Local News

မိအေး ၄ ခါလောက် န-ာတော့မယ့် ဗဟိုဘဏ်က ထောက်ပံ့မယ့် သန်း ၂၀၀









Yebaw Che


မဲခေါင်၊ စက်တင်ဘာ ၁







MeKongNews

ဗဟိုဘဏ် ဒေါ်လာ သန်း ၂ဝဝထောက်ပံ့လို့ ဒေါ်လာ ရွှေဈေးကျတယ်ဆိုရင်လည်း အဲဒီ သန်း ၂ဝဝဘယ်သူတွေ ရသွားလဲဆိုတာLive လွှင့်ပေးကြပါလားလေ

အခြေအနေ စောင့်ကြည့်နေချိန်ဈေးတချက် တန့်သွားတာကိုအခုပဲ ငွေဈေး ထိန်းလိုက်နိုင်ပြီရေးနေကြတာ မြင်နေရတော့နည်းနည်းတော့ ရီချင်သားလေ

ကျပ်ငွေပေါ် ယုံကြည်မှုကျဆင်းပိုင်ဆိုင်မှု ပုံစံပြောင်းသိမ်းချင်တာသပ်သပ်တဖက်မှာ ဈေးကွက်ထဲ ဒေါ်လာလိုအပ်နေတာသပ်သပ် ဖြစ်တယ်

တဖက်မှာ လုပ်ထုံးလုပ်နည်းအမှားစေ-ာက်တလွဲအမိန့်တွေကြောင့်ဈေးကွက်ထဲ ဒေါ်လာ မရှိတော့တဲ့ပြသာနာကသပ်သပ် ဖြစ်နေတယ်

ဗဟိုဘဏ်က တကယ် သန်း ၂၀၀ ဆင်းထောက်ပံ့တယ်ဆိုရင်တောင်ဈေးကွက်လိုအပ်ချက်အရဆို ဆ-င်ပါးစပ်နှမ်းပ-က်တာလောက်ပဲ ရှိပါတယ်

ဒီအမောက်လောက်နဲ့ ဒေါ်လာဈေးရွှေဈေး ထိန်းနိုင်မယ်ထင်နေတာကနည်းနည်းတော့ ရီချင်မိတယ်လေ

ဗဟိုဘဏ်က ဈေးကွက်ကို တကယ်ထိန်းချင်တယ်ဆိုရင် သန်း ၂၀၀ ထောက်ပံ့စရာတောင် မလိုပါဘူးစေ-ာက်တလွဲတွေ ထုတ်ပြန်ထားတဲ့အမိန့်တွေအားလုံးကို ရုပ်သိမ်းပြီးဈေးကွက်ကို အရင်လို လွတ်လပ်ခွင့်ပေးလိုက်တာက ဖြစ်နိုင်သေးတယ်

ဂျင်းကျွေးတာ အဟုတ်မှတ် ရီရတယ်

Yebaw Che

ဗဟိုဘဏ်က ထုတ်ပေးမယ့် ဒေါ်လာသန်း ၂၀၀ ဘဏ်ပေါင်ပစ္စည်းတင်မှ ထုတ်ယူခွင့်ရမယ့် ချေးငွေဖြစ်နေ

မဲခေါင်၊ စက်တင်ဘာ ၁

စက်သုံးဆီ တင်သွင်းဖို့ ထောက်ပံ့ပေးမယ် ဆိုတဲ့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ် ထုတ်ပြန်ချက်ပါ ဒေါ်လာသန်း ၂၀၀ ဟာ ဘဏ်ပေါင် ပစ္စည်းတင်မှ ထုတ်ယူခွင့်ပြုမယ့် ချေးငွေသာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တွေက ပြောပါတယ်။

အဲဒီ ထောက်ပံ့ငွေ ရယူနိုင်ဖို့ စက်သုံးဆီ လုပ်ငန်းရှင်တွေ အနေနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ ဘဏ်များမှာ အပေါင်ပစ္စည်းတင်ပြီး အချိုးကျ ထုတ်ယူရမှာ ဖြစ်ကာ ချေးငွေ ဖြစ်တဲ့ အတွက် ပြန်ဆပ်မယ့် ကာလ ဒေါ်လာ ပြင်ပ ပေါက်ဈေး မြင့်နေမှာကို စိုးရိမ်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ပထမ ပြောထားတာက သန်း ၄၀၀ ထောက်ပံ့မယ်လို့ သိရတယ်၊ အခုက သန်း၂၀၀ ကို လတ်တလော ထုတ်ချေးပေး သလို ရောင်းပေးတာပေါ့။ နိုင်ငံတော်ရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းပေးတဲ့ အတွက် စက်သုံးဆီဈေး ကျတာက တစ်ကယ့် အဓိက အကြောင်းအရင်းပါ၊

သိရသလောက်က ၃ လ ပြည့်တဲ့အချိန် ပြန်ဆပ်ရမယ်၊ စက်သုံးဆီ လုပ်ငန်းရှင်းတွေ စိုးရိမ် နေတာ တစ်ခုက ပိုက်ဆံ ပြန်ဆပ်တဲ့ အချိန်မှာ ပြင်ပ ပေါက်ဈေး မတရား တက်နေရင် အခက်အခဲတော့ကြုံမယ်၊ ငွေဈေး တည်ငြိမ်ဖို့က အရေးကြီးတယ်၊ ကမ္ဘာ့ရေနံဈေး ကျတာ မကျတာ အပေါ် မှီခိုခြင်း မရှိတော့ဘူး၊ မြန်မာငွေ တန်ဖိုး ကျတာနဲ့ အမျှ စက်သုံးဆီ ဈေးက မြင့်နေမှာပဲ” လို့ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီ သုံးစွဲမှုက ဒေါ်လာ သန်း ၂၀၀ ဖိုးလောက်ရှိလို့ အခု ထုတ်ချေးပေးတဲ့ ပမာဏဟာ တစ်လစာ အတွက်သာ ဖူလုံနိုင်မှာ ဖြစ်တဲ့ အတွက် ဒေါ်လာရှိမှသာ စက်သုံးဆီဈေး ကျဆင်းမယ်လို့ ၎င်းကသုံးသပ်ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဓာတ်ဆီ တစ်လီတာ ၂,၃၇၅ ကျပ်အထိ ကျဆင်းခဲ့တဲ့ နည်းတူ တစ်ဒေါ်လာ ကျပ် ၃,၈၀၀ သာရှိလို့ ဒေါ်လာဈေး အကျဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။

MeKongNews