Local News

ရပ္ကြက္ထဲကင္းလွည့္ေနတဲ့ ေတာင္ဥကၠလာအုပ္ႀကီးနဲ႔အဖြဲ႕ကို စစ္တပ္က ေခၚ႐ိုက္

ရပ္ကြက္ထဲကင္းလွည့္ေနတဲ့ ေတာင္ဥကၠလာအုပ္ႀကီးနဲ႔အဖြဲ႕ကို စစ္တပ္က ေခၚ႐ိုက္

စက္တင္ဘာ ၁

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပ၊ ၁၃ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ ကင္းလွည့္ေနစဥ္ စစ္တပ္က ေခၚ ႐ိုက္ခဲ့ေၾကာင္း သိရပါတယ္။

ဩဂုတ္လ ၃၁ ရက္ေန႔ ည ၈ နာရီခြဲေက်ာ္က ေတာင္ဥကၠလာ၊ ၁၃ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ ရပ္ကြက္အတြင္း ကင္းလွည့္ေနစဥ္ အရပ္ဝတ္နဲ႔စစ္သားေတြက မသကၤာလို႔ ေခၚယူစစ္ေဆး႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း Ground News Coverage-GNC က ထုတ္ျပန္ပါတယ္။

“ကြၽန္ေတာ္တို႔အုပ္ႀကီးေတြက တက္ႂကြတဲ့ၾကက္ဖေတြေလ။ ရပ္ကြက္ၿငိမ္ဝပ္ပိျပားေရးေပါ့။ ကင္းလွည့္တာတို႔ ဘာတို႔ သိပ္လုပ္တာ။ ဟိုေကာင္စစ္သားေတြဆိုတာက လူလိုနားလည္တာမဟုတ္ဘူး။

ဘယ္သူလဲ၊ ဘာလဲ ေသခ်ာမေမးျမန္းဘဲ ႐ိုက္တာလို႔ ဒီမနက္ရပ္ကြက္ထဲ သတင္းႀကီးေနတယ္။ အုပ္ႀကီးလည္း အရွက္ကြဲလို႔ထင္တယ္။ ဒီမနက္ အိမ္အျပင္ထြက္တာမေတြ႕ဘူး” လို႔ ၁၃ ရပ္ကြက္ အထက(၃)ေက်ာင္းအနီး ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

စစ္သားေတြဟာ ႐ိုက္ႏွက္ၿပီးမွာ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕မွန္းသိၿပီး ကားနဲ႔ ၁၃ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ျပန္ပို႔ေပးခဲ့ေၾကာင္း GNC က ဆိုပါတယ္။

႐ိုက္ႏွက္ခဲ့တဲ့စစ္သားေတြဟာ မဆင္မျခင္မွားယြင္း႐ိုက္မိတဲ့အေပၚ မေတာင္းပန္တဲ့အျပင္ ေနာက္ေနာင္ကင္းလွည့္ပါက အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ျဖစ္ေၾကာင္း အေထာက္အထားယူခဲ့ဖို႔လိုေၾကာင္း တင္းတင္းမာမာေျပာသြားေသးတယ္လို႔ အထက(၃)ေက်ာင္းအနီး ေနထိုင္သူကေျပာပါတယ္။

“သူတို႔အုပ္ႀကီးအဖြဲ႕ထဲက သတင္းထြက္လာတာပဲ။ ႐ိုက္လည္း အ႐ိုက္ခံရ၊ ေငါက္လည္း အေငါက္ခံရတယ္ဆိုတာ။ အဲဒီလိုေကာင္ေတြကိုပဲ ကိုးကြယ္ေနေတာ့ အုပ္ႀကီးလည္း ဘယ္ေလာက္ဉာဏ္နိမ့္သလဲဆိုတာ စဥ္းစားၾကည့္ေတာ့”လို႔ သူကဆက္ေျပာပါတယ္။

ကိုထက္

ရပ်ကွက်ထဲကင်းလှည့်နေတဲ့ တောင်ဥက္ကလာအုပ်ကြီးနဲ့အဖွဲ့ကို စစ်တပ်က ခေါ်ရိုက်

စက်တင်ဘာ ၁

ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ကင်းလှည့်နေစဉ် စစ်တပ်က ခေါ် ရိုက်ခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီခွဲကျော်က တောင်ဥက္ကလာ၊ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရပ်ကွက်အတွင်း ကင်းလှည့်နေစဉ် အရပ်ဝတ်နဲ့စစ်သားတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း Ground News Coverage-GNC က ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့အုပ်ကြီးတွေက တက်ကြွတဲ့ကြက်ဖတွေလေ။ ရပ်ကွက်ငြိမ်ဝပ်ပိပြားရေးပေါ့။ ကင်းလှည့်တာတို့ ဘာတို့ သိပ်လုပ်တာ။ ဟိုကောင်စစ်သားတွေဆိုတာက လူလိုနားလည်တာမဟုတ်ဘူး။

ဘယ်သူလဲ၊ ဘာလဲ သေချာမမေးမြန်းဘဲ ရိုက်တာလို့ ဒီမနက်ရပ်ကွက်ထဲ သတင်းကြီးနေတယ်။ အုပ်ကြီးလည်း အရှက်ကွဲလို့ထင်တယ်။ ဒီမနက် အိမ်အပြင်ထွက်တာမတွေ့ဘူး” လို့ ၁၃ ရပ်ကွက် အထက(၃)ကျောင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်သားတွေဟာ ရိုက်နှက်ပြီးမှာ အုပ်ချုပ်ရေးမှူးအဖွဲ့မှန်းသိပြီး ကားနဲ့ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးခဲ့ကြောင်း GNC က ဆိုပါတယ်။

ရိုက်နှက်ခဲ့တဲ့စစ်သားတွေဟာ မဆင်မခြင်မှားယွင်းရိုက်မိတဲ့အပေါ် မတောင်းပန်တဲ့အပြင် နောက်နောင်ကင်းလှည့်ပါက အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဖြစ်ကြောင်း အထောက်အထားယူခဲ့ဖို့လိုကြောင်း တင်းတင်းမာမာပြောသွားသေးတယ်လို့ အထက(၃)ကျောင်းအနီး နေထိုင်သူကပြောပါတယ်။

“သူတို့အုပ်ကြီးအဖွဲ့ထဲက သတင်းထွက်လာတာပဲ။ ရိုက်လည်း အရိုက်ခံရ၊ ငေါက်လည်း အငေါက်ခံရတယ်ဆိုတာ။ အဲဒီလိုကောင်တွေကိုပဲ ကိုးကွယ်နေတော့ အုပ်ကြီးလည်း ဘယ်လောက်ဉာဏ်နိမ့်သလဲဆိုတာ စဉ်းစားကြည့်တော့”လို့ သူကဆက်ပြောပါတယ်။

ကိုထက်