စစ္ေကာင္စီတပ္သားေတြကို သက္စြန္႔စရိတ္ (MHRA) ၂ ေသာင္း တိုးေပး၊ PDF ပစ္လို႔ေသရတာခ်င္းအတူတူ ခံစားခြင့္မမွ်တဘူးလို႔ ရဲအသိုင္းမွာျပသနာတက္
ညိမ္းေသာ္ / ဧရာဝတီတိုင္းမ္
စက္တင္ဘာလ ၁ ရက္
အာဏာသိမ္းစစ္ေကာင္စီက ၄င္းတို႔လက္ေအာက္ခံ စစ္ေကာင္စီတပ္သားေတြရဲ႕ သက္စြန္႔တာဝန္စရိတ္ (MHRA) ကိုၾသဂုတ္လကုန္ကေနစလို႔ ၂ ေသာင္းက်ပ္တိုးျမႇင့္ေပး တယ္လို႔ စစ္ေကာင္စီတပ္အသိုင္းအဝိုင္းထံကသိရပါတယ္။
ယခင္ MHRA အျဖစ္စစ္ေကာင္စီတပ္သားေတြက တရက္ကို ၃၃၀ က်ပ္ႏႈန္းနဲ႔ က်ပ္ ၁ ေသာင္းရရွိတာျဖစ္ၿပီး စစ္ေကာင္စီက ၂ ေသာင္းတိုးျမႇင့္ေပးတာေၾကာင့္ သက္စြန္႔စရိတ္အျဖစ္ ၁ ရက္ကို ၁၀၀၀ က်ပ္ႏႈန္းနဲ႔ ၃ ေသာင္းရရွိမွာျဖစ္တယ္လို႔သိရပါတယ္။
” ဒီၾသဂုတ္ကုန္ကစၿပီး သက္စြန္႔စရိတ္ ၂ ေသာင္းတိုးတာေပါ့ ၊အရင္က ၁ေသာင္းဘဲရတာ၊အခုက ၂ ေသာင္း တိုးေပးေတာ့ ၃ ေသာင္းရမွာေပါ့။ ဆိုင္ကယ္ဆီဖိုးေလာက္ေတာ့ ရတာေပါ့” လို႔ တပ္အမည္မေဖာ္မလိုတဲ့ ပုသိမ္ၿမိဳ႕အေျခစိုက္တပ္ရင္းတခုရဲ႕ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။
စစ္ေကာင္စီဟာ ၄င္းတို႔လက္ေအာက္ခံစစ္သားေတြကို သက္စြန္႔စရိတ္ ၃ ေသာင္းက်ပ္ေပးၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို သက္စြန္႔စရိတ္ ၁ ေသာင္းက်ပ္သာ ေပးတာဟာ တိုက္ပြဲျဖစ္လို႔ေသရတာျခင္းအတူတူ မွ်တမႈမရွိဘူးလို႔ ရဲအသိုင္း အဝိုင္းကေဝဖန္ပါတယ္။
” ခုခ်ိန္မွာက က်ေနာ္တို႔ရဲေတြက အသက္အႏၲရာယ္ပိုေတာင္နီးေသးတယ္။ သူတို႔(စစ္ေကာင္စီတပ္သား)ေတြေလာက္လဲ လက္နက္၊က်ည္ကာျပည့္စုံတာမဟုတ္ဘူး။ PDF က ရဲမို႔လို႔၊ MHRA ၁ ေသာင္းဘဲရလို႔ဆိုၿပီး ေရွာင္ၿပီးပစ္မွာမဟုတ္ဘူး။ လစ္တာနဲ႔အကုန္အပစ္ခံရမွာ။
တိုက္ပြဲျဖစ္လို႔ အပစ္ခံရလို႔အသက္စြန္႔ၿပီး ေသရတာခ်င္းအတူတူ ရဲကို ၁ ေသာင္းဘဲေပးတာကေတာ့မမွ်တဘူး။ ၁ ေသာင္းကလည္း ဖုန္းေဘလ္တပတ္ေလာက္ဘဲသုံးလို႔ရတာ။ ေသမွ ရဲဗလဆိုၿပီတံဆိပ္ေလးေပးဦးမယ္ ” လို႔ ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္အတြင္းက လုံၿခဳံ ေရးအရအမည္မေဖာ္လိုတဲ့ရဲတပ္ဖြဲ႕ဝင္တဦးကေျပာပါတယ္။
စစ္အာဏာသိမ္းမႈေၾကာင့္ ေပၚေပါက္လာတဲ့ လက္နက္ ကိုင္ခုခံေတာ္လွန္မႈေတြဟာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ရဲတပ္ဖြဲ႕ဝင္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြပါ တိုက္ခိုက္ခံရၿပီးေသဆုံးတာေတြက ေန႔စဥ္နီးပါးႀကဳံေတြ႕ေနရတာပါ။
