Local News




စက်တင်ဘာ ၂ ၊ ၂၀၂၂ ။







အယ်ဘတို့စစ်တပ် အလှူကြီးပေးနေပြီ

ကေအဲန်ယူတပ်မဟာ၅နယ်မြေရှိစစ်ကောင်စီစခန်းကို သိမ်းပိုက်

စက်တင်ဘာ ၂ ၊ ၂၀၂၂ ။

ကော်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်

ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းရှိစစ်ကောင်စီစခန်းတစ်ခုကို KNLAက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

တပ်မဟာ(၅) နယ်မြေ၌ကျုးကျော်စခန်းချသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း (ဖေါလု)စခန်းအား KNLA တပ်မဟာ(၅)မှတက်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNLAနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါစခန်းအား KNLAတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးလက်နက်ခဲယမ်းများကိုလည်း သိမ်းဆီးရမိခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုအခြေအနေများကို ကေအဲန်ယူတပ်မဟာ၅ တာဝန်ရှိသူများထံဆက်သွယ်မေးမြန်းရာအဆက်အသွယ်မရရှိသေးပေ။

ထို့ပြင်တိုက်ပွဲနှင့်ပတ်သက်၍လည်း ကေအဲန်ယူမှယနေ့ နေ့လည် ၁၂နာရီခွဲကျော်အချိန်ထိ သတင်းထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးပေ။