မႏၲေလး PDF နဲ႔ တိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ အထိနာ….စစ္ေရးအရွိန္ျမႇင့္ဖို႔ အသင့္ပဲလို မႏၲေလး PDF ေျပာ
RiSE News| ဩဂုတ္ ၃၁
ျပင္ဦးလြင္ၿမိဳ႕နယ္နဲ႔ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ဩဂုတ္ ၂၄ရက္ကစၿပီး မႏၲေလး PDF နဲ႔ ျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ အထိနာေနၿပီး စုစုေပါင္း ၄၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။
ၾသဂုတ္ ၂၄ရက္ မနက္ ၈နာရီခန႔္က စစ္ေကာင္စီရဲ႕ ပခုကၠဴအေျခစိုက္ တပ္မ (၁၀၁) လက္ေအာက္ခံ ခလရ(၂၅၃) ၊ စကခ(၁) လက္ေအာက္ခံ ခမရ(၅၀၂) နဲ႔ ခမရ(၅၀၅) တပ္ရင္းေတြက လက္နက္ႀကီးေတြနဲ႔ စတင္ပစ္ခတ္လို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။
တိုက္ပြဲအတြင္း စစ္ေကာင္စီ စစ္ေၾကာင္းကို မႏၲေလး PDF က အဆင့္ဆင့္ပိတ္ဆို႔ ထားခဲ့ရာ အထိအခိုက္ အေသအေပ်ာက္မ်ားလာလို႔ ညေန(၄)နာရီခန္႔မွာ ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္ပစ္ခတ္ ဗုံးႀကဲခဲ့တယ္လို႔ ေဖာ္ျပပါတယ္။
အဲဒီ တိုက္ပြဲမွာ စစ္ေကာင္စီဘက္က ၂၀ ခန္႔ ေသဆုံးၿပီး ထိခိုက္ဒဏ္ရာရသူလည္း မ်ားျပားတယ္လို႔ ေျမျပင္သတင္းအရ ေထာက္လွမ္း သိရွိရၿပီး မႏၲေလး PDF ရဲေဘာ္(၂)ဦး ထိခိုက္ဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့တယ္လို႔ ေဖာ္ျပပါတယ္။
ၾသဂုတ္ ၂၉ ရက္ ညေန(၆)နာရီခန္႔က မႏၲေလး PDF တပ္ဖြဲ႕ဝင္ေတြ မိုင္းကြင္းေဖာ္ၿပီး ေနရာယူထားတဲ့ေနရာကို စစ္ေကာင္စီ စစ္ေၾကာင္း ဝင္ေရာက္လာတာေၾကာင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး အျပန္အလွန္ပစ္ခတ္မႈရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီတိုက္ပြဲမွာလည္း လက္ဦးမႈရလို႔ စစ္ေကာင္စီ အဖြဲ႕ဝင္ ၁၉ ေယာက္ခန႔္ ေသဆုံးခဲ့ၿပီး အျပင္းအထန္ ဒဏ္ရာရရွိသူ(၄၀)ခန္႔အထိ ရွိႏိုင္တယ္လို႔ မႏၲေလး PDF က ေဖာ္ျပပါတယ္။
ၾသဂုတ္ ၃၀ ရက္ မနက္ပိုင္းကလည္း စစ္ေကာင္စီ စစ္ေၾကာင္းကို ထပ္မံမိုင္းဆြဲခဲ့တာမွာ ၃ ဦး ေသဆုံးခဲ့ၿပီး မႏၲေလး PDF က ထိခိုက္က်ဆုံးမႈ တစ္စုံတစ္ရာ မရွိခဲ့ဘူးလို႔ အသိေပးပါတယ္။
ယခုအခ်ိန္အထိ ရန္သူ႔ဘက္က အင္အားအလုံး အရင္း ပိတ္ဆို႔ ထိုးစစ္ဆင္ေနၿပီး မႏၲေလး PDF ကလည္း ယခုထက္ပိုၿပီး စစ္ေရးအရွိန္ ျမႇင့္တင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ လူထုကို အသိေပးပါတယ္။
အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ CDM ျပဳလုပ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (မႏၲေလး) ကို ပူးေပါင္းဝင္ေရာက္မယ္ဆိုရင္ ေႏြးေထြးစြာ ႀကိဳဆိုလက္ခံမယ္လို႔ သတင္းစကားပါး ပါတယ္။
ပုံစာ- ဇူလိုင္လအတြင္းက တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြက်န္ရစ္ခဲ့တဲ့ ပစၥည္းေတြနဲ႔အတူ ေတြ႕ရတဲ့ မႏၲေလး PDF တပ္ဖြဲ႕ဝင္ေတြျဖစ္ပါတယ္။
RiSE_News
မန္တလေး PDF နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာ….စစ်ရေးအရှိန်မြှင့်ဖို့ အသင့်ပဲလို မန္တလေး PDF ပြော
RiSE News| ဩဂုတ် ၃၁
ပြင်ဦးလွင်မြို့နယ်နဲ့ နောင်ချိုမြို့နယ်အတွင်း ဩဂုတ် ၂၄ရက်ကစပြီး မန္တလေး PDF နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာနေပြီး စုစုပေါင်း ၄၀ ကျော်သေဆုံးခဲ့ပါတယ်။
သြဂုတ် ၂၄ရက် မနက် ၈နာရီခန့်က စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ခလရ(၂၅၃) ၊ စကခ(၁) လက်အောက်ခံ ခမရ(၅၀၂) နဲ့ ခမရ(၅၀၅) တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကို မန္တလေး PDF က အဆင့်ဆင့်ပိတ်ဆို့ ထားခဲ့ရာ အထိအခိုက် အသေအပျောက်များလာလို့ ညနေ(၄)နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ် ဗုံးကြဲခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားတယ်လို့ မြေပြင်သတင်းအရ ထောက်လှမ်း သိရှိရပြီး မန္တလေး PDF ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
သြဂုတ် ၂၉ ရက် ညနေ(၆)နာရီခန့်က မန္တလေး PDF တပ်ဖွဲ့ဝင်တွေ မိုင်းကွင်းဖော်ပြီး နေရာယူထားတဲ့နေရာကို စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာလည်း လက်ဦးမှုရလို့ စစ်ကောင်စီ အဖွဲ့ဝင် ၁၉ ယောက်ခန့် သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ(၄၀)ခန့်အထိ ရှိနိုင်တယ်လို့ မန္တလေး PDF က ဖော်ပြပါတယ်။
သြဂုတ် ၃၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီ စစ်ကြောင်းကို ထပ်မံမိုင်းဆွဲခဲ့တာမှာ ၃ ဦး သေဆုံးခဲ့ပြီး မန္တလေး PDF က ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ အသိပေးပါတယ်။
ယခုအချိန်အထိ ရန်သူ့ဘက်က အင်အားအလုံး အရင်း ပိတ်ဆို့ ထိုးစစ်ဆင်နေပြီး မန္တလေး PDF ကလည်း ယခုထက်ပိုပြီး စစ်ရေးအရှိန် မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ လူထုကို အသိပေးပါတယ်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို ပူးပေါင်းဝင်ရောက်မယ်ဆိုရင် နွေးထွေးစွာ ကြိုဆိုလက်ခံမယ်လို့ သတင်းစကားပါး ပါတယ်။
ပုံစာ- ဇူလိုင်လအတွင်းက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေနဲ့အတူ တွေ့ရတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
RiSE_News