အဲ့ဒီလိုရဲေတြေသဆုံးေနရလို႔ အာဏာသိမ္းစစ္ေကာင္စီက ရဲတပ္ဖြဲ႕ဝင္ေတြကို ဇူလိုင္လ ၂၅ ရက္ေန႔က သက္စြန္႔တာဝန္စရိတ္အတြက္ က်ပ္ ၁ ေသာင္း လစဥ္ေထာက္ပံ့မယ္လို႔ထုတ္ျပန္ခဲ့ၿပီး အာဏာသိမ္းၿပီးတဲ့ေနာက္ တိုက္ ခိုက္ခံရလို႔ေသဆုံးသြားတဲ့ရဲေတြကိုလည္း ရဲစြမ္းေဆာင္ရည္စုေတြခ်ီးျမႇင့္ၿပီး ႏွစ္သိမ့္ေနတယ္လို႔ ရဲတပ္ဖြဲ႕အသိုင္း အဝိုင္းထံကသိရပါတယ္။
စစ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္အၾကာ စစ္ေကာင္စီက သူတို႔လက္ေအာက္ စစ္ေကာင္စီတပ္သား၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ Non CDM ဝန္ထမ္းေတြကို စည္း႐ုံးေရးအေနနဲ႔ စရိတ္ေငြအျဖစ္ ၇ ေထာင္က်ပ္မွ ၂ ေသာင္းက်ပ္အထိ ေထာက္ပံ့စည္း႐ုံးေနေပမယ့္ လက္ရွိျဖစ္ေပၚေနတဲ့ကုန္ေစ်းႏႈန္းႀကီးမႈေတြနဲ႔ေငြေၾကးေဖာင္းဖြမႈေတြေၾကာင့္ ၄င္းတို႔စစ္ေကာင္စီလက္ေအာက္ခံဝန္ထမ္းမိသားစုေတြ၊ စစ္တပ္ေထာက္ခံတဲ့သူေတြလည္း က်ပ္တည္းမႈေတြနဲ႔ရင့ဆိုင္ ေနရတာပါ။
AyeyarwaddyTimes
စစ်ကောင်စီတပ်သားတွေကို သက်စွန့်စရိတ် (MHRA) ၂ သောင်း တိုးပေး၊ PDF ပစ်လို့သေရတာချင်းအတူတူ ခံစားခွင့်မမျှတဘူးလို့ ရဲအသိုင်းမှာပြသနာတက်
ညိမ်းသော် / ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့လက်အောက်ခံ စစ်ကောင်စီတပ်သားတွေရဲ့ သက်စွန့်တာဝန်စရိတ် (MHRA) ကိုသြဂုတ်လကုန်ကနေစလို့ ၂ သောင်းကျပ်တိုးမြှင့်ပေး တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။
ယခင် MHRA အဖြစ်စစ်ကောင်စီတပ်သားတွေက တရက်ကို ၃၃၀ ကျပ်နှုန်းနဲ့ ကျပ် ၁ သောင်းရရှိတာဖြစ်ပြီး စစ်ကောင်စီက ၂ သောင်းတိုးမြှင့်ပေးတာကြောင့် သက်စွန့်စရိတ်အဖြစ် ၁ ရက်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ ၃ သောင်းရရှိမှာဖြစ်တယ်လို့သိရပါတယ်။
” ဒီသြဂုတ်ကုန်ကစပြီး သက်စွန့်စရိတ် ၂ သောင်းတိုးတာပေါ့ ၊အရင်က ၁သောင်းဘဲရတာ၊အခုက ၂ သောင်း တိုးပေးတော့ ၃ သောင်းရမှာပေါ့။ ဆိုင်ကယ်ဆီဖိုးလောက်တော့ ရတာပေါ့” လို့ တပ်အမည်မဖော်မလိုတဲ့ ပုသိမ်မြို့အခြေစိုက်တပ်ရင်းတခုရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီဟာ ၎င်းတို့လက်အောက်ခံစစ်သားတွေကို သက်စွန့်စရိတ် ၃ သောင်းကျပ်ပေးပြီး ရဲတပ်ဖွဲ့ဝင်တွေကို သက်စွန့်စရိတ် ၁ သောင်းကျပ်သာ ပေးတာဟာ တိုက်ပွဲဖြစ်လို့သေရတာခြင်းအတူတူ မျှတမှုမရှိဘူးလို့ ရဲအသိုင်း အဝိုင်းကဝေဖန်ပါတယ်။
