Local News

အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က

မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ ၉၇ လမ္းတြင္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္ထိုး ႀကိတ္ ဖမ္းဆီးၿပီး ပတ္ဝန္းက်င္ကို ေသနတ္ျဖင့္ခ်ိန္႐ြယ္၊ မူး႐ူးေသာင္းက်န္းေန၍ ဖမ္းျခင္းျဖစ္ၿပီး ႐ိုက္ႏွက္ျခင္းမရွိဘဲ လက္ဖ်ားႏွင့္ပင္ မတို႔ဟု ရဲစခန္းက ေျပာ (႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ ၂

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ ၊ ၉၇ လမ္းတြင္ စက္တင္ဘာလ ၂ ရက္ေန႔ နံနက္ ၁ နာရီအခ်ိန္ အမ်ိဳးသား ၁ ဦးကို ရဲတပ္ဖြဲ႕က ထိုးႀကိတ္ ႐ိုက္ႏွက္ၿပီး ရဲကားေပၚတင္၍ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ရန္ကုန္ေခတ္သစ္က ရွိထားေသာ ဗီဒီယိုဖိုင္တြင္ ရဲတပ္ဖြဲ႕က အသက္ႀကီးေနေသာ အမ်ိဳးသားကို ပါးနား႐ိုက္ျခင္း၊ တံေတာင္ျဖင့္ ထိုးျခင္း၊ ပတ္ဝန္းက်င္ကို ေသနတ္ျဖင့္ ခ်ိန္႐ြယ္ျခင္းမ်ား အစရွိေသာ ဥပေဒမဲ့ လုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့သည္ကို ျမင္ေတြ႕ရသည္။

မဂၤလာေတာင္ၫႊန႔္ၿမိဳ႕မရဲစခန္းမွ တာဝန္က် ရဲအရာရွိတစ္ဦးကမူ အဆိုပါ အမ်ိဳးသားသည္ မူး႐ူးေသာင္း က်န္းေန၍ လာေရာက္ ဖမ္းဆီး ရျခင္းျဖစ္ေၾကာင္း၊ ႐ိုက္ႏွက္ျခင္း လုံး၀ မလုပ္ေၾကာင္း ရန္ကုန္ေခတ္သစ္ထံသို႔ ေျပာဆိုသည္။

“အုပ္ခ်ဳပ္ေရးမႉးက ဖုန္းဆက္တိုင္လို႔ မူးၿပီး ေသာင္းက်န္းေနလို႔ သြားေခၚတာပါ။ မ႐ိုက္မႏွက္ပါဘူး။ လက္ဖ်ားနဲ႔ေတာင္ မတို႔ပါဘူး။ ဘာမွလည္းမျဖစ္ဘူး။

အခု သိပ္ထားၿပီ။ အိပ္သြားၿပီ” ဟု တာဝန္က်ရဲဝန္ထမ္းက စက္တင္ဘာလ ၂ ရက္ေန႔ နံနက္ ၂ နာရီအခ်ိန္တြင္ ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၇ လမ်းတွင် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ထိုး ကြိတ် ဖမ်းဆီးပြီး ပတ်ဝန်းကျင်ကို သေနတ်ဖြင့်ချိန်ရွယ်၊ မူးရူးသောင်းကျန်းနေ၍ ဖမ်းခြင်းဖြစ်ပြီး ရိုက်နှက်ခြင်းမရှိဘဲ လက်ဖျားနှင့်ပင် မတို့ဟု ရဲစခန်းက ပြော (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ၉၇ လမ်းတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီအချိန် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ထိုးကြိတ် ရိုက်နှက်ပြီး ရဲကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရှိထားသော ဗီဒီယိုဖိုင်တွင် ရဲတပ်ဖွဲ့က အသက်ကြီးနေသော အမျိုးသားကို ပါးနားရိုက်ခြင်း၊ တံတောင်ဖြင့် ထိုးခြင်း၊ ပတ်ဝန်းကျင်ကို သေနတ်ဖြင့် ချိန်ရွယ်ခြင်းများ အစရှိသော ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရသည်။

မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကမူ အဆိုပါ အမျိုးသားသည် မူးရူးသောင်း ကျန်းနေ၍ လာရောက် ဖမ်းဆီး ရခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခြင်း လုံး၀ မလုပ်ကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

“အုပ်ချုပ်ရေးမှူးက ဖုန်းဆက်တိုင်လို့ မူးပြီး သောင်းကျန်းနေလို့ သွားခေါ်တာပါ။ မရိုက်မနှက်ပါဘူး။ လက်ဖျားနဲ့တောင် မတို့ပါဘူး။ ဘာမှလည်းမဖြစ်ဘူး။

အခု သိပ်ထားပြီ။ အိပ်သွားပြီ” ဟု တာဝန်ကျရဲဝန်ထမ်းက စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။