Local News

အေနာက္တိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္တြင္

AA ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကေတာ့ နပခ စစ္တိုင္းမႉးကို နာမည္တပ္ ႀကိ-မ္းထားတဲ့အတိုင္း ႀကိ-တ္ၿပီဗ်ာ

အေနာက္တိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီယာဥ္ကို AA က မိုင္းဆြဲတိုက္ခိုက္

ရန္ကုန္၊ စက္တင္ဘာ ၁

စစ္ေကာင္စီ၏ အေနာက္တိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ ရခိုင္ျပည္၊ မအီ-အမ္းကားလမ္းတစ္ေလွ်ာက္ ေမာင္းလာသည့္ စစ္ေကာင္စီယာဥ္ကို အမ္းၿမိဳ႕နယ္ေျမနီ႐ြာႏွင့္ တလိုင္းေတာင္႐ြာၾကား၌ ရကၡိဳင့္တပ္ေတာ္ AA က မိုင္းဆြဲ တိုက္ခိုက္ခဲ့၍ စစ္ကားပ်က္စီးသြားၿပီး ယင္းကားထဲတြင္ ပါလာသည့္ စစ္ေကာင္စီတပ္သားမ်ား ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။

စက္တင္ဘာ ၁ ရက္ေန႔ ညေန ၃ နာရီ ေလာက္က မအီဘက္ကေန အမ္းဖက္ကို ထြက္လာသည့္ စစ္ေကာင္စီ ယာဥ္ကို တလိုင္းေတာင္ေက်း႐ြာအေက်ာ္ ေျမနီးေက်း႐ြာသို႔ မေရာက္ခင္ ကားလမ္းမွာမိုင္းဆြဲခံခဲ့ရေၾကာင္း ကားသမားမ်ားႏွင့္ ေဒသခံမ်ားက Western News ကို ေျပာသည္။

“မအီၿမိဳ႕ဖက္ကေန အမ္းၿမိဳ႕ဖက္ကိုလာတဲ့ စစ္‌ေကာင္စီယာဥ္(တစ္)စီးေပါ့။ အဲ့ဒါAAတပ္‌ေတာ္ကမိုင္းဆြဲတိုက္ခိုက္လို႔လုံးဝကိုပ်က္စီးသြားတယ္။

က်ေနာ္တို႔ လာတဲ့အခ်ိန္က ကားက မီးေလာင္ေနတုန္းပါပဲ။ အထိအခိုက္ကေတာ့ရွိမယ္။ အေသအေပ်ာက္ကေတာ့ က်ေနာ္မသိဘူး”ဟုေျပာသည္။

အဆိုပါ စစ္ေကာင္စီကားမွာ တစ္စီးလုံးမီးေလာင္ပ်က္စီးသြားေၾကာင္းမ်က္ျမင္ ေဒသခံတစ္ဦးက ေျပာသည္။

“အေသအပ်ာက္ ကရွိႏိုင္တာ‌ေပါ့။ စစ္ကားတစ္စီးလုံးေပါက္ကြဲမီေလာင္သြားတယ္ဆိုေတာ့ခါ။ ေပါက္ကြဲသံကလည္း ေတာ္ေတာ္ျပင္းထန္တယ္”ဟုေျပာသည္။

AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ နပခ စစ်တိုင်းမှူးကို နာမည်တပ် ကြိ-မ်းထားတဲ့အတိုင်း ကြိ-တ်ပြီဗျာ

အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီယာဉ်ကို AA က မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကောင်စီ၏ အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ မအီ-အမ်းကားလမ်းတစ်လျှောက် မောင်းလာသည့် စစ်ကောင်စီယာဉ်ကို အမ်းမြို့နယ်မြေနီရွာနှင့် တလိုင်းတောင်ရွာကြား၌ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ စစ်ကားပျက်စီးသွားပြီး ယင်းကားထဲတွင် ပါလာသည့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ လောက်က မအီဘက်ကနေ အမ်းဖက်ကို ထွက်လာသည့် စစ်ကောင်စီ ယာဉ်ကို တလိုင်းတောင်ကျေးရွာအကျော် မြေနီးကျေးရွာသို့ မရောက်ခင် ကားလမ်းမှာမိုင်းဆွဲခံခဲ့ရကြောင်း ကားသမားများနှင့် ဒေသခံများက Western News ကို ပြောသည်။

“မအီမြို့ဖက်ကနေ အမ်းမြို့ဖက်ကိုလာတဲ့ စစ်‌ကောင်စီယာဉ်(တစ်)စီးပေါ့။ အဲ့ဒါAAတပ်‌တော်ကမိုင်းဆွဲတိုက်ခိုက်လို့လုံးဝကိုပျက်စီးသွားတယ်။

ကျနော်တို့ လာတဲ့အချိန်က ကားက မီးလောင်နေတုန်းပါပဲ။ အထိအခိုက်ကတော့ရှိမယ်။ အသေအပျောက်ကတော့ ကျနော်မသိဘူး”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီကားမှာ တစ်စီးလုံးမီးလောင်ပျက်စီးသွားကြောင်းမျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“အသေအပျာက် ကရှိနိုင်တာ‌ပေါ့။ စစ်ကားတစ်စီးလုံးပေါက်ကွဲမီလောင်သွားတယ်ဆိုတော့ခါ။ ပေါက်ကွဲသံကလည်း တော်တော်ပြင်းထန်တယ်”ဟုပြောသည်။