Local News

သန္လ်င္တပ္တြင္း ပ -စ္ခ -တ္မႈ ျဖစ္စဥ္အမွန္က ဒီလိုတဲ့ဗ်ိဳ႕…

သန္လ်င္တပ္တြင္း ပ -စ္ခ -တ္မႈ ျဖစ္စဥ္အမွန္က ဒီလိုတဲ့ဗ်ိဳ႕…

သန္လ်င္တပ္တြင္း ပစ္ခတ္မႈ ဗိုလ္ႀကီး အပါအဝင္ ၉ဦး ေသဆုံး

ရန္ကုန္ၿမိဳ႕၊ သန္လ်င္ၿမိဳ႕နယ္၊ စစ္ပင္ကြင္းေက်း႐ြာတြင္ ယမန္ေန႔(ဩဂုတ္ ၃၁)ညပိုင္းက တာဝန္က် စစ္သားခ်င္း ပစ္ခတ္မႈျဖစ္ပြား၍ ဗိုလ္ႀကီး အပါအဝင္ ၉ဦး ေသဆုံးသြားသည္။

ယမန္ေန႔ည ၁၀ နာရီ ခြဲေက်ာ္အခ်ိန္က ရန္ပြဲျဖစ္ၿပီးေနာက္ စစ္သား ၂ဦးက အျခားစစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားကို ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု စုံစမ္းသိရွိရသည္။

ပစ္ခတ္မႈအတြင္း ဗိုလ္ႀကီး၁ဦး၊ စစ္သား၆ဦးႏွင့္ မိသားစုဝင္အမ်ိဳးသမီး ၂ဦးေသဆုံး၊ တပ္သား တစ္ဦးႏွင့္ ၁၀ ႏွစ္သားအ႐ြယ္သားျဖစ္သူတို႔ စိုးရိမ္ရ ဒဏ္ရာရသည္ဟု Myanmar Now ၏ သတင္းရင္းျမစ္ထံမွသိရသည္။

ေသဆုံးသြားသူမ်ားမွာ ဗိုလ္ႀကီးမ်ိဳးဟန္၊ တပ္ၾကပ္ သိန္းေအာင္၊တပ္သားမ်ားျဖစ္သည့္ တိုးတက္ႏိုင္၊ မ်ိဳးမင္းခန႔္၊ စန္းဝင္း၊ ေအာင္ေလးႏွင့္ လင္းလင္းေထြးတို႔ ျဖစ္သည္။ ထို႔အျပင္ တပ္သားတစ္ဦး၏ အသက္ ၅၀ အ႐ြယ္ မိခင္ႏွင့္ ၃၀ ႏွစ္အ႐ြယ္ သမီးျဖစ္သူတို႔လည္း ေသဆုံးသည္။

ပစ္ခတ္ခဲ့သူတစ္ဦးမွာ တပ္သား ေဝယံေက်ာ္ျဖစ္ၿပီး လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ထြက္ေျပး လြတ္ေျမာက္ေနေၾကာင္း သိရသည္။

ယေန႔(စက္တင္ဘာ ၁) နံနက္ပိုင္းမွစ၍ သန္လ်င္တစ္ၿမိဳ႕လုံးကို စစ္ေကာင္စီတပ္မ်ားက ပိတ္ဆို႔စစ္ေဆးေနသည္ဟု ေဒသခံမ်ားထံမွသိရသည္။ သန္လ်င္တံတား၏ ရန္ကုန္ၿမိဳ႕ဘက္ အဝင္ျခမ္းကိုပိတ္ခ်ထားေၾကာင္း၊ တံတားမွ ျဖတ္လာသည့္ ယာဥ္မ်ားေပၚတြင္ လိုက္ပါလာသူမ်ားကို ဆင္းခိုင္းကာ ဖုန္းႏွင့္အိတ္မ်ား စစ္ေဆးေနသည္ဟု သိရသည္။

ထိုပစ္ခတ္္မႈႏွင့္ပတ္သက္၍ သန္လ်င္တပ္စခန္းႏွင့္ စစ္ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းထံ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ ေျဖၾကားျခင္းမရွိေပ။

ဟန္သစ္/Myanmar Now

သန်လျင်တပ်တွင်း ပစ်ခတ်မှု ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံး

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် ယမန်နေ့(ဩဂုတ် ၃၁)ညပိုင်းက တာဝန်ကျ စစ်သားချင်း ပစ်ခတ်မှုဖြစ်ပွား၍ ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံးသွားသည်။

ယမန်နေ့ည ၁၀ နာရီ ခွဲကျော်အချိန်က ရန်ပွဲဖြစ်ပြီးနောက် စစ်သား ၂ဦးက အခြားစစ်သည်များနှင့် မိသားစုဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ပစ်ခတ်မှုအတွင်း ဗိုလ်ကြီး၁ဦး၊ စစ်သား၆ဦးနှင့် မိသားစုဝင်အမျိုးသမီး ၂ဦးသေဆုံး၊ တပ်သား တစ်ဦးနှင့် ၁၀ နှစ်သားအရွယ်သားဖြစ်သူတို့ စိုးရိမ်ရ ဒဏ်ရာရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှသိရသည်။

သေဆုံးသွားသူများမှာ ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ် သိန်းအောင်၊တပ်သားများဖြစ်သည့် တိုးတက်နိုင်၊ မျိုးမင်းခန့်၊ စန်းဝင်း၊ အောင်လေးနှင့် လင်းလင်းထွေးတို့ ဖြစ်သည်။ ထို့အပြင် တပ်သားတစ်ဦး၏ အသက် ၅၀ အရွယ် မိခင်နှင့် ၃၀ နှစ်အရွယ် သမီးဖြစ်သူတို့လည်း သေဆုံးသည်။

ပစ်ခတ်ခဲ့သူတစ်ဦးမှာ တပ်သား ဝေယံကျော်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၁) နံနက်ပိုင်းမှစ၍ သန်လျင်တစ်မြို့လုံးကို စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရသည်။ သန်လျင်တံတား၏ ရန်ကုန်မြို့ဘက် အဝင်ခြမ်းကိုပိတ်ချထားကြောင်း၊ တံတားမှ ဖြတ်လာသည့် ယာဉ်များပေါ်တွင် လိုက်ပါလာသူများကို ဆင်းခိုင်းကာ ဖုန်းနှင့်အိတ်များ စစ်ဆေးနေသည်ဟု သိရသည်။

ထိုပစ်ခတ််မှုနှင့်ပတ်သက်၍ သန်လျင်တပ်စခန်းနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

ဟန်သစ်/Myanmar Now