြီး အိန္ဒိယသုံးဘီး (ခေါ်)တုတ်တုတ်ဖြင့် ပြန်လာစဉ် လမ်း၌ တို့ဆေးမိပြီး လုယက်ခံလိုက်ရခြင်း ဖြစ်သည်ဟု သူမအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ကျောက်တော် မြို့ခံ တစ်ဦးက နိရဉ္စရာကိုပြောသည်။

ယင်းသို့လုယက်ခံလိုက်ရမှုကြောင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမစုစုပေါင်း ၂၁ ဦး၏ လစာငွေများအားလုံးဖြစ်သည့် ကျပ်သိန်း ၃ဝ နှင့် ၇ သောင်း အပါအဝင် သူမ၏လက်ကိုင်ဖုန်းတို့ပါ လုယက်ခံလိုက်ရသည်ဟုလည်း ဆိုသည်။

“သူက နေအိမ်နားကနေ သုံးဘီးငှားစီးပါတယ်။ ပြီးတော့ ပိုက်ဆံထုတ်တယ်။ ပြီးတော့ ပြန်လာချိန်မှာ တို့ဆေးနဲ့လား၊ ဘာနဲ့လား။ အဲလို အလုခံလိုက်ရတာ။ သူ့ကိုတစ်ခုမှ မေးလို့မရသေးဘူး။ သူက အရက်မူးသမားလိုဖြစ်နေတယ်”ဟု ပြောသည်။

သူမသည် လုယက်ခံရပြီးနောက် သတိကင်းလွတ်ကာ တစ်ဦးတည်း ခြေကျင်လျှောက်လာစဉ် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်း အနီးသို့အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့်တ ိုက်မိရန်ပြင်မှ သတိဝင်လာကာ လုယက်ခံရသည်ဟု အော်ဟစ်အကူအညီ တောင်းခြင်းဖြစ်သည်ဟု သူမကို ကူညီပေးခဲ့သူက ပြောသည်။

ယခုကဲ့သို့ လုယက်ခံလိုက်ရ၍ လစာငွေဆုံးရှုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်ရပြီး နောက်ထပ် ယခုကဲ့သို့ဖြစ်ရပ်မျိုး မဖြစ်စေချင်ဟုလည်း ကွမ်းအုံချောင်းအထက(ခွဲ)ကျောင်းမှ ဆရာတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ကျနော်ဆို ၁ သိန်း ၈ သောင်း ၆ ထောင်ရမှာပါ။ ကျနော်တို့ ဝန်ထမ်းတွေ အနေနဲ့လည်း ပြောရမယ်ဆိုရင် လစာလေးနည်းနည်းလေးကို ရမလားလို့ တစ်လလုံးစုထားတာကို ဒီလိုလုသွားတော့ တစ်ကျောင်းလုံးအတွက် စိတ်တော့မကောင်းဘူးလေ”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကွမ်းအုံချောင်းအထက(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဟိန်းအား ဆက်သွယ်ခဲ့ရာ နောက်မှ ပြန်ဖြေမည်ဟု ပြောသည်။

လက်ရှိတွင် လုယက်ခံလိုက်ရသည့်ကျောင်းစာရေးမဒေါ်မီမီခိုင်သည် စိတ်မူမမှန်ဖြစ်နေသေး၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။