Local News

စစ္ေကာင္စီတပ္က အစာဝဝလင္လင္ မေကြၽးသျဖင့္ ခမရ ၅၉၃ မွ တပ္သား ၁ ဦး

အၾကမ္းဖက္စစ္ေကာင္စီတပ္က အစာဝဝလင္လင္ မေကြၽးသျဖင့္ ခမရ ၅၉၃ မွ တပ္သား ၁ ဦး လက္နက္ခဲယမ္းႏွင့္တကြ KNU တပ္မဟာ ၅ ထံ အလင္းဝင္၊ KNU က သိန္း ၂၀ ခ်ီးျမႇင့္

ရန္ကုန္၊ စက္တင္ဘာ ၂

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ သို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ခမရ ၅၉၃ တပ္ရင္းမွ တပ္သား သန႔္ဇင္ေအာင္သည္ လက္နက္ခဲယမ္းႏွင့္တကြ အလင္းဝင္လာေၾကာင္း KNU မူေၾတာ္သတင္းစဥ္က ထုတ္ျပန္သည္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ သန႔္ဇင္ေအာင္သည္ MA3 ေသနတ္ ၁ လက္၊ က်ည္ ၁၇၀ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံးႏွင့္အတူ အလင္းဝင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“အၾကမ္းဖက္စစ္ေကာင္စီမွာ အမႈထမ္းေဆာင္ေနတဲ့အခ်ိန္မွာ အထက္အရာရွိမ်ားက လက္ေအာက္ငယ္သားမ်ားအေပၚ မတရား ဖိႏွိပ္ခ်ဳပ္ခ်ယ္တယ္။ ခြဲျခားဆက္ဆံတယ္။

ေရွ႕တန္းထြက္တဲ့အခ်ိန္မွာ အစားအစာဝဝလင္လင္ မစားရဘူး။ အထက္အရွိမ်ားမ်ားက စားခ်င္တာစားလို႔ရတယ္။ ကြၽန္ေတာ္တို႔ကေတာ့ တစ္ရက္ထမင္း စားတယ္၊ ေနာက္တစ္ရက္မွာ ဆန္ျပဳတ္ စားရတယ္။

ကြၽန္ေတာ္မခံႏိုင္ေတာ့လို႔ ထြက္ေျပးဖို႔ဆုံးျဖတ္ခဲ့ တယ္၊ တပ္မဟာ (၅) ေရာက္ေတာ့ အရာရာရွိေရာ၊ ရဲေဘာ္ေတြေရာ ကြၽန္ေတာ့္ကို ညီအစ္ကို ေမာင္ႏွမလိုပဲ ဆက္ဆံတယ္၊ မခြဲျခားဘူး၊ အဝတ္အစားေတြ ဝယ္ေပးတယ္၊ ထမင္းလည္း အဝစားရတယ္၊ ကြၽန္ေတာ္ ဝမ္းလည္းသာတယ္၊ ေက်နပ္တယ္၊ ေပ်ာ္တယ္။” ဟု သန႔္ဇင္ေအာင္က ေျပာဆိုေၾကာင္း မူေၾတာ္သတင္းစဥ္က ေဖာ္ျပသည္။

တပ္သား သန႔္ဇင္ေအာင္ကို KNU တပ္မဟာ ၅ က ဂုဏ္ျပဳေငြ သိန္း ၂၀ က်ပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရွိရသည္။

“က်ေနာ့္ရဲ႕ ေရွ႕ဆက္ရည္မွန္းခ်က္က တပ္မဟာ (၅) ကေနၿပီး ထိုင္းႏိုင္ငံဖက္ကို အလုပ္သြားရွာမယ္၊ ကြၽန္ေတာ္အလုပ္ရၿပီး ေငြစုၿပီးေတာ့ ကြၽန္ေတာ့္အေမကိုျပန္ေထာက္ပံ့မယ္” ဟု တပ္သား သန႔္ဇင္ေအာင္က ေျပာဆိုေၾကာင္း မူေၾတာ္သတင္းစဥ္က ယေန႔ ထုတ္ျပန္သည္။

ဓါတ္ပုံ – KNU တပ္မဟာ ၅ ထံ လက္နက္ခဲယမ္းႏွင့္တကြ အလင္းဝင္လာသည့္ ခမရ ၅၉၃ မွ တပ္သား သန႔္ဇင္ေအာင္

အကြမ်းဖက်စစ်ကောင်စီတပ်က အစာဝဝလင်လင် မကျွေးသဖြင့် ခမရ ၅၉၃ မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်တကွ KNU တပ်မဟာ ၅ ထံ အလင်းဝင်၊ KNU က သိန်း ၂၀ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၉၃ တပ်ရင်းမှ တပ်သား သန့်ဇင်အောင်သည် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ သန့်ဇင်အောင်သည် MA3 သေနတ် ၁ လက်၊ ကျည် ၁၇၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီမှာ အမှုထမ်းဆောင်နေတဲ့အချိန်မှာ အထက်အရာရှိများက လက်အောက်ငယ်သားများအပေါ် မတရား ဖိနှိပ်ချုပ်ချယ်တယ်။ ခွဲခြားဆက်ဆံတယ်။

ရှေ့တန်းထွက်တဲ့အချိန်မှာ အစားအစာဝဝလင်လင် မစားရဘူး။ အထက်အရှိများများက စားချင်တာစားလို့ရတယ်။ ကျွန်တော်တို့ကတော့ တစ်ရက်ထမင်း စားတယ်၊ နောက်တစ်ရက်မှာ ဆန်ပြုတ် စားရတယ်။

ကျွန်တော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ တယ်၊ တပ်မဟာ (၅) ရောက်တော့ အရာရာရှိရော၊ ရဲဘော်တွေရော ကျွန်တော့်ကို ညီအစ်ကို မောင်နှမလိုပဲ ဆက်ဆံတယ်၊ မခွဲခြားဘူး၊ အဝတ်အစားတွေ ဝယ်ပေးတယ်၊ ထမင်းလည်း အဝစားရတယ်၊ ကျွန်တော် ဝမ်းလည်းသာတယ်၊ ကျေနပ်တယ်၊ ပျော်တယ်။” ဟု သန့်ဇင်အောင်က ပြောဆိုကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

တပ်သား သန့်ဇင်အောင်ကို KNU တပ်မဟာ ၅ က ဂုဏ်ပြုငွေ သိန်း ၂၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

“ကျနော့်ရဲ့ ရှေ့ဆက်ရည်မှန်းချက်က တပ်မဟာ (၅) ကနေပြီး ထိုင်းနိုင်ငံဖက်ကို အလုပ်သွားရှာမယ်၊ ကျွန်တော်အလုပ်ရပြီး ငွေစုပြီးတော့ ကျွန်တော့်အမေကိုပြန်ထောက်ပံ့မယ်” ဟု တပ်သား သန့်ဇင်အောင်က ပြောဆိုကြောင်း မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်သည်။

ဓါတ်ပုံ – KNU တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာသည့် ခမရ ၅၉၃ မှ တပ်သား သန့်ဇင်အောင်