Local News

ႏြားပြဲစားထံ ပိုက္ဆံလာေတာင္းတဲ့ စစ္ေကာင္စီေဆးမႉး ဓ-ားခုတ္ခံရလို႔ ေ-သဆုံး

ႏြားပြဲစားထံ ပိုက္ဆံလာေတာင္းတဲ့ စစ္ေကာင္စီေဆးမႉး ဓားခုတ္ခံရလို႔ ေသဆုံး

မဲေခါင္၊ စက္တင္ဘာ ၁

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေက်ာက္ဂူေက်း႐ြာ အုပ္စု၊ ထမင္းေပါင္း႐ြာမွာ ၾသဂုတ္ ၃၁ ရက္က ႏြားပြဲစားထံ ပိုက္ဆံ လာေတာင္းတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ကို ႐ြာသားက ဓါးနဲ႔ခုတ္ရာက ေဆးမႉး ၁ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ယမန္ေန႔ ညပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦးဟာ အရပ္သား ဟန္ေဆာင္ကာ ထမင္းေပါင္း႐ြာမွာေနတဲ့ ကြၽဲ၊ ႏြား ပြဲစားကို ႏြားဝယ္မယ္ဟု ခ်ိန္းဆိုကာ ေသနတ္နဲ႔ခ်ိန္ၿပီး ဖမ္းဆီးခဲ့တယ္လို႔ ေဒသခံ တစ္ဦးက မဲေခါင္သတင္းကို ေျပာပါတယ္။

“ဖုန္းဆက္ေခၚလို႔ သားအဖ ၂ ေယာက္ သြားတာ။ အေဖလုပ္သူကို ေသနတ္နဲ႔ ခ်ိန္ၿပီး ဖမ္းတဲ့အခ်ိန္ သားလုပ္သူက ဓါးနဲ႔ ခုတ္လိုက္တာ တစ္ေယာက္ ေသသြားတယ္၊ ခုတ္တဲ့ ေကာင္ေလးက ထြက္ေျပးသြားတယ္” လို႔ ၎က ေျပာပါတယ္။

ေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ဟာ အမွတ္ (၂၉၂) ေျခလ်င္တပ္ရင္းက ေဆးမႉး ျဖစ္တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

အဲဒီေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႐ြာကို ေရာက္လာၿပီး ဓါးခုတ္သူကို မေတြ႕လို႔ အေမနဲ႔ ညီမကို ဖမ္းဆီး ကာ ႐ြာကို မီးရႈိ႕မယ္လို႔ ၿခိမ္းေျခာက္ ေျပာဆိုေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“အခု ႐ြာထဲကို တစ္အိမ္ဝင္ တစ္အိမ္ထြက္ လိုက္ရွာေနတယ္။ တစ္႐ြာလုံး ကိုလည္း PDF ရွိတယ္ဆိုၿပီး ၿခိမ္းေျခာက္ေနတယ္။ ေနာက္ ႐ြာကိုပါ မီးရႈိ႕မယ္ဆိုၿပီး ေျပာေနတယ္” လို႔ ၎က ေျပာပါတယ္။

လက္ရွိမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ႐ြာထဲကို ဝင္ေရာက္ရွာေဖြေနလို႔ ႐ြာထဲေနသူေတြ အျပင္ ထြက္လို႔မရဘဲ ေၾကာက္လန႔္ ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ဓါးနဲ႔ခုတ္သြားတဲ့ သူကို ၂ ရက္အတြင္း မေခၚေပးရင္ တစ္႐ြာလုံးကို မီးရႈိ႕မယ္လို႔ ေျပာတယ္။ အဲ့ကေလးကို မိတာနဲ႔ ေသဒဏ္ ေပးမယ္ဆိုၿပီးလည္း ေျပာတယ္” လို႔ ၎က ေျပာပါတယ္။

ရပ္ေစာက္ၿမိဳ႕နယ္ ေက်ာက္ဂူေဒသဟာ ရွမ္းတိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ ၂ ခုျဖစ္တဲ့ RCSS နဲ႔ SSPP တပ္ဖြဲ႕ေတြ လႈပ္ရွားရာ ေဒသလည္း ျဖစ္ပါတယ္။

MeKongNews

နွားပွဲစားထံ ပိုက်ဆံလာတောင်းတဲ့ စစ်ကောင်စီဆေးမှူး ဓားခုတ်ခံရလို့ သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာ အုပ်စု၊ ထမင်းပေါင်းရွာမှာ သြဂုတ် ၃၁ ရက်က နွားပွဲစားထံ ပိုက်ဆံ လာတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ရွာသားက ဓါးနဲ့ခုတ်ရာက ဆေးမှူး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဟာ အရပ်သား ဟန်ဆောင်ကာ ထမင်းပေါင်းရွာမှာနေတဲ့ ကျွဲ၊ နွား ပွဲစားကို နွားဝယ်မယ်ဟု ချိန်းဆိုကာ သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“ဖုန်းဆက်ခေါ်လို့ သားအဖ ၂ ယောက် သွားတာ။ အဖေလုပ်သူကို သေနတ်နဲ့ ချိန်ပြီး ဖမ်းတဲ့အချိန် သားလုပ်သူက ဓါးနဲ့ ခုတ်လိုက်တာ တစ်ယောက် သေသွားတယ်၊ ခုတ်တဲ့ ကောင်လေးက ထွက်ပြေးသွားတယ်” လို့ ၎င်းက ပြောပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အမှတ် (၂၉၂) ခြေလျင်တပ်ရင်းက ဆေးမှူး ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာကို ရောက်လာပြီး ဓါးခုတ်သူကို မတွေ့လို့ အမေနဲ့ ညီမကို ဖမ်းဆီး ကာ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ရွာထဲကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရှာနေတယ်။ တစ်ရွာလုံး ကိုလည်း PDF ရှိတယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ နောက် ရွာကိုပါ မီးရှို့မယ်ဆိုပြီး ပြောနေတယ်” လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကို ဝင်ရောက်ရှာဖွေနေလို့ ရွာထဲနေသူတွေ အပြင် ထွက်လို့မရဘဲ ကြောက်လန့် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဓါးနဲ့ခုတ်သွားတဲ့ သူကို ၂ ရက်အတွင်း မခေါ်ပေးရင် တစ်ရွာလုံးကို မီးရှို့မယ်လို့ ပြောတယ်။ အဲ့ကလေးကို မိတာနဲ့ သေဒဏ် ပေးမယ်ဆိုပြီးလည်း ပြောတယ်” လို့ ၎င်းက ပြောပါတယ်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုဖြစ်တဲ့ RCSS နဲ့ SSPP တပ်ဖွဲ့တွေ လှုပ်ရှားရာ ဒေသလည်း ဖြစ်ပါတယ်။

MeKongNews