Local News

ေမာင္ေတာ နယ္စပ္ရွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို AA သိမ္းယူ

ရခိုင္ေျမကိုလာပါ တကယ္ေဆာ္တယ္ေနာ့

ေမာင္ေတာ နယ္စပ္ရွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို AA သိမ္းယူ

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္၊ မိုင္တိုင္အမွတ္ ၄၀ အနီးရွိ စစ္ေကာင္စီ၏ တပ္စခန္းတစ္ခုအား ဩဂုတ္ ၃၁ တြင္ သိမ္းပိုက္ရယူႏိုင္ခဲ့ေၾကာင္း ရကၡိဳင့္တပ္ေတာ္ (AA) က ထုတ္ျပန္သည္။

ေျမာက္ဦးၿမိဳ႕အရပ္သားထိခိုက္ေသဆုံးမႈအေပၚ လက္တုံ႔ျပန္သည့္အေနျဖင့္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ၿပီး နံနက္ ၉ နာရီေက်ာ္ခန္႔၌ စခန္းတစ္ခုလုံးအား အၿပီးသတ္သိမ္းပိုက္ ရယူႏိုင္ခဲ့သည္ဟု ဆိုသည္။

စခန္းသိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ဒုတပ္ၾကပ္ သက္ကိုဦးကို ဒဏ္ရာမ်ားျဖင့္ ဖမ္းမိထားၿပီး ရဲအုပ္ စိုးစိုးပိုင္ အပါအဝင္ ၁၉ ဦး ေသဆုံးခဲ့ကာ လက္နက္ ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္းအေျမာက္အျမားကို AA က သိမ္းဆည္းႏိုင္ခဲ့သည္။ အဆိုပါစခန္းကုန္း၌ ျမႇဳပ္ႏွံထားေသာ အေလာင္းမ်ား ေတြ႕ရွိရေၾကာင္း AA ဘက္က ဆိုသည္။

စခန္းသိမ္းတိုက္ပြဲအတြင္း AA ဘက္မွလည္း အထိအခိုက္၊ အက်အဆုံး တခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။တိုက္ပြဲမ်ားျပင္းထန္ေနစဥ္ စစ္ေကာင္စီတပ္ဘက္မွ လက္နက္ႀကီး အေရအတြက္ ခန႔္မွန္း (၃၀၀/၄၀၀) အား ခေမာင္းဆိပ္၊ မိုင္တိုင္အမွတ္ (၃၄)၊ (၃၈)၊ နခခ (၇) ႀကိမ္ေခ်ာင္းဗ်ဴဟာ၊ မိုင္တိုင္အမွတ္ ၃၈ ႏွင့္ ၃၉ ၾကားေနရာမ်ား အပါအဝင္ အနီးအနားရွိ ၎တို႔၏ တပ္စခန္းမ်ားမွ လက္နက္ႀကီးမ်ားကို ေန႔တိုင္းနီးပါး ပစ္ခတ္ တိုက္ခိုက္ေနသည္ဟုဆိုသည္။

ယခုရက္မ်ားအတြင္း AA ႏွင့္တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္၊ ဂ်က္တိုက္ေလယာဥ္မ်ားျဖင့္ပါ ဗုံးႀကဲတိုက္ခိုက္ေနၿပီး ဩဂုတ္ ၂၈ က စစ္ေကာင္စီတပ္ဘက္မွ ပစ္ခတ္ေသာလက္နက္ႀကီးေၾကာင့္ ေျမာက္ဦးၿမိဳ႕နယ္၊ ကင္းဆိပ္႐ြာမွ ကေလးတစ္ဦးအပါအဝင္ အရပ္သား ၃ ဦး ေသဆုံးကာ လူ အနည္းဆုံး ၉ ဦးခန္႔ ဒဏ္ရာရခဲ့ျခင္း ျဖစ္သည္။

ၾသဂုတ္ ၃၀ ညေနက ရေသ့ေတာင္ၿမိဳ႕နယ္၊ မညင္းေတာင္႐ြာအေနာက္ဘက္ ကားလမ္းမ၌ ထိေတြ႕ တိုက္ခိုက္မႈရွိခဲ့ၿပီး ႏွစ္ဖက္အထိအခိုက္ရွိခဲ့သည္။

အလားတူ ၾသဂုတ္ ၃၁ မြန္းလြဲတြင္ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝၿမိဳ႕နယ္၊ ၿမိတ္ဝေက်း႐ြာ၏ အေနာက္ဖက္ တြင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ ၁၀ ဦး ေသဆုံးခဲ့သည္။

တစ္ေက်ာ့ျပန္ျဖစ္ပြားလာေသာ AA ႏွင့္စစ္ေကာင္စီတိုက္ပြဲမ်ားသည္ ဇူလိုင္ႏွင့္ ဩဂုတ္လမ်ားအတြင္း ခပ္စိပ္စိပ္ ျဖစ္လာခဲ့သည္။

တစ္ႏိုင္ငံလုံးအႏွံ႔ စစ္မ်က္ႏွာဖြင့္ထားေသာ စစ္ေကာင္စီတပ္သည္ ရခိုင္ႏွင့္ ပလက္ဝစစ္ေျမျပင္တြင္ ဖမ္းဆီးခံရမႈမ်ား၊ ေသဆုံးမႈမ်ား၊ လက္နက္ခဲယမ္း အမ်ားအျပားဆုံးရႈံးမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။

ပုံစာ-စစ္ေကာင္စီတပ္ဖြဲ႕ဝင္အေလာင္းမ်ားႏွင့္ သိမ္းဆည္းရမိေသာ လက္နက္ခဲယမ္းမ်ား ။ (ဓာတ္ပုံ-AA)

ရခိုင်မြေကိုလာပါ တကယ်ဆော်တယ်နော့

မောင်တော နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA သိမ်းယူ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် ၄၀ အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ဩဂုတ် ၃၁ တွင် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

မြောက်ဦးမြို့အရပ်သားထိခိုက်သေဆုံးမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၉ နာရီကျော်ခန့်၌ စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် သက်ကိုဦးကို ဒဏ်ရာများဖြင့် ဖမ်းမိထားပြီး ရဲအုပ် စိုးစိုးပိုင် အပါအဝင် ၁၉ ဦး သေဆုံးခဲ့ကာ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို AA က သိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါစခန်းကုန်း၌ မြှုပ်နှံထားသော အလောင်းများ တွေ့ရှိရကြောင်း AA ဘက်က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း AA ဘက်မှလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ကြောင်း သိရသည်။တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် ၃၈ နှင့် ၃၉ ကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည်ဟုဆိုသည်။

ယခုရက်များအတွင်း AA နှင့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေပြီး ဩဂုတ် ၂၈ က စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာမှ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ လူ အနည်းဆုံး ၉ ဦးခန့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၃၀ ညနေက ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက် ကားလမ်းမ၌ ထိတွေ့ တိုက်ခိုက်မှုရှိခဲ့ပြီး နှစ်ဖက်အထိအခိုက်ရှိခဲ့သည်။

အလားတူ သြဂုတ် ၃၁ မွန်းလွဲတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့သည်။

တစ်ကျော့ပြန်ဖြစ်ပွားလာသော AA နှင့်စစ်ကောင်စီတိုက်ပွဲများသည် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားသော စစ်ကောင်စီတပ်သည် ရခိုင်နှင့် ပလက်ဝစစ်မြေပြင်တွင် ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများ၊ လက်နက်ခဲယမ်း အများအပြားဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ။ (ဓာတ်ပုံ-AA)