ေလတပ္မွ တပ္ၾကပ္အရာရွိတစ္ဦး အဆိပ္ေသာက္ေသဆုံး
သွ်မ္းသံေတာ္ဆင့္၊ စက္တင္ဘာလ ၁
သွ်မ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕ အေျခစိုက္ စစ္ေကာင္စီ ေလတပ္စခန္းမွ တပ္ၾကပ္အရာရွိတစ္ဦးသည္ ေနအိမ္၌ အဆိပ္ေသာက္ကာ ေသေၾကာင္းႀကံခဲ့ေၾကာင္း သတင္းသိရသည္။
ၾသဂုတ္လ ၃၁ ရက္ေန႔ ညေန ၃ နာရီဝန္းက်င္တြင္ ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ျပင္းထန္ေသာ ေဝဒနာျဖင့္ နမ့္စန္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးစဥ္ လက္မခံသျဖင့္ ေအာင္ပန္းၿမိဳ႕ရွိ ကုတင္ ၇၀၀ စစ္ေဆး႐ုံသို႔ ပို႔ေဆာင္လိုက္ရေၾကာင္း တပ္ႏွင့္ နီးစပ္သူ တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။
“အဆိပ္ေသာက္ၿပီး ေသြးေတြအန္လာလို႔ သူ႔ေယာကၡမက ေတြ႕လိုက္တာ၊ နမ့္စန္ေဆး႐ုံကိုပို႔လိုက္ေတာ့ လက္မခံဘူး၊ အဲ့ေၾကာင့္ ေအာင္ပန္းက ကုတင္ ၇၀၀ ကို ပို႔လိုက္တယ္၊ ၄ နာရီဝန္းက်င္မွာ ေအာင္ပန္းက ေဆး႐ုံမွာပဲ ေသဆုံးသြားတယ္” ဟု တပ္ႏွင့္ နီးစပ္သူ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။
ေသဆုံးသူ တပ္ၾကပ္အရာရွိသည္ ခ်မ္းၿငိမ္း နာမည္ျဖစ္ၿပီး အသက္ ၃၂ ႏွစ္ရွိ လက္ရွိတြင္ ၉ လအ႐ြယ္ သမီးေလး ႏွင့္ ဇနီးျဖစ္သူ က်န္ရစ္ခဲ့ေၾကာင္း သတင္းသိရသည္။
SHANNews
လေတပ်မှ တပ်ကြပ်အရာရှိတစ်ဦး အဆိပ်သောက်သေဆုံး
သျှမ်းသံတော်ဆင့်၊ စက်တင်ဘာလ ၁
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ တပ်ကြပ်အရာရှိတစ်ဦးသည် နေအိမ်၌ အဆိပ်သောက်ကာ သေကြောင်းကြံခဲ့ကြောင်း သတင်းသိရသည်။
သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော ဝေဒနာဖြင့် နမ့်စန်ဆေးရုံသို့ ပို့ဆောင်ပေးစဉ် လက်မခံသဖြင့် အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း တပ်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဆိပ်သောက်ပြီး သွေးတွေအန်လာလို့ သူ့ယောက္ခမက တွေ့လိုက်တာ၊ နမ့်စန်ဆေးရုံကိုပို့လိုက်တော့ လက်မခံဘူး၊ အဲ့ကြောင့် အောင်ပန်းက ကုတင် ၇၀၀ ကို ပို့လိုက်တယ်၊ ၄ နာရီဝန်းကျင်မှာ အောင်ပန်းက ဆေးရုံမှာပဲ သေဆုံးသွားတယ်” ဟု တပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သေဆုံးသူ တပ်ကြပ်အရာရှိသည် ချမ်းငြိမ်း နာမည်ဖြစ်ပြီး အသက် ၃၂ နှစ်ရှိ လက်ရှိတွင် ၉ လအရွယ် သမီးလေး နှင့် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း သတင်းသိရသည်။