Local News

စစ္ေကာင္စီက ၿမိဳ႕နယ္ ၆ခုကို ညမထြက္ရတဲ့အခ်ိန္ တိုးျမင့္သတ္မွတ္

စစ္ေကာင္စီက ၿမိဳ႕နယ္ ၆ခုကို ညမထြက္ရတဲ့အခ်ိန္ တိုးျမင့္သတ္မွတ္

တနသၤာရီတိုင္းမ္၊ ၾသဂုတ္ ၃၁

ေကာ့ကရိတ္ၿမိဳ႕နယ္အပါအဝင္ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္၆ခုရဲ႕ ညမထြက္ရတဲ့အခ်ိန္ကို စစ္ေကာင္စီက တိုးျမင့္ သတ္မွတ္လိုက္ပါတယ္။

အရင္က ည ၁၀ နာရီကေနမနက္ ၄နာရီအထိလမ္းေပၚမထြက္ရအမိန္႔ထုတ္ျပန္ထားရာကေန အခု ည ၆နာရီကေန မနက္ ၄နာရီအထိလမ္းေပၚမထြက္ရလို႔ ​ေျပာင္းလဲအမိန္႔ထုတ္လိုက္တာပါ။

အဲဒီအမိန္႔ကို ေကာ့ကရိတ္ၿမိဳ႕နယ္၊ ျမဝတီၿမိဳ႕နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ ၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ၊ ဘားအံၿမိဳ႕နယ္နဲ႔ လႈိင္းဘြဲ႕ၿမိဳ႕နယ္ေတြမွာသတ္မွတ္လိုက္တာျဖစ္ၿပီး ေဖာက္ျပန္က်ဴးလြန္ရင္ ျပင္းျပင္းထန္ထန္အေရးယူမယ္လို႔ၿခိမ္းေျခာက္ထားပါတယ္။

ဒါ့အျပင္ အဲဒီၿမိဳ႕နယ္ေတြမွာ စုေဝးတာ၊ ေဟာေျပာတာ၊ စီတန္းလမ္းေလွ်ာက္တာ၊ လႈံ႕ေဆာ္တာနဲ႔ ဆႏၵျပတာေတြမျပဳလုပ္ရဘူးလို႔လည္း ဆိုပါတယ္။

အဲဒီအမိန္႔ေၾကညာခ်က္ဟာ ၾသဂုတ္၃၀ရက္ေန႔ကစၿပီး ေအာက္တိုဘာ ၃၀ရက္ေန႔အထိအတည္ျဖစ္တယ္လို႔လည္း စစ္ေကာင္စီရဲ႕ေထြအုပ္ ထုတ္ျပန္စာမွာေရးသားထားပါတယ္။

ဒီလ ၁၅ရက္ေန႔က ေကာ့ကရိတ္ရဲစခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့တဲ့ျဖစ္စဥ္မွာ ရဲမႉးအပါအဝင္ ၁၂ ဦးေသဆုံးၿပီး လက္နက္ခဲယမ္းေတြသိမ္းဆည္းရမိခဲ့ပါတယ္။

The Tanintharyi Times

စစ်ကောင်စီက မြို့နယ် ၆ခုကို ညမထွက်ရတဲ့အချိန် တိုးမြင့်သတ်မှတ်

တနင်္သာရီတိုင်းမ်၊ သြဂုတ် ၃၁

ကော့ကရိတ်မြို့နယ်အပါအဝင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်၆ခုရဲ့ ညမထွက်ရတဲ့အချိန်ကို စစ်ကောင်စီက တိုးမြင့် သတ်မှတ်လိုက်ပါတယ်။

အရင်က ည ၁၀ နာရီကနေမနက် ၄နာရီအထိလမ်းပေါ်မထွက်ရအမိန့်ထုတ်ပြန်ထားရာကနေ အခု ည ၆နာရီကနေ မနက် ၄နာရီအထိလမ်းပေါ်မထွက်ရလို့ ပြောင်းလဲအမိန့်ထုတ်လိုက်တာပါ။

အဲဒီအမိန့်ကို ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာသတ်မှတ်လိုက်တာဖြစ်ပြီး ဖောက်ပြန်ကျူးလွန်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် အဲဒီမြို့နယ်တွေမှာ စုဝေးတာ၊ ဟောပြောတာ၊ စီတန်းလမ်းလျှောက်တာ၊ လှုံ့ဆော်တာနဲ့ ဆန္ဒပြတာတွေမပြုလုပ်ရဘူးလို့လည်း ဆိုပါတယ်။

အဲဒီအမိန့်ကြေညာချက်ဟာ သြဂုတ်၃၀ရက်နေ့ကစပြီး အောက်တိုဘာ ၃၀ရက်နေ့အထိအတည်ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ထွေအုပ် ထုတ်ပြန်စာမှာရေးသားထားပါတယ်။

ဒီလ ၁၅ရက်နေ့က ကော့ကရိတ်ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပါတယ်။

The Tanintharyi Times