Local News

စစ္ေကာင္စီေထာက္ခံသူမ်ား၊ သတင္းေပး၊ ပ်ဴေစာထီးႏွင့္ Non CDM ဝန္ထမ္း မ်ား

ႏိုင္ငံတစ္ဝန္းတြင္ စစ္ေကာင္စီေထာက္ခံသူမ်ား၊ သတင္းေပး၊ ပ်ဴေစာထီးႏွင့္ Non CDM ဝန္ထမ္း မ်ား ပစ္ခတ္ခံရၿပီး ၁၁ ဦးေသဆုံး

ရန္ကုန္၊ စက္တင္ဘာ ၁

ႏိုင္ငံတစ္ဝန္းတြင္ စစ္ေကာင္စီေထာက္ခံသူမ်ား၊ သတင္းေပး၊ ပ်ဴေစာထီးႏွင့္ Non CDM ဝန္ထမ္း မ်ား ပစ္ခတ္ခံရၿပီး ၁၁ ဦးေသဆုံးေၾကာင္း သိရွိရသည္။

လႈိင္သာယာတြင္ ပ်ဴေစာထီးေခါင္းေဆာင္ ေဇာ္လင္း ပစ္ခတ္ခံရၿပီး ေသဆုံး

လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္ ၃ ရပ္ကြက္ရွိ ပ်ဴေစာထီးေခါင္း ေဆာင္ လူမိုက္ေဇာ္လင္းကို ယေန႔တြင္ Mother Son Yangon Force ႏွင့္ Tigers Five ၿမိဳ႕ျပ ေပ်ာက္က်ား တပ္ဖြဲ႕က ပူးေပါင္း ရွင္းလင္းလိုက္ေၾကာင္း သိရွိရသည္။
“လႈိင္သာယာ ၃ရပ္ကြက္ လူမိုက္ပ်ဴေခါင္းေဆာင္ ေဇာ္လင္းကို ညေန၄နာရီခန႔္မွာ ေသနတ္နဲ႔ က်ေနာ္တို႔ရဲေဘာ္ေတြက ပစ္ခတ္ခဲ့ပါတယ္။ ၂ ခ်က္နဲ႔ ပြဲခ်င္းၿပီးပါတယ္။ သူက ဒလန္ျဖစ္တဲ့ လူမိုက္ ပ်ဴေစာထီးေခါင္းေဆာင္ပါ” ဟု Mother Son Yangon Forceမွ ဗိုလ္ႏိုင္က ေျပာဆိုသည္။

ဒလတြင္ စစ္ေကာင္စီခန႔္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ပစ္ခတ္ခံရၿပီး ၁ ဦးေသဆုံး

ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္ သမၼတကမ္းေျခရပ္ကြက္တြင္ ဩဂုတ္လ ၃၀ ရက္ေန႔တြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၏ တပည့္ျဖစ္သူ စိုးမင္းဦး ႏွင့္ အေပါင္းအပါ ေသနတ္ျဖင့္ပစ္ခံရၿပီး စိုးမင္းဦးသည္ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

ၾသဂုတ္လ ၃၀ ရက္ေန႔ ညေန ၅ နာရီဝန္းက်င္၌ ေ႐ႊေညာင္ပင္လက္ဖက္ရည္ဆိုင္တြင္း အနီးကပ္ပစ္ခတ္ခံရၿပီး “စိုးမင္းဦး” ေနရာတြင္ ေသဆုံးေၾကာင္း၊ စစ္တပ္သတင္းေပးႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအတြက္ ၎တို႔က ပါဝင္ေနၾကသူမ်ား ျဖစ္ေၾကာင္း၊ စစ္အာဏာရွင္ ဆန႔္က်င္ေရး ျပည္သူမ်ားကို ဖမ္းဆီးရာတြင္ ပါဝင္ၾကသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

အရာေတာ္တြင္ ၿမိဳ႕နယ္ စည္ပင္အရာရွိ ေသဆုံး

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္စည္ပင္ ဦးစီးအရာရွိ ေဒၚဝါဝါေဆြ သည္ ၾသဂုတ္(၂၄)ရက္ေန႔ ညေနပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္း၊ ဓားျဖင့္ အထိုးခံရျခင္းတို႔ေၾကာင္း ေသဆုံးသြားေၾကာင္း ၊ ၾသဂုတ္ ၂၄ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ အရာေတာ္ၿမိဳ႕ အမွတ္ ၁ ေအာင္မဂၤလာရပ္ကြက္၊ ၿမိဳေရေပးေဝေရး စက္႐ုံအနီးတြင္ သတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္.

