Local News

PDF စခန္းကို စစ္တပ္ဝင္ေရာက္စီးနင္းစဥ္

PDF စခန္းကို စစ္တပ္ဝင္ေရာက္စီးနင္းစဥ္ မိုင္းနင္းမိၿပီး ၁၀ ဦးခန႔္ေသဆုံး

မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္မွာ စက္တင္ဘာ ၁ ရက္ မနက္ပိုင္းက အထက္မင္းလွ-PDF စခန္းကို စစ္ေကာင္စီတပ္ဘက္က အင္အားအလုံးရင္းနဲ႔ ဝင္ေရာက္စီးနင္းရာ PDF တပ္ဖြဲ႕ဝင္ေတြ ႀကိဳေထာင္ထားတဲ့ မိုင္းနင္းမိၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ေယာက္ေလာက္ ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ အထက္မင္းလွ-PDF က ေျပာပါတယ္။

အထက္မင္းလွ-PDF၊ မေကြးေတာင္ပိုင္း-PDF နဲ႔ မဟာမိတ္တပ္ဖြဲ႕ေတြရဲ႕ အေျခစိုက္စခန္း တခုကို စက္တင္ဘာ ၁ ရက္ မနက္ ၄ နာရီေက်ာ္ေလာက္မွာ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃၊ ခလရ ၈၃ နဲ႔ အမွတ္ ၉၄၉ ေထာက္ပို႔တပ္ေတြက အင္အား ၃၀၀ ေလာက္နဲ႔ ဝင္ေရာက္စီးနင္းခဲ့ၾကတာလို႔ အထက္မင္းလွ-PDF တာဝန္ခံ ဗိုလ္ရန္ႀကီးေအာင္က ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ မဟာမိတ္တပ္ဖြဲ႕ေတြဘက္က အခ်ိန္နာရီဝက္ေလာက္အတြင္းမွာပဲ စစ္(…)ေတြလာတဲ့ လမ္းေၾကာင္းကို တိုက္မိုင္း၊ နင္းမိုင္းေတြ ႀကိဳတင္ေထာင္ထားခဲ့လို႔ မိုင္းကြင္းနဲ႔ စခန္းပတ္လည္မွာ မိုင္းနင္းမိၿပီး စစ္(…) ၁၀ ေယာက္ေလာက္ ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ၿပီး အေလာင္းေတြနဲ႔ ဒဏ္ရာရသူေတြကို သယ္ၿပီး ေနာက္ျပန္ဆုတ္သြားၾကတယ္။

စစ္(…)ေတြဘက္ကလည္း လက္နက္ႀကီး ၁၂ ခ်က္၊ စက္လတ္ေတြ၊ လက္နက္ငယ္ေတြနဲ႔ စခန္းတည္ေနရာကို အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ေပမဲ့လည္း က်ေနာ္တို႔ မဟာမိတ္တပ္ဖြဲ႕ဘက္က ရဲေဘာ္ေတြ အထိအခိုက္ အက်အဆုံး မရွိဘဲ ဆုတ္ခြာႏိုင္ခဲ့တယ္။”

စခန္းကို ယာယီဆုတ္ခြာေပးလိုက္ရၿပီး ဆိုင္ကယ္ ၃ စီး၊ ေရွ႕ထြက္မိုင္း ၂ လုံး၊ လက္လုပ္မိုင္း ၃ လုံးနဲ႔ ဝါယာႀကိဳးတေခြဆုံးခဲ့ၿပီး ကင္းစခန္းတခု မီးရႈိ႕ဖ်က္ဆီးခံခဲ့ရကာ တျခား စခန္းအေဆာက္အဦေတြကိုေတာ့ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ႏွစ္ဖက္တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးတဲ့ အေျခအေနကို ဒီဗြီဘီက သီးျခား အတည္မျပဳႏိုင္ေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္ထားတာ မေတြ႕ရေသးပါဘူး။source-DVB

PDF စခန်းကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် မိုင်းနင်းမိပြီး ၁၀ ဦးခန့်သေဆုံး

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက အထက်မင်းလှ-PDF စခန်းကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးရင်းနဲ့ ဝင်ရောက်စီးနင်းရာ PDF တပ်ဖွဲ့ဝင်တွေ ကြိုထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှ-PDF က ပြောပါတယ်။

အထက်မင်းလှ-PDF၊ မကွေးတောင်ပိုင်း-PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်း တခုကို စက်တင်ဘာ ၁ ရက် မနက် ၄ နာရီကျော်လောက်မှာ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃၊ ခလရ ၈၃ နဲ့ အမှတ် ၉၄၉ ထောက်ပို့တပ်တွေက အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြတာလို့ အထက်မင်းလှ-PDF တာဝန်ခံ ဗိုလ်ရန်ကြီးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်က အချိန်နာရီဝက်လောက်အတွင်းမှာပဲ စစ်(…)တွေလာတဲ့ လမ်းကြောင်းကို တိုက်မိုင်း၊ နင်းမိုင်းတွေ ကြိုတင်ထောင်ထားခဲ့လို့ မိုင်းကွင်းနဲ့ စခန်းပတ်လည်မှာ မိုင်းနင်းမိပြီး စစ်(…) ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ပြီး နောက်ပြန်ဆုတ်သွားကြတယ်။

စစ်(…)တွေဘက်ကလည်း လက်နက်ကြီး ၁၂ ချက်၊ စက်လတ်တွေ၊ လက်နက်ငယ်တွေနဲ့ စခန်းတည်နေရာကို အချက်ပေါင်းများစွာ ပစ်ခတ်ပေမဲ့လည်း ကျနော်တို့ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

စခန်းကို ယာယီဆုတ်ခွာပေးလိုက်ရပြီး ဆိုင်ကယ် ၃ စီး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃ လုံးနဲ့ ဝါယာကြိုးတခွေဆုံးခဲ့ပြီး ကင်းစခန်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရကာ တခြား စခန်းအဆောက်အဦတွေကိုတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။source-DVB