Local News

ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္ ၅ ဦးထက္မနည္းဖမ္းဆီးခံရၿပန္ၿပီ

ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္ ၅ ဦးထက္မနည္းဖမ္းဆီးခံရ

ေအာင္ျမသန္း/ဧရာဝတီတိုင္းမ္

(ဧရာဝတီ)၊ စက္တင္ဘာလ ၁ ရက္

ဧရာဝတီတိုင္းေဒသႀကီးမွာ စစ္အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္တိုက္ခိုက္ေနတဲ့ အဖြဲ႕ေတြထဲက ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ ၅ ဦးထက္မနည္း ဩဂုတ္လ ၃၁ ရက္ေန႔ ညပိုင္းက ဖမ္းဆီးခံလိုက္ရတယ္လို႔ သိရပါတယ္။

မအူပင္ၿမိဳ႕နယ္က ေသမင္းလက္ရာအဖြဲ႕က တာဝန္ရွိသူအပါဝင္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ ၅ ဦးေက်ာ္ကို ရန္ကုန္ တိုင္း၊ အလုံၿမိဳ႕နယ္ကေနအိမ္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ပစ္ခတ္ဖမ္းဆီးသြားတာလို႔ နီးစပ္သူေတြက ေျပာပါတယ္။

“ ဆင္မင္းေဈးနဲ႔ ငုဝါလမ္းေထာင့္က တိုက္ခန္းကိုဝင္စီးတာ ၆ လႊာကို ေအာက္ကေနပစ္ အထဲဝင္ဖမ္းတဲ့သူက ဖမ္းအဲ့လိုလုပ္သြားတာ တိုက္ခန္းေသာ့ေတြပါဖ်က္ၿပီး ဝင္ဖမ္းတာ ေသနတ္က အားလုံး ၉ ခ်က္ေလာက္ ပစ္တယ္”လို႔ အလုံၿမိဳ႕ခံျပည္သူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

အဖမ္းခံရတဲ့အထဲမွာ မအူပင္ၿမိဳ႕နယ္က ေသမင္းလက္ရာအဖြဲ႕က တာဝန္ရွိသူ ၁ ဦး၊ က်ိဳက္လတ္ၿမိဳ႕နယ္က ေတာ္လွန္ေရးအဖြဲ႕ဝင္ေတြနဲ႔ ဖ်ာပုံၿမိဳ႕နယ္ကေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြျဖစ္တယ္လို႔ ေတာ္လွန္ေရးအင္အားစု ေတြက ေျပာပါတယ္။

ဧရာဝတီတိုင္းက ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္ေတြကို ဝင္ေရာက္ဖမ္းဆီးခ်ိန္မွာ စစ္ေကာင္စီတပ္သားေတြက ပစ္ခတ္တာေတြလုပ္ခဲ့ေပမယ့္ ဒဏ္ရာရရွိတာေတြရွိမရွိကိုေတာ့ အတည္က် မသိရေသးပါဘူး။

Ayeyarwaddy_Times

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းဖမ်းဆီးခံရ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ဧရာဝတီ)၊ စက်တင်ဘာလ ၁ ရက်

ဧရာဝတီတိုင်းဒေသကြီးမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်က သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူအပါဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျော်ကို ရန်ကုန် တိုင်း၊ အလုံမြို့နယ်ကနေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးသွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။

“ ဆင်မင်းဈေးနဲ့ ငုဝါလမ်းထောင့်က တိုက်ခန်းကိုဝင်စီးတာ ၆ လွှာကို အောက်ကနေပစ် အထဲဝင်ဖမ်းတဲ့သူက ဖမ်းအဲ့လိုလုပ်သွားတာ တိုက်ခန်းသော့တွေပါဖျက်ပြီး ဝင်ဖမ်းတာ သေနတ်က အားလုံး ၉ ချက်လောက် ပစ်တယ်”လို့ အလုံမြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ မအူပင်မြို့နယ်က သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူ ၁ ဦး၊ ကျိုက်လတ်မြို့နယ်က တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဖျာပုံမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု တွေက ပြောပါတယ်။

ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာတွေလုပ်ခဲ့ပေမယ့် ဒဏ်ရာရရှိတာတွေရှိမရှိကိုတော့ အတည်ကျ မသိရသေးပါဘူး။

Ayeyarwaddy_Times