ေရျဖဴတြင္ PDF ႏွင့္ CDM သတင္းစုံစမ္းသူ ေနာ္ဂြါးႏွင့္ ဒလန္ဟုစြပ္စြဲခံရသူမ်ား ေသဆုံး

တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳနယ္၊ဧကနိ႐ြာတြင္ ေနထိုင္သည့္ ကိုေနာ္ဂြါးသည္ ေက်း႐ြာမ်ားတြင္ PDFႏွင့္ CDM သတင္းလိုက္လံစုံစမ္းရင္း ဩဂုတ္လ ၂၅ ရက္ေန႔တြင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
အလားတူ ၾသဂုတ္ ၂၇ ရက္ေန႔ ည ၈ နာရီေက်ာ္ခန႔္အခ်ိန္၊ ထားဝယ္ခ႐ိုင္ ၊ေရျဖဴၿမိဳ႕နယ္၊ပုေဂါဇြန္း႐ြာ ဖက္ဆစ္တပ္သတင္းေပးဒလန္ဟုနာမည္ထြက္ေနသူ ေစာမင္းေထြး ၊ ရဲျမင့္ဦး ႏွစ္ဦးကို အမည္မသိလက္နက္ကိုင္အဖြဲ႕စည္းတစ္ခုက ေသနတ္နဲ႔လာေရာက္ ပစ္ခတ္သျဖင့္ ေသဆုံးသြားေၾကာင္း သိရွိရသည္။

ကေလးခ႐ိုင္ တိေမြးကုဌာနက ဒုတိယ ၫႊန္ၾကားေရးမႉး ဆရာဝန္ ပစ္သတ္ခံရ

စစ္ကိုင္းတိုင္း ၊ ကေလးခ႐ိုင္ ၊ ကေလးၿမိဳ႕ ၊ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္တြင္ ေနထိုင္သည့္ ခ႐ိုင္တိရစာၦန္ေမြးျမဴးေရးႏွင့္ ကုသေရးဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉး ျဖစ္သည့္ ဆရာဝန္ေဒါက္တာျမင့္ဝင္း ၾသဂုတ္ ၂၇ ရက္ ညေနပိုင္း ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွ ရာအိမ္မႉး ေသနတ္ပစ္ခံရၿပီး ေသဆုံး

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ သင္ပန္းကုန္းရပ္ကြက္ ရာအိမ္မႉး ဦးစန္းေမာင္ဟာ ဩဂုတ္လ ၂၈ ရက္ေန႔ ည ၇ နာရီအခ်ိန္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

အင္းေတာ္မွ ပ်ဴေစာထီး သင္တန္းမႉး အသတ္ခံရ

အင္းေတာ္ၿမိဳ႕၊ မဲဇာေက်း႐ြာေန ဝန္းသို (၁၁၁)တပ္မွ အၿငိမ္းစားစစ္မႈထမ္းေဟာင္း ပ်ဴေစာထီး သင္တန္းမႉး ေမာင္ႏိုင္သည္ ဩဂုတ္လ ၂၉ ရက္ေန႔ ဗန္းေမာက္ဘက္မွ အင္းေတာ္ဘက္သို႔ ဆင္းလာသည့္ စစ္ေၾကာင္းကို သြားႀကိဳၿပီး အျပန္လမ္းတြင္ အင္းေတာ္ၿမိဳ႕နယ္ နယ္ေျမရွင္းလင္းေရးအဖြဲ႕မ်ားက ဖမ္းဆီး ရွင္းလင္းလိုက္ေၾကာင္း အင္းေတာ္ေဒသသတင္းရင္းျမစ္က သတင္းထုတ္ျပန္သည္။

