ရန်ကုန်၊ စက်တင်ဘာ ၂
ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို အနီးကပ် ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂
တနင်္သာရီတိုင်း ရေးမြို့မှ ထားဝယ်မြို့ဘက်သို့ ဦးတည်လာသော စစ်ကား ဆယ်စီးကျော်ပါသော စစ်ကောင်စီယာဉ်တန်းကို သြဂုတ်လ ၃၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့ (TPLF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာနှင့် မရမ်းချောင်းရွာအကြားတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊
ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF) နှင့် မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားများပေါ်တွင်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရသူများနိုင်ပြီး အရေအတွက်အတိအကျကိုအတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နှင့် မဟာမိတ်တပ်ဖွဲ့များမှ ထိခိုက်မှုတစုံတရာမရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)မှ တာဝန်ရှိသူက ပြောဆိုသ်။