Local News


မဲခေါင်၊ စက်တင်ဘာ ၁




MeKongNews

ရွှေဒင်္ဂါးပြားတွေ ရောင်းပေးမယ်လို့ စစ်ကောင်စီကြေညာ

မဲခေါင်၊ စက်တင်ဘာ ၁

ရွှေဈေးစံချိန်တင် မြင့်တက်နေချိန်မှာ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သားရွှေဒင်္ဂါးပြားတွေကို စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လွတ်လပ်စွာရောင်းချပေးမယ်လို့ ဒီနေ့ကြေညာပါတယ်။

လွတ်လပ်စွာရောင်းချပေးမယ်လို့ ဆိုပေမယ့် ဘယ်လိုရောင်းချမယ်၊ ဘယ်လိုဝယ်ယူနိုင်တယ်၊ ဘယ်နေ့ရောင်းချမယ်ဆိုတာတွေတော့ စစ်ကောင်စီကြေညာတဲ့ ၁၅ စက္ကန့်စာ ရုပ်သံဖိုင်မှာ မပါရှိပါဘူး။

စက်သုံးဆီနဲ့ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ သက်သာစေဖို့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ထောက်ပံ့မယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး ၆ ယောက်ကို ဒုတိယညွှန်ကြားရေးမှူးတွေ ခန့်အပ်ထားတဲ့ ဗဟိုဘဏ်က မနေ့(သြဂုတ် ၃၁) က ကြေညာထားပါတယ်။