မိုင္းရယ္မွ ဓာတ္ဆီဆိုင္ ပိုင္ရွင္တစ္ဦး ပစ္သတ္ခံရ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုင္းရယ္ၿမိဳနယ္၊ အမွတ္ (၁) ရပ္ကြက္ရွိ 909 ပန႔္ဆီဆိုင္ပိုင္ရွင္ ေအာင္ေအာင္ကို ဩဂုတ္ လ ၂၈ ရက္ေန႔ ည ၉ နာရီ ၄၅ မိနစ္အခ်ိန္ ေသနတ္သမားတစ္ဦး ဆီဆိုင္အတြင္းဝင္ေရာက္၍ ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း သိရွိရသည္။

စစ္ကိုင္းၿမိဳ႕နယ္၊ စီတီးရပ္ကြက္ ဥကၠ႒ ေက်ာ္ႏိုင္ အသတ္ခံရ

စစ္ကိုင္းၿမိဳ႕ စီတီး ရပ္ကြက္၏ စစ္ေကာင္စီကခန္႔ထားေသာ ဥကၠဌေက်ာ္ႏိုင္ကို ယေန႔ နံနက္ပိုင္းတြင္ ေသနတ္သမား တခ်ိဳ႕က ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း သိရွိရသည္။

” ရယက ဥကၠ႒ လုပ္ေနတဲ့ ေက်ာ္ႏိုင္က လူ႔ ခ်ဥ္ဖတ္ အေတာ္ဆိုးသြမ္းတဲ့သူ။ ေသသြားေတာ့လည္း ရပ္ကြက္ျပည္သူေတြ ဝမ္းသာၾကတာေပါ့။ ဧည့္စာရင္းေတြ မတန္တဆေတာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျပ ေငြေကာက္။ လူတကာကို လိုက္ၿခိမ္းေျခာက္ေနတာ။ ေသတာ ေနာက္က်တယ္ဗ်” ဟု ရပ္ကြက္ျပည္သူတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ယေန႔ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေသာ လႈိင္သာယာ ၃ ရပ္ကြက္မွ ပ်ဴေစာထီးေခါင္းေဆာင္ လူမိုက္ေဇာ္လင္း။

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။

လှိုင်သာယာတွင် ပျူစောထီးခေါင်းဆောင် ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး

လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ ပျူစောထီးခေါင်း ဆောင် လူမိုက်ဇော်လင်းကို ယနေ့တွင် Mother Son Yangon Force နှင့် Tigers Five မြို့ပြ ပျောက်ကျား တပ်ဖွဲ့က ပူးပေါင်း ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။
“လှိုင်သာယာ ၃ရပ်ကွက် လူမိုက်ပျူခေါင်းဆောင် ဇော်လင်းကို ညနေ၄နာရီခန့်မှာ သေနတ်နဲ့ ကျနော်တို့ရဲဘော်တွေက ပစ်ခတ်ခဲ့ပါတယ်။ ၂ ချက်နဲ့ ပွဲချင်းပြီးပါတယ်။ သူက ဒလန်ဖြစ်တဲ့ လူမိုက် ပျူစောထီးခေါင်းဆောင်ပါ” ဟု Mother Son Yangon Forceမှ ဗိုလ်နိုင်က ပြောဆိုသည်။

ဒလတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်တွင် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ စိုးမင်းဦး နှင့် အပေါင်းအပါ သေနတ်ဖြင့်ပစ်ခံရပြီး စိုးမင်းဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်၌ ရွှေညောင်ပင်လက်ဖက်ရည်ဆိုင်တွင်း အနီးကပ်ပစ်ခတ်ခံရပြီး “စိုးမင်းဦး” နေရာတွင် သေဆုံးကြောင်း၊ စစ်တပ်သတင်းပေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအတွက် ၎င်းတို့က ပါဝင်နေကြသူများ ဖြစ်ကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများကို ဖမ်းဆီးရာတွင် ပါဝင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

အရာတော်တွင် မြို့နယ် စည်ပင်အရာရှိ သေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ မြို့နယ်စည်ပင် ဦးစီးအရာရှိ ဒေါ်ဝါဝါဆွေ သည် သြဂုတ်(၂၄)ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ ဓားဖြင့် အထိုးခံရခြင်းတို့ကြောင်း သေဆုံးသွားကြောင်း ၊ သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် အရာတော်မြို့ အမှတ် ၁ အောင်မင်္ဂလာရပ်ကွက်၊ မြိုရေပေးဝေရေး စက်ရုံအနီးတွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်.

