Local News

ေက်ာင္းဆရာမရဲ႕ ဆိုင္ကယ္နဲ႔ဖုန္း ဓ-ားေထာက္ လုယူခံရ

ေက်ာင္းဆရာမရဲ႕ ဆိုင္ကယ္နဲ႔ဖုန္း ဓားေထာက္ လုယူခံရ

ညီညီမင္း/ဧရာဝတီတိုင္းမ္

(ေရၾကည္)၊ ၾသဂုတ္လ ၃၁ ရက္

ဧရာ၀တီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္၊ ဒယ္ကုန္းေက်း႐ြာအုပ္စုအနီးမွာ ၾသဂုတ္လ ၃၀ ရက္ေန႔မနက္ ၈ နာရီခြဲအခ်ိန္က အမ်ိဳးသား၂ ဦး ကအလယ္တန္းျပဆရာမတစ္ဦးအား ဓားျဖင့္ေထာက္ကာ ဆိုင္ကယ္ႏွင့္ဖုန္းအား လုယူကာထြက္ေျပးသြား​တယ္လို႔ေဒသခံေတြဆီက သိရပါတယ္။

“မနက္ေက်ာင္းတက္ခ်ိန္ေပါ့။ ဆရာမကကညင္ဂြ အ.ထ.ကကိုလာတာ။ အရင္ကလဲလာေနၾကပဲ။ ဒယ္ကုန္း႐ြာ ရထားလမ္းအေက်ာ္မွာ ေရွ႕မွာဆိုင္ကယ္တစ္စီးက လမ္းပိတ္ေမာင္းေနလို႔သူက အရွိန္ေရွာ့လိုက္တာမွာ ဆိုင္ကယ္ေပၚကလူကဆင္းလာၿပီး

ဆရာမဆိုင္ကယ္ကို တြန္းလွဲၿပီး ဓါးနဲ႔ေထာက္ၿပီး ဆိုင္ကယ္ရယ္ ဖုန္းရယ္လုၿပီးေမာင္းေျပးသြားတာ။ ေအာ္ရင္ဓါးနဲ႔လာထိုးမယ္ေျပာခဲ့လို႔ ေတာ္ေတာ္ၾကာမွာ ေအာ္ၿပီးအကူညီေတာင္းလို႔ သိရတာ” လို႔ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ဓါးေထာက္လုယူသြားသူမ်ားမွာ အသက္ ၄၀ နဲ႔ ၁၆ ႏွစ္ အ႐ြယ္ အမ်ိဳးသား ၂ ဦးလို႔ သိရၿပီးဆရာမရဲ႕ HONDA ဆိုင္ကယ္၊ Samsung လက္ကိုင္ဖုန္း နဲ႔ ပိုက္ဆံအိတ္ေတြကို လုယူသြားၿပီး သခြတ္ကုန္းေက်း႐ြာဘက္ကို ေမာင္းႏွင္သြားတာ ေတြ႕ရတာေၾကာင့္ ရဲတပ္ဖြဲ႕ကို အမႈဖြင့္တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း၊ ပုသိမ္ခ႐ိုင္အတြင္းက ၿမိဳ႕တစ္ခ်ိဳ႕မွာၾသဂုတ္လ စတင္ကာ ခိုးမႈ၊ လုယက္မႈ၊ ဓားျပတိုက္ အႏုၾကမ္းစီးခံရ မႈမ်ား ဆက္တိုက္ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြထံကေနသိရပါတယ္။

Ayeyarwaddy_Times

ကျောင်းဆရာမရဲ့ ဆိုင်ကယ်နဲ့ဖုန်း ဓားထောက် လုယူခံရ

ညီညီမင်း/ဧရာဝတီတိုင်းမ်

(ရေကြည်)၊ သြဂုတ်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဒယ်ကုန်းကျေးရွာအုပ်စုအနီးမှာ သြဂုတ်လ ၃၀ ရက်နေ့မနက် ၈ နာရီခွဲအချိန်က အမျိုးသား၂ ဦး ကအလယ်တန်းပြဆရာမတစ်ဦးအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့်ဖုန်းအား လုယူကာထွက်ပြေးသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“မနက်ကျောင်းတက်ချိန်ပေါ့။ ဆရာမကကညင်ဂွ အ.ထ.ကကိုလာတာ။ အရင်ကလဲလာနေကြပဲ။ ဒယ်ကုန်းရွာ ရထားလမ်းအကျော်မှာ ရှေ့မှာဆိုင်ကယ်တစ်စီးက လမ်းပိတ်မောင်းနေလို့သူက အရှိန်ရှော့လိုက်တာမှာ ဆိုင်ကယ်ပေါ်ကလူကဆင်းလာပြီး

ဆရာမဆိုင်ကယ်ကို တွန်းလှဲပြီး ဓါးနဲ့ထောက်ပြီး ဆိုင်ကယ်ရယ် ဖုန်းရယ်လုပြီးမောင်းပြေးသွားတာ။ အော်ရင်ဓါးနဲ့လာထိုးမယ်ပြောခဲ့လို့ တော်တော်ကြာမှာ အော်ပြီးအကူညီတောင်းလို့ သိရတာ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဓါးထောက်လုယူသွားသူများမှာ အသက် ၄၀ နဲ့ ၁၆ နှစ် အရွယ် အမျိုးသား ၂ ဦးလို့ သိရပြီးဆရာမရဲ့ HONDA ဆိုင်ကယ်၊ Samsung လက်ကိုင်ဖုန်း နဲ့ ပိုက်ဆံအိတ်တွေကို လုယူသွားပြီး သခွတ်ကုန်းကျေးရွာဘက်ကို မောင်းနှင်သွားတာ တွေ့ရတာကြောင့် ရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့တစ်ချို့မှာသြဂုတ်လ စတင်ကာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက် အနုကြမ်းစီးခံရ မှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

Ayeyarwaddy_Times