Local News

စခန္းအား လက္လႊတ္လိုက္ရေၾကာင္း စစ္ေကာင္စီသတင္းစာတြင္ေဖာ္ျပထားေသာ္လည္း ေသဆုံးသည့္အေရအတြက္မပါဝင္၊ စခန္းျပန္လည္ ရရွိေရး ေဆာင္႐ြက္ေနဟုဆို

စခန္းအား လက္လႊတ္လိုက္ရေၾကာင္း စစ္ေကာင္စီသတင္းစာတြင္ေဖာ္ျပထားေသာ္လည္း ေသဆုံးသည့္အေရအတြက္မပါဝင္၊ စခန္းျပန္လည္ ရရွိေရး ေဆာင္႐ြက္ေနဟုဆို

Western News- စက္တင္ဘာ၊ ၂ ရက္

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္ျခား မွတ္တိုင္အမွတ္ ဘီပီ-၄၀ ရွိနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ စခန္းအား ဩဂုတ္ ၃၁ ရက္ နံနက္ပိုင္းတြင္ ရကၡိဳင့္တပ္ေတာ္ AA က သာလြန္အင္အားျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း စစ္ေကာင္စီထုတ္ သတင္းစာတြင္ စက္တင္ဘာ ၂ ရက္ေန႔က ေရးသား ေဖာ္ျပထားသည္။

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ မ်ားအားေခ်ာင္းေျမာင္းတိုက္ခိုက္ျခင္း၊ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ျဖတ္ေတာက္ျခင္းမ်ား ေဆာင္႐ြက္လာခဲ့ၿပီး ဩဂုတ္ ၃၁ ရက္နံနက္ပိုင္းတြင္ ႏွစ္ႏိုင္ငံနယ္ျခားမွတ္တိုင္အမွတ္ ဘီပီ- ၄၀ ရွိ အင္အားအနည္းငယ္သာရွိေသာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕စခန္းအား AA က သာလြန္အင္အားျဖင့္ ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း စစ္ေကာင္စီထုတ္ သတင္းစာတြင္ေဖာ္ျပသည္။

ရကၡိဳင့္တပ္ေတာ္ AA က မတန္တဆမ်ားျပားေသာ အင္အားအလုံး အရင္းျဖင့္ အလစ္အငိုက္ရယူတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ႏွင့္ စခန္းအား လက္လႊတ္ဆုံးရႈံးခဲ့ရၿပီး နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ထိခိုက္က်ဆုံးခဲ့ရေၾကာင္းလည္း ေရးသားပါရွိသည္။

သို႔ေသာ္လည္း စစ္ေကာင္စီ၏ သတင္းစာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ က်ဆုံးသည့္အေရအတြက္ကိုေဖာ္ျပထားျခင္းမရွိဘဲ အဆိုပါ စခန္းအား ျပန္လည္သိမ္းပိုက္ရရွိေရး စစ္ကူ၊ ပစ္ကူ ရယူ၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည္မ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္ဟု ေရးသားေဖာ္ျပထားသည္။

ဩဂုတ္ ၃၁ ရက္ေန႔ ရကၡိဳင့္တပ္ေတာ္ AA ၏ ထုတ္ျပန္ခ်က္တြင္ ရခိုင္-ဘဂၤလားေဒ့ရ္ွနယ္စပ္ရွိ မိုင္တိုင္အမွတ္ ၄၀ ရွိ စစ္ေကာင္စီတပ္စခန္းကို AA က သိမ္းပိုက္ရရွိၿပီး ၁၉ ဦးေသဆုံးကာ လက္နက္မ်ား သိမ္း ဆည္းရမိေၾကာင္းႏွင့္ စစ္ေကာင္စီဖက္က လက္ဝတိုက္ပြဲတြင္လည္း ၁၀ ဦး ေသဆုံးေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ စစ္ေကာင္စီတပ္စခန္းကို သိမ္းပိုက္တိုက္ျခင္းမွာ ၾသဂုတ္လ ၂၈ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ရင္းတစ္ခုျဖစ္သည့္ ခမရ ၃၇၇ မွ ေျမာက္ဦးကင္းဆိပ္႐ြာသို႔ပစ္ခတ္ခဲ့ရာ ေသဆုံးထိခိုက္ခဲ့ရသည့္ျဖစ္စဥ္အတြက္ ခ်က္ခ်င္းတုံ႔ျပန္ျခင္းျဖစ္ေၾကာင္း AA၏ ထုတ္ျပန္ခ်က္တြင္ ေရးသားသည္။