ရေဖြူတွင် PDF နှင့် CDM သတင်းစုံစမ်းသူ နော်ဂွါးနှင့် ဒလန်ဟုစွပ်စွဲခံရသူများ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြိုနယ်၊ဧကနိရွာတွင် နေထိုင်သည့် ကိုနော်ဂွါးသည် ကျေးရွာများတွင် PDFနှင့် CDM သတင်းလိုက်လံစုံစမ်းရင်း ဩဂုတ်လ ၂၅ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ သြဂုတ် ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်အချိန်၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ပုဂေါဇွန်းရွာ ဖက်ဆစ်တပ်သတင်းပေးဒလန်ဟုနာမည်ထွက်နေသူ စောမင်းထွေး ၊ ရဲမြင့်ဦး နှစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့စည်းတစ်ခုက သေနတ်နဲ့လာရောက် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ကလေးခရိုင် တိမွေးကုဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဆရာဝန် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သည့် ခရိုင်တိရစ္ဆာန်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သည့် ဆရာဝန်ဒေါက်တာမြင့်ဝင်း သြဂုတ် ၂၇ ရက် ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှ ရာအိမ်မှူး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရာအိမ်မှူး ဦးစန်းမောင်ဟာ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အင်းတော်မှ ပျူစောထီး သင်တန်းမှူး အသတ်ခံရ

အင်းတော်မြို့၊ မဲဇာကျေးရွာနေ ဝန်းသို (၁၁၁)တပ်မှ အငြိမ်းစားစစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းမှူး မောင်နိုင်သည် ဩဂုတ်လ ၂၉ ရက်နေ့ ဗန်းမောက်ဘက်မှ အင်းတော်ဘက်သို့ ဆင်းလာသည့် စစ်ကြောင်းကို သွားကြိုပြီး အပြန်လမ်းတွင် အင်းတော်မြို့နယ် နယ်မြေရှင်းလင်းရေးအဖွဲ့များက ဖမ်းဆီး ရှင်းလင်းလိုက်ကြောင်း အင်းတော်ဒေသသတင်းရင်းမြစ်က သတင်းထုတ်ပြန်သည်။

မိုင်းရယ်မှ ဓာတ်ဆီဆိုင် ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြိုနယ်၊ အမှတ် (၁) ရပ်ကွက်ရှိ 909 ပန့်ဆီဆိုင်ပိုင်ရှင် အောင်အောင်ကို ဩဂုတ် လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် သေနတ်သမားတစ်ဦး ဆီဆိုင်အတွင်းဝင်ရောက်၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်၊ စီတီးရပ်ကွက် ဥက္ကဋ္ဌ ကျော်နိုင် အသတ်ခံရ

စစ်ကိုင်းမြို့ စီတီး ရပ်ကွက်၏ စစ်ကောင်စီကခန့်ထားသော ဥက္ကဌကျော်နိုင်ကို ယနေ့ နံနက်ပိုင်းတွင် သေနတ်သမား တချို့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

” ရယက ဥက္ကဋ္ဌ လုပ်နေတဲ့ ကျော်နိုင်က လူ့ ချဉ်ဖတ် အတော်ဆိုးသွမ်းတဲ့သူ။ သေသွားတော့လည်း ရပ်ကွက်ပြည်သူတွေ ဝမ်းသာကြတာပေါ့။ ဧည့်စာရင်းတွေ မတန်တဆတောင်း၊ အကြောင်းအမျိုးမျိုးပြ ငွေကောက်။ လူတကာကို လိုက်ခြိမ်းခြောက်နေတာ။ သေတာ နောက်ကျတယ်ဗျ” ဟု ရပ်ကွက်ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော လှိုင်သာယာ ၃ ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် လူမိုက်ဇော်လင်း။