” ခုချိန်မှာက ကျနော်တို့ရဲတွေက အသက်အန္တရာယ်ပိုတောင်နီးသေးတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေလောက်လဲ လက်နက်၊ကျည်ကာပြည့်စုံတာမဟုတ်ဘူး။ PDF က ရဲမို့လို့၊ MHRA ၁ သောင်းဘဲရလို့ဆိုပြီး ရှောင်ပြီးပစ်မှာမဟုတ်ဘူး။ လစ်တာနဲ့အကုန်အပစ်ခံရမှာ။
တိုက်ပွဲဖြစ်လို့ အပစ်ခံရလို့အသက်စွန့်ပြီး သေရတာချင်းအတူတူ ရဲကို ၁ သောင်းဘဲပေးတာကတော့မမျှတဘူး။ ၁ သောင်းကလည်း ဖုန်းဘေလ်တပတ်လောက်ဘဲသုံးလို့ရတာ။ သေမှ ရဲဗလဆိုပြီတံဆိပ်လေးပေးဦးမယ် ” လို့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းက လုံခြုံ ရေးအရအမည်မဖော်လိုတဲ့ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက် ကိုင်ခုခံတော်လှန်မှုတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက်ခံရပြီးသေဆုံးတာတွေက နေ့စဉ်နီးပါးကြုံတွေ့နေရတာပါ။
အဲ့ဒီလိုရဲတွေသေဆုံးနေရလို့ အာဏာသိမ်းစစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၂၅ ရက်နေ့က သက်စွန့်တာဝန်စရိတ်အတွက် ကျပ် ၁ သောင်း လစဉ်ထောက်ပံ့မယ်လို့ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက် တိုက် ခိုက်ခံရလို့သေဆုံးသွားတဲ့ရဲတွေကိုလည်း ရဲစွမ်းဆောင်ရည်စုတွေချီးမြှင့်ပြီး နှစ်သိမ့်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံကသိရပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ စစ်ကောင်စီက သူတို့လက်အောက် စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ Non CDM ဝန်ထမ်းတွေကို စည်းရုံးရေးအနေနဲ့ စရိတ်ငွေအဖြစ် ၇ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ ထောက်ပံ့စည်းရုံးနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ကုန်ဈေးနှုန်းကြီးမှုတွေနဲ့ငွေကြေးဖောင်းဖွမှုတွေကြောင့် ၎င်းတို့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုတွေ၊ စစ်တပ်ထောက်ခံတဲ့သူတွေလည်း ကျပ်တည်းမှုတွေနဲ့ရင့ဆိုင် နေရတာပါ။
AyeyarwaddyTimes