Local News

လမ္းဦးစီးဌာန Non CDM ခ႐ိုင္အရာရွိမ်ားအပါအဝင္ ၁၁ ဦး ဖမ္းဆီးခံရၿပီး

လမ္းဦးစီးဌာန Non CDM ခ႐ိုင္အရာရွိမ်ားအပါအဝင္ အမ်ိဳးသား ၁၁ ဦး ဖမ္းဆီးခံရၿပီး ေဆာက္လုပ္ေရး ဧည့္ရိပ္သာ မီးေလာင္ကြၽမ္း

ရန္ကုန္၊ ဩဂုတ္ ၃၁

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္၊ ျပည္နယ္လမ္းဦးစီးဌာနဝင္းအတြင္းရွိ ေဆာက္ လုပ္ေရးဧည့္ရိပ္သာ ယေန႔ နံနက္ အေစာပိုင္း မီးေလာင္ကြၽမ္းသြားၿပီး Non-CDM လမ္းဦးစီးဌာန အရာရွိမ်ားအပါအဝင္ ဝန္ထမ္း အမ်ိဳးသား ၁၁ ဦး ဖမ္းဆီးခံရေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန အသိုင္းအ၀ိုင္းထံမွ သိရွိရသည္။

ဩဂုတ္လ ၃၁ ရက္ေန႔ နံနက္ ၂ နာရီခြဲအခ်ိန္ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ ျပည္နယ္လမ္းဦးစီးဌာန ဝင္းအတြင္းရွိ ဧည့္ရိပ္သာ မီးေလာင္ကြၽမ္းမႈ ျဖစ္ေပၚခဲ့ေၾကာင္း၊ နံနက္ ၄ နာရီခန႔္တြင္ မီးၫြန႔္က်ိဳးသြားခဲ့ၿပီး ဧည့္ရိပ္သာတြင္

ေခတၱေနထိုင္လ်က္ရွိေသာ ဟားခါးခ႐ိုင္ လမ္းဦးစီးဌာနမွ AD-ဦးလင္းေအာင္၊ AD-ဦးဉာဏ္ဟိန္းေအာင္၊ စက္မႈ AE-ဦးဝင္းေမာ္၊ အျခားဝန္ထမ္းမ်ား၊ လုပ္သား(၈)ဦး စုစုေပါင္း ဌာနမွ အမ်ိဳးသား ၁၁ ဦး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏သုံးသပ္ခ်က္တြင္ ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ေဆာက္လုပ္ေရးဧည့္ရိပ္သာကို မီးရႈိ႕ၿပီး အရာရွိမ်ားႏွင့္ဝန္ထမ္း အမ်ိဳးသား ၁၁ ဦးကို ဖမ္းဆီးသြားျခင္း ျဖစ္ႏိုင္သည္ဟု သုံးသပ္ထားေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္အေနျဖင့္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေျမျပင္ အေျခ အေနကို ဆက္လက္စုံစမ္းေနဆဲျဖစ္သည္။

ဓာတ္ပုံ- ဟားခါး ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဧည့္ရိပ္သာ မီးေလာင္ကြၽမ္းေနစဥ္။

Photo Credit- Zalen

လမ်းဦးစီးဌာန Non CDM ခရိုင်အရာရှိများအပါအဝင် အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရပြီး ဆောက်လုပ်ရေး ဧည့်ရိပ်သာ မီးလောင်ကျွမ်း

ရန်ကုန်၊ ဩဂုတ် ၃၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ပြည်နယ်လမ်းဦးစီးဌာနဝင်းအတွင်းရှိ ဆောက် လုပ်ရေးဧည့်ရိပ်သာ ယနေ့ နံနက် အစောပိုင်း မီးလောင်ကျွမ်းသွားပြီး Non-CDM လမ်းဦးစီးဌာန အရာရှိများအပါအဝင် ဝန်ထမ်း အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ်လမ်းဦးစီးဌာန ဝင်းအတွင်းရှိ ဧည့်ရိပ်သာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ နံနက် ၄ နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ဧည့်ရိပ်သာတွင်

ခေတ္တနေထိုင်လျက်ရှိသော ဟားခါးခရိုင် လမ်းဦးစီးဌာနမှ AD-ဦးလင်းအောင်၊ AD-ဦးဉာဏ်ဟိန်းအောင်၊ စက်မှု AE-ဦးဝင်းမော်၊ အခြားဝန်ထမ်းများ၊ လုပ်သား(၈)ဦး စုစုပေါင်း ဌာနမှ အမျိုးသား ၁၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏သုံးသပ်ချက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဆောက်လုပ်ရေးဧည့်ရိပ်သာကို မီးရှို့ပြီး အရာရှိများနှင့်ဝန်ထမ်း အမျိုးသား ၁၁ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင် အခြေ အနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဟားခါး ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ရိပ်သာ မီးလောင်ကျွမ်းနေစဉ်။

Photo Credit- Zalen