မူလတန္းႀကိဳဆရာ အတက္သင္ေျဖဆိုသူမ်ား ရာႏႈန္းျပည့္နီးပါး အေအာင္ေပး
ေအာင္ျမသန္း/ဧရာဝတီတိုင္းမ္
ဧရာဝတီတိုင္းမွာ စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဝန္ႀကီးဌာနက လစ္လပ္သြားတဲ့ CDM ဝန္ထမ္း ေတြရဲ႕ ေနရာအစားထိုးဖို႔အတြက္ မူလတန္းႀကိဳးဆရာအတက္သင္မ်ားေခၚဆိုခဲ့ၿပီး စာေမးပြဲစစ္ေဆးခဲ့ေပမယ့္ အားလုံး နီးပါကို အေအာင္ေပးထားတယ္လို႔ သိရပါတယ္။
စစ္အာဏာရွင္ကို ဆန႔္က်င္ၿပီး CDM မွာပါဝင္ခဲ့တဲ့ ဆရာ ဆရာမေတြရဲ႕ ေနရာကို စစ္ကြၽန္ျဖစ္လိုတဲ့ ဆရာ ဆရာမ ၃၀၀၀ နီးပါးကို ေခၚယူၿပီး စစ္ေကာင္စီလက္ေအာက္ခံပညာေရးဌာနက စာေမးပြဲအစစ္ပညာၿပီး အစားထိုးခန႔္ထားခဲ့တာလို႔ ပညာေရးအသိုင္းဝိုင္းကသိရပါတယ္။
“ ၂၀၁၅-၁၆ ဖြဲ႕စည္းပုံနဲ႔ ဝန္ထမ္းအင္အားအျပည့္ျဖည့္္တင္းဖို႔ အေအာင္ေပးတာ အားလုံးဆို ၃၀၀၀ ေက်ာ္ ဝင္ေျဖတာ အကုန္ေအာင္တယ္ဆိုေတာ့ စာေမးပြဲက မျဖစ္မေနမလို႔ စစ္တယ္ဆိုတဲ့ သေဘာေလာက္ပဲ ျဖစ္သြားတာ အရည္အခ်င္းျပည့္လား မျပည့္လားေတာ့ ေသခ်ာမေျပာတက္ဘူး”လို႔ ပညာေရးဝန္ထမ္းတဦးက ေျပာပါတယ္။
စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာရွင္ဆန႔္က်င္ၿပီး ျပည္သူနဲ႔အတူ ရပ္တည္ကာ CDM ျပဳလုပ္ခဲ့တဲ့ ဝန္ထမ္းမ်ားတာေၾကာင့္ စစ္ေကာင္စီက မူလတန္းေက်ာင္းရဲ႕ဖြဲ႕စည္းပုံအရ အေျခခံမူလတန္း အဆင့္ စာသင္ေက်ာင္း ၁ ေက်ာင္းကို ဖြဲ႕စည္းပုံျပည့္ေအာင္ အနည္းဆုံး ၈ ဦးနဲ႔ ျပန္လည္ဖြဲ႕စည္းေနရတာလို႔ ဆိုပါတယ္။
စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဝန္ႀကီးဌာနက ဝန္ထမ္းလိုအပ္ခ်က္မ်ားေနတာေၾကာင့္ အစားထိုး ခန႔္ထားဖို႔အတြက္ ဧရာဝတီတိုင္းအတြင္းက ခ႐ိုင္ၿမိဳ႕ႀကီးေတြမွာရွိတဲ့ ဆရာအတက္သင္ေက်ာင္းေတြမွာ မူလတန္းျပ ဆရာဆရာမေတြကို ေခၚယူ စာေမးပြဲေျဖဆိုေစခဲ့ၿပီး အားလုံးကို အေအာင္ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
Ayeyarwaddy_Times
မူလတန်းကြိုဆရာ အတက်သင်ဖြေဆိုသူများ ရာနှုန်းပြည့်နီးပါး အအောင်ပေး
အောင်မြသန်း/ဧရာဝတီတိုင်းမ်
ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက လစ်လပ်သွားတဲ့ CDM ဝန်ထမ်း တွေရဲ့ နေရာအစားထိုးဖို့အတွက် မူလတန်းကြိုးဆရာအတက်သင်များခေါ်ဆိုခဲ့ပြီး စာမေးပွဲစစ်ဆေးခဲ့ပေမယ့် အားလုံး နီးပါကို အအောင်ပေးထားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM မှာပါဝင်ခဲ့တဲ့ ဆရာ ဆရာမတွေရဲ့ နေရာကို စစ်ကျွန်ဖြစ်လိုတဲ့ ဆရာ ဆရာမ ၃၀၀၀ နီးပါးကို ခေါ်ယူပြီး စစ်ကောင်စီလက်အောက်ခံပညာရေးဌာနက စာမေးပွဲအစစ်ပညာပြီး အစားထိုးခန့်ထားခဲ့တာလို့ ပညာရေးအသိုင်းဝိုင်းကသိရပါတယ်။
“ ၂၀၁၅-၁၆ ဖွဲ့စည်းပုံနဲ့ ဝန်ထမ်းအင်အားအပြည့်ဖြည့်တင်းဖို့ အအောင်ပေးတာ အားလုံးဆို ၃၀၀၀ ကျော် ဝင်ဖြေတာ အကုန်အောင်တယ်ဆိုတော့ စာမေးပွဲက မဖြစ်မနေမလို့ စစ်တယ်ဆိုတဲ့ သဘောလောက်ပဲ ဖြစ်သွားတာ အရည်အချင်းပြည့်လား မပြည့်လားတော့ သေချာမပြောတက်ဘူး”လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်ကာ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းများတာကြောင့် စစ်ကောင်စီက မူလတန်းကျောင်းရဲ့ဖွဲ့စည်းပုံအရ အခြေခံမူလတန်း အဆင့် စာသင်ကျောင်း ၁ ကျောင်းကို ဖွဲ့စည်းပုံပြည့်အောင် အနည်းဆုံး ၈ ဦးနဲ့ ပြန်လည်ဖွဲ့စည်းနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းလိုအပ်ချက်များနေတာကြောင့် အစားထိုး ခန့်ထားဖို့အတွက် ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့ကြီးတွေမှာရှိတဲ့ ဆရာအတက်သင်ကျောင်းတွေမှာ မူလတန်းပြ ဆရာဆရာမတွေကို ခေါ်ယူ စာမေးပွဲဖြေဆိုစေခဲ့ပြီး အားလုံးကို အအောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ayeyarwaddy_Times