ေျမာက္ဦးအေျခစိုက္ ခမရ ၃၇၇ တပ္ရင္းမွ ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္ေၾကာင့္ အသက္ ၄ ႏွစ္႐ြယ္ ေမာင္ျမတ္သူလင္းႏွင့္ ေဒၚေအးယဥ္ႏု အသက္ ၆၀ ေက်ာ္ႏွင့္ ဦးလွေအာင္သိန္း အသက္ ၃၈ ႏွစ္တို႔ ေသဆုံးခဲ့ၿပီး ဦးဝင္ခိုင္(၂၆ ႏွစ္)၊ ေဒၚဦးေစာၫႊန္႔(၅၅ ႏွစ္)၊ ေဒၚမေခ် (၄၅ ႏွစ္)၊ ေဒၚစုစု(၃၀) ႏွစ္၊ ဦးစံေ႐ႊေမာင္(၆၈)ႏွစ္၊ ဦးေမာင္သန္း (၃၅) ႏွစ္၊ ဦးထြန္းေက်ာ္လွ(၄၀ ႏွစ္) တို႔ ဒဏ္ရာအသီးသီးရရွိခဲ့သည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၃ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AAတို႔သည္ ရခိုင္ေဒသအတြင္း ၃ ေနရာႏွင့္ ပလက္ဝေဒသအတြင္း ၁ ေနရာ စုစုေပါင္း ၄ ေနရာတို႔၌ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြါးခဲ့ၿပီး စစ္ေကာင္စီတပ္သား ၃၇ ဦး ေသဆုံး AA ဖက္ အနည္းငယ္ က်ဆုံးခဲ့ေၾကာင္း ဩဂုတ္ ၁၅ ရက္ေန႔ တြင္ ထုတ္ျပန္ခဲ့သည္။

Western News-WN

စခန်းအား လက်လွှတ်လိုက်ရကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသော်လည်း သေဆုံးသည့်အရေအတွက်မပါဝင်၊ စခန်းပြန်လည် ရရှိရေး ဆောင်ရွက်နေဟုဆို

Western News- စက်တင်ဘာ၊ ၂ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းအား ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာတွင် စက်တင်ဘာ ၂ ရက်နေ့က ရေးသား ဖော်ပြထားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ များအားချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်လာခဲ့ပြီး ဩဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ- ၄၀ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား AA က သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာတွင်ဖော်ပြသည်။

ရက္ခိုင့်တပ်တော် AA က မတန်တဆများပြားသော အင်အားအလုံး အရင်းဖြင့် အလစ်အငိုက်ရယူတိုက်ခိုက်ခဲ့ခြင်းကြောင့်နှင့် စခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရကြောင်းလည်း ရေးသားပါရှိသည်။

သို့သော်လည်း စစ်ကောင်စီ၏ သတင်းစာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကျဆုံးသည့်အရေအတွက်ကိုဖော်ပြထားခြင်းမရှိဘဲ အဆိုပါ စခန်းအား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူ ရယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ရေးသားဖော်ပြထားသည်။

ဩဂုတ် ၃၁ ရက်နေ့ ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ရှိ မိုင်တိုင်အမှတ် ၄၀ ရှိ စစ်ကောင်စီတပ်စခန်းကို AA က သိမ်းပိုက်ရရှိပြီး ၁၉ ဦးသေဆုံးကာ လက်နက်များ သိမ်း ဆည်းရမိကြောင်းနှင့် စစ်ကောင်စီဖက်က လက်ဝတိုက်ပွဲတွင်လည်း ၁၀ ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်တိုက်ခြင်းမှာ သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည့် ခမရ ၃၇၇ မှ မြောက်ဦးကင်းဆိပ်ရွာသို့ပစ်ခတ်ခဲ့ရာ သေဆုံးထိခိုက်ခဲ့ရသည့်ဖြစ်စဉ်အတွက် ချက်ချင်းတုံ့ပြန်ခြင်းဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။

မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၄ နှစ်ရွယ် မောင်မြတ်သူလင်းနှင့် ဒေါ်အေးယဉ်နု အသက် ၆၀ ကျော်နှင့် ဦးလှအောင်သိန်း အသက် ၃၈ နှစ်တို့ သေဆုံးခဲ့ပြီး ဦးဝင်ခိုင်(၂၆ နှစ်)၊ ဒေါ်ဦးစောညွှန့်(၅၅ နှစ်)၊ ဒေါ်မချေ (၄၅ နှစ်)၊ ဒေါ်စုစု(၃၀) နှစ်၊ ဦးစံရွှေမောင်(၆၈)နှစ်၊ ဦးမောင်သန်း (၃၅) နှစ်၊ ဦးထွန်းကျော်လှ(၄၀ နှစ်) တို့ ဒဏ်ရာအသီးသီးရရှိခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့သည် ရခိုင်ဒေသအတွင်း ၃ နေရာနှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး AA ဖက် အနည်းငယ် ကျဆုံးခဲ့ကြောင်း ဩဂုတ် ၁၅ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

Western News-WN